ပြေးလမ်းပေါ်က လှည်း
------
လှည်းတစ်စီးသည် ဖျောက်ဖြူးသော မြေပြင်အထက်၌လည်းကောင်း ကြမ်းတမ်းသော လမ်းခရီး၌လည်းကောင်း ဖုံတစ်ထောင်းထောင်းနှင့် ထလျက် အားကုန် ခုန်မောင်း၍ လာလေသည် ။ ထို့အထက်၌ အကန့်နှစ်ကန့်ရှိသည်မှာ ထို လှည်း၏ ထူးခြားချက်ပင် ဖြစ်ပါမည်ဟု ဆိုရမည်ဖြစ်၏် ။ အဘယ်ကြောင့်ဆိုသော် ရှေ့အကန့်၌ လူတစ်ယောက် အနောက်အကန့်၌ လူတစ်ယောက်ထိုင်နေခြင်းပင် ဖြစ်လေသည် ။ ရှေ့လူသည် ကြမ်းတမ်းသော လမ်းခရီးကိုသာမြင်နိုင်၍ နောက်လူသည်တော့ ကြမ်းတမ်းသောခရီးအပြင် ရှေ့လူကိုပါမြင်နေရလေ၏ ။ ထိုအခါ ရှေ့၌ ရှိသောသူကို နောက်လူက ဤသို့ဆင်ခြင်ကာ ခွဲခြားနေလေ၏ ။ လက်သည်လူလော ဦးခေါင်းသည်လူလော ခြေဖဝါး ဆံပင် အူ အသဲ အစရှိသလိုပင် ခွဲခြားစီစစ်နေသော်လဲ လူကိုမတွေ့ ။ ဒါဆို ဦးခေါင်းသည် ဦးခေါင်းလောဟု ဆင်ခြင်ပြန်၏ ။ ထိုအခါ သွေးကြောသည် ဦးခေါင်းလော ။ သွေးသည် ဦးခေါင်းလော ဦးနှောက်သည် ဦးခေါင်းလော ကလာပ်ဆဲတို့သည် ဦးခေါင်းလော ။ အစရှိသလို ဆင်ခြင်ကာ ရှိနေသေးသော်လည်း လှည်းသည် ရပ်နားခြင်းမရှိသွားမြဲသွားကာ ကြမ်းတမ်းသော ခရီးကိုပင် ကြမ်းတမ်းခုန်ပေါက်စွာ သွားနေမြဲဖြစ်သည် ။ နောက်လူက ထက်၍ ဆင်ခြင်ပြန်၏ ။ရှေ့ကလူသည် ဦးခေါင်းလဲမရှိ လူလဲမရှိပေဖြစ်သောကြောင့် ကလာပ်ဆဲများသည်လောဟု ထပ်မြှင့်ဆင်ခြင်လျက်ရှိရာ ကလပ်ဆဲလ်၏ ကိုယ်ထည်သည် ဆဲလ်များလော ရှေ့ပိုင်းသည် ဆဲလ်များလော နောက်ပိုင်းသည် ဆဲလ်များလော အလယ်သည် ဆဲလ်များလော ကိုယ်ထည်မှ ပြောင်းလဲနေသော အရာသည် ဆဲများလော အဖြူရောင်သည် ဆဲလ်များလော အနက်ရောင်သည် ဆဲလ်များလော အနီးရောင်သည် ဆဲလ်များလော ။ အစရှိသလို ဆင်ခြင်သော်လဲ ဆဲလ်များကို မတွေ့ရပေ ။ ထိုနည်းအတူ ရှေ့လူကို ဦးခေါင်းမှထိတိုင် ခြေအဆုံးဆင်ခြင်နေလေ၏ ။ လူကိုလဲမတွေ့ / ဦးခေါင်းလဲမတွေ့ အစရှိသလို ဘာမှမတွေ့ရပါသောကြောင့် ထပ်မံ၍ တိုးမြှင့်ကာ ရပ်တည်မှုကို ဆင်ခြင်ပြန်၏ ။ လူသည် မရှိဟုဆိုသော် ကိုင်လျှင် အဘယ်ကြောင့် ထိမိသနည်းဟု အကြံသည် ဖြစ်၏ ။ နောက်လူက ထိုအရာကို ရှာသော် ထိမိခြင်းဟာ ထိမိနိုင်သောအရာရှိလိုပင်ဟုသဘောကျ၏ ။ မာခြင်းရှိသည် ပျော့ခြင်းရှိသည် ထောက်တည်ခြင်းသည်ရှိသည် ။ ရင့်ရော်နေခြင်းသည် ရှိသည် ။ ကလာပ်လေးများ တစ်ကလာပ် တစ်ကလာပ်ကို စုစည်းထားခြင်းသည် ရှိသည်ဟု သဘောကျလျက် ထိုအရာသည်လဲ အမှန်တည်သလောဟု အကြံသည် ဖြစ်ပေါ်ပြန်လေ၏ ။ မာခြင်းပျော့ခြင်းသည် စုစည်းခြင်း ထောက်တည်ခြင်း ရင့်ယော်ကြမ်းတမ်းခြင်းကြောင့်သိရခြင်းလော / ထောက်တည်ခြင်းသည် မာခြင်းပျော့ခြင်း စုစည်းခြင်း ရင့်ယော်ခြင်းကြောင့်လော / ရင့်ယော်ခြင်းသည် မာခြင်းပျော့ခြင်းကြောင့်လော စုစည်းခြင်းကြောင့်လော ထောက်တည်ခြင်းကြောင့်လော / အပြန်ပြန် အလှန်လှန် သုံးသပ်ခြင်ဆင်ကြည့်လေရာ တစ်ကလာပ်စီ တစ်ကလာပ်စီ ခွဲထုတ်၍ မစွမ်းသည်ကို မြင်၏ ။ ခွဲထုတ်၍ မစွမ်းလျှင်မူ အစဉ် တည်၍ တစ်ခုတည်းဖြစ်သလောဟု အကြံသည် ဖြစ်၏ ။ မာခြင်းကို စမ်းမိသောအခါ စုစည်းခြင်း ထောက်တည်ခြင်း ရင့်ယော်ခြင်း သည်လဲ ပါကြောင်းတွေ့ရ၏ ။ ထိုအခါ ဤသို့အကြံသည် နောက်လူက ဖြစ်ပြန်၏ ။ သြော် အကြောင်းထောက်လို့ ပေပဲကိုးးးးးဟု အကြံဖြစ်လိုက်သည့် တစ်ခဏ၌ လှည်းအပေါ်ကို ကြည့်မိလေတော့၏ ။ လှည်းသည် ရပ်နားခြင်းမရှိရကား လျှင်မြန်သောအဟုန်ဖြစ်သွားနေသည်ကို တွေ့လေသည် ။ လှည်းအထက်မှ နေသောသူသည်လဲ အဘယ်မှာ ရပ်တည်နေမည်လဲဟု အကြံသည် ဖြစ်ရကား ထောက်သောအကြောင်းသည် လှည်း၏ အဟုန်နှင့်အတူ အစဉ်ပြောင်းနေရသောကြောင့် ပြောင်းလွှဲခြင်းမှတစ်ပါး ဖြစ်ပျက်ခြင်းမှတစ်ပါး အကြောင်းများစွာ ထောက်ပံ့လို့မှတစ်ပါး ထာဝရတည်ခြင်းမရှိသော အကျိုး အကြောင်း / အကြောင်း အကျိုးပေတည်းဟု သဘောကျမိလေရာ ထိုခဏ၌ ရှေ့လူသည် ရုတ်ခြင်း ပျောက်ဆုံးသွားလေသည် ။ သို့သော် နောက်လူသည် ရှေ့လူပျောက်ဆုံးခြင်းကို လုံးလုံးပင်မအံ့သြရကား ပျောက်ဆုံးသော ရှေ့လူကို ဖေါ်ကြည့်လေသော် ပြန်၍ ပေါ်လာပြန်၏ ။ လှည်း အထက်၌ ရှေ့ကတိုင်းပင် ရှိနေပြန်၏ ။ သို့သော် နောက်လူသည် ရှေ့လူကို အလိုရှိတဲ့အချိန်တိုင်း ရှေ့နည်းတူ ဖျောက်၍သော်လည်းကောင်း ဖေါ်၍သော်လည်းကောင်း အမျိုးမျိုး ဆင်ခြင်ကာနေလျက် လှည်းအထပ်မှပင် လိုက်ပါနေရမြဲဖြစ်သည် ။ ထိုအခါ ထိုသူနှစ်ဦး၏ လှည်းဘေးမှ အခြားလှည်းတစ်စီးသည် ချည်းကပ်လာလေသည် ။ ချဉ်းကပ်လာသော လှည်းအပေါ်မှ လူနှစ်ဦးက လှန်း၍ မေးလေခြင်းသည် " ရှေ့လူရှိသလော / မရှိသလော / ရှိလဲ ရှိတယ် / မရှိလဲ မရှိသလော / ရှိခြင်းကို ယူရသလော / မရှိခြင်းကို ယူရသလော / ရှိလဲရှိတယ် မရှိလဲ မရှိသလောဟု မေးမြန်းခဲ့လေသော် ထိုနောက်လူသည် မည်သို့မှမဆိုတော့ပဲ ဆိတ်ဆိတ်သာ နေလေတော့၏ ။ ထိုအခါ အခဲမကြေနိုင်လှ၍ ချဉ်းကပ်လာသော လှည်းက အထပ်ထပ်မေးလေရကား ထိုနောက်လူသည် " သြော် …… အကြောင်းရှိရင် အကျိုး ဖြစ်နေမှာပါလေ " ဟု ပြန်လည်ဖြေကြားလိုက်လေတော့၏ ။ သိုသော် ချဉ်းကပ်သူတို့မှာ နားလည်သည့် လှည်းလဲ ရှိ၏ ။ နားမလည်သည့်လှည်းလဲ ရှိ၏ ။ နားလည်သည့်လှည်းသည်တော့ ထိုနောက်လူလိုပင် ဆင်ခြင်ရှုမြင်ခဲ့သောကြောင့်တာဖြစ်သည်မှာ ယုံမှားသံသယရှိဖို့ရန် မသင့်တော့ပေတည်း ။
ရှေ့လူသည် ရုပ်ဖြစ်၏ / နောက်လူသည် နာမ်ဖြစ်၏ / လှည်းသည် သင်္ခါရဖြစ်၏ ။
ဤအရာမှာမူ ရုပ်တစ်ခုကိုသာ ရှေ့ဦးခွဲ၍ ဆင်ခြင်သည် ။
#htoohtoolay

Comments
Post a Comment