Skip to main content

နိဗ္ဗာန် သို့ ချည်းကပ်ခြင်း !

နိဗ္ဗာန် သို့ ချည်းကပ်ခြင်း !
----
ဗုဒ္ဓအအလိုတော်အားဖြင့် ဒုက္ခ၏ အဆုံးဟု ဆိုလိုသော နိဗ္ဗာန်သည် ဒဏ္ဍာရီဆန်သော ( ဝါ ) ထင်ရှားမရှိသော အရာ မဟုတ်ပေ ။ ထိုနိဗ္ဗာန်သည် ကောင်းကင် ( ဝါ ) နတ်ဘုံနတ်နန်း ( ဝါ ) ဖန်ဆင်းရှင်၏ မဟာဝိညာဉ်တော်ကဲ့သို့ မဟုတ်ပေ ။ နိဗ္ဗာန်သည် ပဋိသန္ဓေ နေရမှုများနှင့် ထိုပဋိသန္ဓေ၏ အကြောင်းတရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုသည် ။

ပဋိစ္စသမုပ္ပါဒ်တရားတော်ထဲ၌ အဆုံးမရှိသည့် ပဋိသန္ဓေများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများ တွေ့ရှိရပေမည် ။ ထို့ပြင် ထိုအကြောင်းတရားများ ချုပ်ငြိမ်းသွားခြင်းသည် အဆုံးမရှိသော ပဋိသန္ဓေနေမှုများနှင့် ယင်းတို့နှင့်အတူ ဖြစ်ဖက်တရားများ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို မည်ကဲ့သို့ ကျေးဇူးပြု ( အကျိုးတက်ရောက်စေ ) ကြောင်းကို စာရှုသူတို့တွေ့ရှိရပေမည် ။ ဤအကြောင်းတရားများ ပဋိသန္ဓေနေမှုများနှင့် ယင်းတို့၏ အတူဖြစ်ဖက်တရားများ ချုပ်ငြိမ်းသွားခြင်းသည် နိဗ္ဗာန်ပင် ဖြစ်သည် ။

နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းတရားလမ်းကို တွေ့ရှိကြသော ဘုရားရှင်တို့သည် မကြာခဏ ပွင့်ပေါ်တော်မူကြသည်မဟုတ် ။ ဘုရားရှင်များ ပွင့်ပေါ်တော်မူသောအခါမှာပင် ဘုရားရှင်တို့သည် လွန်စွာနည်းပါးပြီး တစ်ဆူနှင့် တစ်ဆူအကြား အလွန်ကွာဝေးလှ၏ ။ သစ္စာတရားကို မသိမှု အဝိဇ္ဇာသည် အလွန်ပင် ထုထည်ကြီးမားအားကောင်းလှသောကြောင့် သတ္တဝါ အနည်းငယ်မျှသာ ဘုရားရှင်တို့၏ နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်းလမ်းဆိုင်ရာ တရားတော်ကို လက်ခံနိုင်ကြပေသည် ။ မရေမတွက်နိုင်သည့် စကြာဝဠာအားလုံး၌ မဲဆန္ဒများကို ယူရလျှင် ဘုရားရှင်တို့၏ နိဗ္ဗာန်ရောက်ကြောင်းလမ်းဆိုင်ရာ တရားတော်ကို ထောက်ခံသူတို့သည် တစ်စုံတစ်ယောက်၏ လက်ဝါးပေါ်ရှိ မြူမှုန် အနည်းငယ်နှင့် တူပေလိမ့်မည် ။ ယင်းတို့ကို ဆန့်ကျင်သည့် ပုဂ္ဂိုလ်တို့ကား စကြာဝဠာအားလုံးရှိ မြူမှုန်များနှင့် တူပေလိမ့်မည် ။

ပိုမို အသက်ရှည်ရန် အသက်ရှင်နေထိုင်ရန် ပျော်ရွှင်စွာ ခံစား စံစားနိုင်ရန် လိုချင်တောင်းတမှုသည် အလွန်ပင် အားကောင်းလှသောကြောင့် ထာဝရ ကောင်းကင်ဘုံ ထာဝရဘဝနှင့် ထာဝရ ချမ်းသာဟူသော အယူအဆသည် အလွန်အမင် များပြားလှသည့် သတ္တဝါအများစုကို အကြိုက်တွေ့စေသည် ။ ဤသတ္တဝါအများစုကြီးအဖို့ ( ဒုက္ခ၏ ချုပ်ငြိမ်းမှု ပဋိသန္ဓေနေမှုနှင့် ယင်း၏ အကြောင်းတရားများ ချုပ်ငြိမ်းမှု ) ဟူသော နိဗ္ဗာန်ကိုမူကား ထာဝရ အမိုက်မှောင်ကြီးသို့ အဆုံးစီရင်မှုဟူသော ထာဝရ သေသွားမှု အဖြစ်ဖြင့် ယူဆလေသည် ။

ထိုအယူအဆနှင့် ဆန့်ကျင်လျက် ဘုရားရှင် ဟောကြားထားချက်များ ရှိနေငှားလည်း ဗုဒ္ဓဘာသာဝင် အချို့ထဲမှာပင် နိဗ္ဗာန်ကို ထာဝရဘဝ ထာဝရချမ်းသာတည်ရာ ထာဝရကောင်းကင်ဘုံ ဟု ဟောကြားရေးသားလိုသည့် သဘောထားများ ရှိကြသေးသည် ။ ဘုရားရှင်သည် ဓမ္မစက္ကပဝတ္တနသုတ် ( ဓမ္မစကြာ ) မည်သော ကိုယ်တော်၏ ပထမဆုံး သုတ်တရားတော်ထဲ၌ အတိအကျဆုံးသော ဧကဝုစ်စကားတို့ဖြင့် မိမိ၏ ပဋိသန္ဓေသည် ကုန်ဆုံးလေပြီ ။ စုနေပြီးနောက် မိမိအတွက် နောက်ထပ်ဘဝ ရှိတော့မည်မဟုတ်ဟု ကြေငြာမိန့်ကြားပြီးဖြစ်၏ ။ ထိုအချက်သည် အထင်အရှားရှိနေပါလျက် စုတေပြီး ဘုရားရှင် ရဟန္တာများ အားလုံးသည် ထာဝရဘဝ ထာဝရချမ်းသာကို ခံစားလျက် နိဗ္ဗာန်၌ ယခုရှိနေကြ၏ ဟု အယူအဆများကို ဖြန့်ချီနေကြသည့် ဗုဒ္ဓဘာသာဝင်အချို့ ရှိနေကြသေးသည်ကို တွေ့မြင်ရသည်မှာ လွန်စွာ အံသြဖွယ်ရာပင် ဖြစ်လေတော့၏ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...