Skip to main content

ဆစ္ခ္ဘာသာ

ဆစ္ခ္ဘာသာ
-----
ဆစ်ခ်ဘာသာကို စတင်တည်ထောင်ခဲ့သူကတော့ ဂုရုနာနတ် ဆိုသူပဲ ဖြစ်ပါတယ် ။ ဟိန္ဒူဘာသာကနေခွဲထွက်ပြီး တည်ထောင်လိုက်တဲ့ ဘာသာတစ်ရပ်ဖြစ်တယ် ။ ဒါပေမယ့် ထာဝရ ဘုရားကိုတော့ လက်ခံထားကြကာ ဆစ်ခ်ဘာသာရဲ့ ထာဝရဘုရားကို အကာလှပုရိသ လို့ ခေါ်ပါတယ် ။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ သက်မဲ့တွေအားလုံးဟာ ဘုရားသခင်က ဖန်ဆင်းထားသလို ဘုရားသခင်သာ ပိုင်တယ်လို့ ဆိုတယ် ။ ဒါကြောင့် အခြားသော မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခြင်းမရှိပဲ လူတွေ သတ္တဝါတွေ အလုံးဟာ မိမိကိုယ် မိမိကပင်လဲ မပိုင်ဘူးလို့ ဆိုပါတယ်ခင်ဗျာ ။

ဟိန္ဒူဘာသာရဲ့ ထာဝရဘုရားများကိုလဲ ဆစ်ခ်တို့က လက်ခံထားခြင်း မရှိကြပါဘူး ။ ဆစ်ခ်တွေဟာ သူတို့ရဲ့ ဂုရုတွေကိုသာ လက်ခံယုံကြည်ကြပါတယ် ။ ဂုရုများမှာ ဂုရုနာနတ်ကနေစပြီး ဂုရုဂိုဗင်ဆဒင် အထိ တစ်ကျိပ်ရှိတယ်လို့ ဆိုပါတယ် ။ ဂုရုများက လူ့ပြည်မှာ ထာဝရဘုရားများရဲ့ ကိုယ်စားလှယ်များဖြစ်တယ်လို့ ယုံကြည်ကြတယ် ။ လူသားများဟာ ကိုယ်ရော စိတ်ပါ သန်မာထွားကြိုင်းမှု ရှိစေဖို့တွေဟာ အကျင့်စာရိတ္တ ကောင်းဖို့ရန် လိုအပ်ကြောင်းဖြစ်တယ်လို့ ဂုရုများက ဟောကြားကြပါတယ် ။

ဂုရုတွေဟာ လူ့လောကမှာ နေထိုင်ပြီး ထာဝရဘုရားနဲ့ လူသား တွေ့ဆုံရေးအတွက် ဆောင်ရွက်သူများ ဖြစ်တယ် ။ မကောင်းတဲ့ - ကောက်စိတ်တွေ ပျောက်ကင်းဖို့ အတ္တစိတ်တွေ ပျောက်ကင်းဖို့ကို ဟောပြောကြသောကြောင့် သူတော်ကောင်းနဲ့ စစ်သူကြီးစိတ်ဓါတ်တွေ ပြည့်ဝလာဖို့ ရည်သန်လျက်ရှိကြပါတယ် ။

ဆစ်ခ်တို့ရဲ့ ထာဝရဘုရားဖြစ်တဲ့ ((( အာကာလ ပုရိသ ))) ဟာ အခြားထာဝရဘုရားများလို အတုမရှိသော တန်ခိုးအာဏာများနဲ့ ပြည့်စုံတော်မူကြောင်း ယုံကြည်ကြပါတယ် ။ ကမ္ဘာလောကနဲ့တကွ အရာဝတ္ထုအားလုံးကို ဖန်ဆင်းပြီး ထိန်းသိမ်းစောင့်ရှောက်တာတွေကို လုပ်ဆောင်ပေးပါတယ် ။ အမှန်တရားကို လိုက်နာခြင်းဟာ အမြင့်မြတ်ဆုံးသော အလုပ်ဖြစ်ပြီး အမှန်တရားကို ထာဝရဘုရားအဖြင့် ယုံကြည်ကိုးကွယ်လျက်ရှိကြပါတယ်လို့ ဒီလို လေ့လာမှတ်သားရပါတယ်ခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...