ယုံကြည်မှု ရှိပါ
----
နတ်တို့ရဲ့ ကူညီမှုနဲ့ ပတ်သတ်ပြီး မကြာခဏ ကြားဖူးကြပြီးဖြစ်ပါတယ် ။ အခုအခါမှာတော့ TV ဖန်သားပြင်မှာကိုပဲ ( ယိုးဒယား ကဏ္ဍ - mwd ) မှာ ဟိုက ကူညီတယ် ဒီက ပေးကမ်းတယ် ဟိုက စောင့်ရှောက်တယ် အစရှိသလို ပြောဆိုနေတာလဲ မြင်မိမှာဖြစ်တယ် ။ အဲ့ဒါနဲ့ ပတ်သက်လို့တော့ ဥပမာတစ်ခုကို ဆိုရမယ်ဆိုရင် မိသားစုတစ်ခုက ပုဂ္ဂိုလ်တစ်ချို့ဟာ ခရီးမသွားခင်ဖြစ်စေ ညအိပ့် ညနေ အဝေးခရီးသွားရတဲ့အခါမှာဖြစ်စေ လမ်းခရီးကိုစောင့်ရှောက်ဖို့အတွက် နတ်တွေကို ပူဇော်ပသကြပါတယ် ။ သို့သော် သူတို့လမ်းမှာ ကားမှောက်ပါပြီရဲ့ ကားမှာ ကြွေမွသွားပါသော်လဲ လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရပါဘူးရယ် ။ ဒါဆို အဲ့ဒီ့အခါ နတ်ကောင်း နတ်မြတ်တွေ စောင့်ရှောက်ပါပြီလို့ ဒီလိုဆိုပြန်ပါတယ် ။ တခြား သူတစ်ယောက်က မိမိရိုးရာနတ်ကို ပူဇော်ပသ ထားပါပြီရဲ့ အဲ့ဒီ့လူဟာ ရာထူးစည်းဇိမ်တွေ တိုးပွားသွားတယ်ဆိုရင် ဒါဟာ အင်မတန် နတ်ကို မှီခိုဖို့ အကောင်းဆုံးသော တွေ့ရှိချက်တွေဖြစ်ပါတယ် ။ လစ်လပ်တဲ့ ရာထူးအတွက် လျှောက်ထားတဲ့ သူတစ်ဦးဟာ မိမိရဲ့ ရိုးရာနတ်ကို ပူဇော်ပသပြီးတဲ့နောက် သိန်းထီ ပထမဆုံး ရသွားတယ် ။ ဒါကြောင့် မိမိနတ်က မိမိကို ထီပေါက်အောင် ကူညီတယ်လို့ ဒီလို ယုံကြည်သွားပါတယ် ။ အဲ့ဒီလိုတွေ ကြားဖူးတယ် ။
၁ ။ ထိုသူတို့တွင်တစ်ယောက်မျှ မိမိတို့အား ကူညီသည့် နတ်ကို မမြင်ဖူးချေ ။
၂ ။ နတ်မယုံကြည်သူတို့တောင် မဟုတ်သေး နတ်များအား ကဲ့ရဲ့ပြောဆိုကြသူတို့တောင်မှ အံ့သြဖွယ်ရာ ဘေးလွတ်ကင်းဖူးကြသည် ။ ထီများ ပေါက်ဖူးကြသည် ။ လစ်လပ်သည့် ရာထူးများအတွက် အရွေးခံရဖူးကြသည် ။
၃ ။ ဘေးအန္တရာယ်များမှ လွတ်မြောက်မှု အောင်မြင်မှုအတွက် တစ်နည်းနည်းဖြင့် နတ်တို့အား ဆုတောင်းမှုတို့မှာ အစဉ်အမြဲ မပြည့်ဝကြသောကြောင့် နတ်တို့၏ ကူညီမှုနှင့် ပတ်သတ်သည့် အဖြစ်အပျက်တို့ကို အမှန်ဟု အတည်ပြုရန် အလွန်အမင်း ခဲယဉ်းလှ၏ ။ သို့သော် အချို့နေရာ၌ မှန်ပြီး အချို့နေရာ၌ မှားလေတော့တသည်း ။
ဘာကြောင့် အချို့နေရာက မှန်ပြီး အချို့ နေရာက မှားရတာလဲဆိုရင် တစ်ခါတစ်ရံ လူအချို့ကို ကူညီပေးတဲ့ နတ်တွေဟာ ကြွယ်ဝ ချမ်းသာသူတွေဖြစ်တဲ့အလျှောက် ကူညီခံရသူက ရသင့် ရထိုက်တာကိုပင် ရရှိနိုင်ကြပြီး ရသင့်တာထက် ပိုတာ မရှိတာကို ကြည့်ခြင်းဖြင့် သိနိုင်မှာဖြစ်ပါတယ် ။ မည်သူက ကူညီ ကူညီ မိမိရဲ့ ကံပါသလောက်တာ ရရှိနိုင်မှာဖြစ်တယ် ။ နည်းနည်း ကြိုးစားပြီး များများမြတ်တဲ့ သူတွေနဲ့ များများလုပ်ပြီး နည်းနည်းတာ အောင်မြင်တဲ့သူတွေဟာ အကောင်းဆုံးသော ပြယုဒ်တွေတာ ဖြစ်ပါတော့တယ် ။ ဒါဟာ မိမိသည်သာ မိမိကိုးစားရာဆိုတဲ့ အဆိုနဲ့ ကိုက်ညီလှပါတယ် ။ အရှင်သီဝလိ တို့ အနာထပိဏ်တို့လို သူဌေးကြီးတွေဟာ နတ်တွေကို အကူညီမတောင်းပဲ အလိုလို နတ်တွေက ကူညီကြတာကို ကြည့်ခြင်းဖြင့် နတ်တွေ အကူညီပေးကြတာမှာ မိမိရဲ့ ကုသိုလ်ကံသည်သာ အဓိက ကျမှန်း ထင်သာလှပါတယ် ( ဓမ္မပဒအဋ္ဌကထာ ) ဒါကြောင့်ပါပဲ နတ်တွေကို ကူညီဖို့တောင်းတာဟာ မိမိရဲ့ ကံကို ဖယ်ခွါထားရာရောက်ကြောင်း အနည်ငယ်သောစာကိုဖတ်ပြီး ထင်ရှားသိမြင်နိုင်ကြပါစေခင်ဗျာ ။
( ဦးနု ရေးသားပြုစုသော လမ်း အမည်ရှိသည့်ကျမ်းမှ မှီငြမ်းရေးသားသည် )
#htoohtoolay
myothetzaw23.blogspot.com
Posted via Blogaway
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment