Skip to main content

ဘဝကူးတယ္ဆိုတာ !

ဘဝကူးတယ္ဆိုတာ !
-----
ကုသိုလ်ကံ အကုသိုလ်ကံတွေဖြစ်တော့ ဒီကံကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်ရတယ် ။ ဖြစ်ပုံကတော့ သေခါနီးကာလမှာ မိမိကိုယ်တိုင်ပြုထားတဲ့ အမှုက လေးရင် ပေါ်လာတယ် ။ အဲ့ဒီ့အမှုပြုလုပ်တုန်းက တွေ့ခဲ့ရတဲ့ အခြေအနေတွေ / ပေါ်လာတယ် ။ အဲ့ဒီ့ကံကြောင့် ဖြစ်ရမည့် ဘဝက အခြေအနေတွေလဲ ပေါ်လာတယ် ။ အဲ့ဒီ့ သုံးမျိုးထဲက တစ်မျိုးမျိုး ထင်ပေါ်နေတုန်းမှာ ဘဝဟောင်းက စိတ်အစဉ် ပျက်စဲသွားတယ် ။ အဲ့ဒီ့လို ဘဝဟောင်းကစိတ်အစဉ် ပျက်စဲသွားခြင်း / ပြတ်ခြင်း ပြီးတော့ သေလိုက်တာနဲ့ တစ်ပြိုင်နက် သေခါနီးက ထင်ပေါ်ခဲ့တဲ့ အာရုံကို စွဲပြီး ဘဝသစ်မှာ စိတ်အသစ် ဖြစ်ပေါ်လာတယ် ။ အဲ့ဒီ့ စိတ်အသစ်ကဆက်ပြီး အဲ့ဒီ့ တစ်ဘဝလုံးစိတ်အစဉ်မပျက် ဖြစ်သွားပြန်တယ် ။ အဲ့ဒါဟာ သင်္ခါရ ပစ္စယာ ဝိညာဏံ / သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံပါပဲ ။ အဲ့ဒီ့ ဝိညာဏ်ဟာ အာရုံအကြောင်း အထူးမရှိရင် သေခါနီးက စွဲ့ခဲ့တဲ့ အာရုံပြုပြီး ထပ်ကာ ထပ်ကာ မပြတ်ဖြစ်နေတယ် ။ အဲ့ဒါကို " ဘဝင်္ဂ - ဘဝင်စိတ် " လို့ ခေါ်ပါတယ် ။ ဘဝင်ဆိုတာ ဘဝ၏ အစိတ်အပိုင်းလို့ ဆိုလိုပါတယ် ။ အဲ့ဒီ့ ဘဝင်စိတ် အရှိန်အဟုန်မကုန်သေးလို့ ထပ်ကာ ထပ်ကာ ဖြစ်နေသမျှ ကာလပတ်လုံး အဲ့ဒီ့ဘဝမှာ အသက်ရှင်နေတယ်လို့ ဆိုရတယ် ။

အာရုံထူး ပေါ်လာတဲ့အခါအမှာတော့ အဲ့ဒီ့ဘဝင်စိတ်က နိုးလာသလိုပဲ မြင်သိစိတ် ကြားသိစိတ် စတာတွေ ဖြစ်ပေါ်လာတယ် ။ အဲ့ဒီလိုပုံကို " စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ " စသည်ဖြင့် ဟောထားပါတယ် ။ စက္ခုဉ္စ ပဋိစ္စ ရူပေစ / မျက်စိနဲ့ အဆင်းကို စွဲမှီ၍ မြင်သိမှု ဖြစ်ပေါ်၏ ။ မျက်စိထဲမှာ အဆင်းအာရုံထင်ပေါ်လာတဲ့အခါ မြင်သိမှုလေးဖြစ်သွားတယ် ။ အဲ့ဒါဟာ စက္ခုဝိညာဏ်ခေါ်တဲ့ မြင်သိစိတ်ပါပဲ ။ သူလဲ သင်္ခါရကြောင့် ဖြစ်တဲ့ စိတ် ဝိညာဏပါပဲ ။ သင်္ခါရကြောင့် စိတ် ဝိညာဏ်ဖြစ်တယ်ဆိုတာဟာ ပဋိသန္ဓေက စပြီး စုတိတိုင်အောင် တစ်ဘဝလုံးက စိတ် ဝိညာဏတွေ အကုန်လုံးကို ဆိုလိုပါတယ် ။ ဒါကြောင့် မြင်သိတဲ့ စက္ခုဝိညာဏ်စိတ်ဟာ အဲ့ဒီ့ တစ်ဘဝလုံးက စိတ်တွေထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ပါဝင်နေပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...