အေလာင္းမင္းတရား၏ ဆန္းျကယ္ျမင့္ျမတ္ေသာ လက္ေဆာင္
-----
၁၇၇၅ ခုႏွစ္၌ အဂၤလိပ္သံမွဴး ေဘကာသည္ ေရႊဘိုျမိဳ႕၌ အေလာင္းမင္းတရားကို ဖူးေျမာ္ျပီးေနာက္ စာခ်ဳပ္ကိစၥကို ေအာက္ျပည္သို႕ စုန္ဆင္းေတာ္ခ်ိန္မွ အျပီးသတ္ျကရန္ သေဘာတူခဲ႕သည္ ။
( ၁၇၅၇ ခုႏွစ္ အေလာင္းမင္းတရားသည္ ဟံသာဝတီကို သိမ္းပိုက္ျပီး ေနျပည္ေတာ္သို႕ ျပန္ရာတြင္ ဟသၤာတ၌ အဂၤလိပ္အရာရွိ လက္စတာ ( Lester ) ႏွင့္ ေတြ႕ဆံုသည္ ။ ေအာက္ပါတို႕မွာ ထိုအရာရွိ၏ မွတ္တမ္းမွ ေကာက္ႏုတ္ခ်က္မ်ားျဖစ္၏ )
ဇူလွိဳင္လ ၂၃ ။ ။
ယေန႕နံနက္ ၇ နာရီတြင္ ဘုရင္၏ ေရွ႕ေတာ္သို႕ ဝင္ခြင့္ရမည္ဟု အင္တိုနီယို ( လက္ေထာက္ ပုသိမ္ဝန္ ) ကေျပာသည္ ။ ကရဝိက္ေဖာင္ေတာ္ေပၚ၌ ဆံုျကမည္ျဖစ္ရာ ျမန္မာထံုးစံအတိုင္း ေရွ႕ေတာ္သို႕ မဝင္မီ ဖိနပ္ခြ်တ္ျခင္း ဓါး ေသနတ္ စေသာ လက္နက္မ်ားကို အျပင္၌ ထားခဲ႕ျခင္းမ်ားကို လိုက္နာရမည္ဆိုေလသည္ ။ ထိုအခ်က္မ်ားကို ကြ်န္ေတာ္သေဘာမက်ေသာ္လဲ ယခင္က သံအရာရွိမ်ား လိုက္နာခဲ႕ျပီးျဖစ္၍ မိမိ၏ ကုမၸဏီကိစၥမ်ား ေျပလည္ေရးကို ေရွးရႈရကာ သေဘာတူလိုက္ပါသည္ ။
ကရဝိတ္ ေဖါင္ေတာ္ေပၚတြင္ ဘုရင့္ေရွ႕ေတာ္သို႕ ေရာက္ရာ ကြ်န္ေတာ္က ေအာက္ျပည္၌ ေအာင္ပြဲဆင္ေတာ္မူခဲ႕သည္မ်ားကို မ်ားစြာ ဝမ္းေျမာက္ ဝမ္းသာ ခ်ီးက်ဴးေျကာင္း တင္ေလ်ွာက္ပါသည္ ။
ရွင္ဘုရင္က ယခင္တစ္ခါ မစၥတာဒိုင္းရား (Mr. Dyer ) ဆိုသူ လက္သို႕ ေက်ာက္သံပတၱျမား စီျခယ္ေသာ ေရႊျပားသဝဏ္လႊာ တစ္ခုကို အဂၤလိပ္ဘုရင္ထံ ဆက္သရန္ ေပးအပ္ခဲ႕ေျကာင္း ထိုေရႊသဝဏ္၌ ျမန္မာမင္း၏ တံဆိပ္လက္မွတ္မ်ား ပါရွိေျကာင္း မိန္႕ဆိုေတာ္မူသည္ ။
သံငယ္အရာရွိ လက္စတာက တင္ေလွ်ာက္ရာတြင္ " ယခု ကိစၥမွာ ဘဂၤလားျမိဳ႕ ရွိ ကုမၸဏီ ဘုရင္ခံခ်ဳပ္ႏွင့္ ကတိစာခ်ဳပ္ ျပဳလုပ္ရန္သာ ျဖစ္ေျကာင္း ။ ယခင္စာမွာ ဘုရင္ႏွစ္ပါး ေရႊလမ္း ေငြလမ္း ေဖါက္သည့္ သဝဏ္လႊာသာျဖစ္ေျကာင္း ။ ယခု အေရးေတာ္ပံုတြင္ အဂၤလိပ့္တို႕သည္ အေလာင္းမင္းတရားျကီး၏ ယခုစာခ်ဳပ္ကိုလဲ ဘုရင္ခြင့္ျပဳခ်က္ အမွတ္အသား ရလိုေျကာင္း " မ်ား ပါရွိ၏ ။
ဘုရင္ ။ ။
ငါတို႕အတြက္ ခဲယမ္း မီးေက်ာက္ လိုအပ္သျဖင့္ မျကာခင္ လမ်ားက မဒရပ္ျမိဳ႕သို႕ ျမန္မာသေဘၤာ ေစလႊတ္ခဲ႕သည္ ။ ထိုသေဘၤာကို မဒရပ္ဘုရင္ခံက ဖမ္းခ်ဳပ္ထားသည္ ဆိုျခင္းမွာ မွန္ပါသလား ။
သံငယ္ ။ ။
မဒရပ္မွာ မည္သို႕ေသာ သတင္းမွ် မရရွိပါ ။ အကယ္၍ ဖမ္းခ်ဳပ္သည္မွန္ခဲ႕ေသာ္ အရွင္မင္းတရားျကီး ႏွင့္ ပတ္သက္ေျကာင္းကို မဒရပ္ဘုရင္ခံက လံုးဝမသိ၍ ျဖစ္ပါမည္ ။
( ထိုအခ်ိန္၌ သံငယ္သည္ အလြန္အေနျကပ္သျဖင့္ အနီးရွိ ထိုင္ခံုနိမ့္ကေလး တစ္ခုကို ဆြဲယူကာ ထိုင္ေလသည္ ။ မွဴးမတ္မ်ားက ရယ္ျကသျဖင့္ မင္းတရားျကီးကေမးရာ ကြ်န္ေတာ္ ေညာင္းဟန္ရေျကာင္း ေလွ်ာက္ျကသည္ ။ ဤတြင္ မင္းတရားျကီးကိုယ္တိုင္ သလြန္မွ ထလာကာ ကြ်န္ေတာ္ ထိုင္ေနပံုကို ျကည့္လ်က္ ဟားတိုက္ ရယ္ေတာ္မူသည္ )
ဘုရင္ ။ ။
ဟား ဟား ဟား . . . အဂၤလိပ္ေတြက ဒူးေထာက္မထိုင္တက္ျကပဲကိုးး ။
သံငယ္ ။ ။
ကြ်န္ေတာ္မ်ား ဓေလ့ထံုးစံတို႕မွာ တစ္မ်ိဳးစီ ျဖစ္၍ အက်င့္မရွိေသာေျကာင့္ ျဖစ္ပါသည္ ။
ဤတြင္ မင္းတရားျကီးက " တံစက္ျမိတ္ေနရာ ျကမ္းျပင္လြတ္တြင္ ျကိုက္သလို ထိုင္ပါ " ဟု ခြင့္ျပဳေတာ္မူသည္ ။
သံငယ္ ။ ။
ကြ်န္ေတာ့္အား ယခုကဲ႕သို႕ အခြင့္အေရး ေပးသနားျခင္းမွာ မျကံဳစဖူး ထူးကဲေသာ ခြင့္ျပဳျခင္းျဖစ္၍ ေက်းဇူးေတာ္ ျကီးလွပါေပသည္ ။
ဘုရင္ ။ ။
ေအးး ပုသိမ္ျမိဳ႕ဝန္ကိုလဲ လိမၼာေရးျခားရွိတဲ႕အတြက္ မျကာခင္ကပဲ " မင္းျကီး ေနာ္ရထာ " ဘြဲ႕ ေပးသနားလိုက္တယ္ ။ ( အနီးရွိ ပုသိမ္ျမိဳ႕ဝန္ကို ညႊန္ျပမိန္႕ဆိုျခင္းျဖစ္သည္ )
အဂၤလိပ့္ရွင္ဘုရင္က ငါတို႕က႕႕ဲသို႕ စစ္ေျမျပင္ကို ထြက္ေတာ္မူျပီး ဒိုင္းလႊား မပါဘဲ စစ္ဆင္ေလ့ရွိလား ။ မင္းတို႕လူမ်ိဳးေတြက စိန္ေျပာင္းလက္နက္မ်ားကို ေကာင္းစြာအသံုးခ်တက္ျကရဲ႕လား ။ အေဝးမွာရွိတဲ႕လူတစ္ေယာက္ကို ေသနတ္နဲ႕မလႊဲတမ္း ခ်ိန္ျပီးပစ္သတ္နိုင္ရဲ႕လား ။ မင္းတို႕တိုင္းျပည္မွာ မိုးမွန္မွန္ရြာရဲ႕လား ။ ငါတို႕ျပည္မွာလို ရာသီဥတု ညီညႊတ္ရဲ႕လား ။ မင္းပခံုးမွာတပ္ဆင္ထားတဲ႕ တန္ဆာပလာေတြက ဘာအဓိပၸါယ္ရွိလဲ ။ ကုမၸဏီ အစိုးရက မင္းကို လခဘယ္ေလာက္ေပးလဲ ။ မင္းတို႕က ငါတို႕ျမန္မာေတြလို ထိုးကြင္း မထိုးျကဘူးလား ။
( ဤတြင္ မင္းတရားျကီးက ခါးေတာင္းက်ိဳက္ကာ သူ၏ေပါင္မွ ထိုးကြင္းမ်ားကို ျပသည္ ) မင္းလက္ေတြကို ျပစမ္းပါအုန္း ။ ( ဤတြင္ မင္းတရားျကီးက ကြ်န္ေတာ္၏ လက္မ်ားကို ကိုင္တြယ္ျကည့္ပါသည္ ) အင္းးးး မင္းလက္ေတြကလဲ မိန္းမလိုပဲ တယ္ေပ်ာ့ေပ်ာင္းသကိုးး ။ ေယာက္်ားဆိုတာ ထိုးကြင္းထိုး ခံနိုင္ရတယ္ကြယ့္ ။ ေနာက္ျပီး မင္းတို႕ျပည္မွာ ေရခဲ ရွိသလား ။
မင္းတရားျကီး၏ အထက္ပါေမးခြန္းမ်ားကို ကြ်န္ေတာ္က အလံုးပင္ ေျဖဆိုပါသည္ ။ ဘုရင္ႏွင့္ ပရိသတ္မ်ားက သေဘာက်ဟန္ရွိပါသည္ ။ ေနာက္ဆံုး ေရခဲေမးခြန္းႏွင့္ပတ္သတ္၍ " ယခု အရွင္ရဲ႕ ေဖာင္ေတာ္စီးရာ ဧရာဝတီ ျမစ္ျကီးလိုပဲ လန္ဒန္ျမိဳ႕ေတာ္မွာ သိမ္းျမစ္ျကီး ျဖတ္သန္းစီးဆင္းပါတယ္ ။ ေဆာင္းတြင္းမွာ သိမ္းျမစ္ျကီးဟာ ေရခဲျဖစ္သြားပါတယ္ ။ အဲ႕ဒီ႕ျမစ္အတြင္း ေရခဲျပင္ေပၚမွာ ကြ်န္ေတာ္တို႕ မီးပံုျကီးေတြ လုပ္ျပီး ကြ်ဲ ႏြား မ်ားကို တစ္ေကာင္လံုး ဖုတ္ကင္ကာ ေပ်ာ္ပြဲစားေလ့ ရွိပါတယ္ " ဟု ေလွ်ာက္တင္ေသာအခါ ဘုရင္ႏွင့္တကြ အားလံုးကပင္ ဟက္ဟက္ပက္ပက္ ရယ္ေမာျကသည္ ။
ဘုရင္ ။ ။
မင္းတို႕ အဂၤလိပ္ေတြကို ပုသိမ္ျမိဳ႕ လာေရာက္ေနထိုင္ျကဖို႕ ငါက ခြင့္ျပဳျပီး ျဖစ္ပါလ်က္ ဘာေျကာင့္ ျမစ္ဝက ဟိုင္းျကီးကြ်န္းကို ဒါေလာက္ စြဲလမ္းေနျကတာလဲ ။
သံငယ္ ။ ။
ဟိုင္ျကီးကြ်န္းဟာ ပုသိမ္ျမစ္ဝမွာ အခ်က္အခ်ာေနရာေကာင္းတစ္ခုျဖစ္ပါတယ္ ။ ယခုအခ်ိန္မွာ ကြ်န္ေတာ္မ်ား ျပင္သစ္နဲ႕ စစ္ျဖစ္ေနပါတယ္ ။ ဒါေျကာင့္ ဟိုင္းျကီးကြ်န္းဟာ ျပင္သစ္လက္ထဲ က်ေရာက္သြားရင္ ပင္လယ္ကူးသေဘၤာမ်ားလြတ္လပ္စြာ သြားလာနိုင္မည္မဟုတ္ပါ ။ အရွင္မင္းျကီး ပုသိမ္ျမိဳ႕ကို ဖိတ္ေခၚလို႕ ကြ်န္ေတာ္မ်ား လာေရာက္ေနထိုင္ခ်င္ပါတယ္ ။ ဟိုင္းျကီးကြ်န္းမွာ ကာကြယ္ေရး တပ္ဖြဲ႕ကေလးတစ္ခု အေစာင့္အေရွာက္ထားခဲ႕လွ်င္ ျပီးပါတယ္ ။
ဘုရင္ ။ ။
ငါတို႕ျမန္မာျပည္ကို တစ္ကမၻာလံုးက လာေရာက္ စစ္ဆင္ျကပါေစ ငါက အလံုး ေမာင္းထုတ္ပစ္နိုင္တယ္။ မင္းတို႕ အဂၤလိပ္က ျပင္သစ္ကို ေျကာက္သလား ။
သံငယ္ ။ ။
အဂၤလိပ္နဲ႕ ျပင္သစ္ဟာ တစ္ဦးအေပၚ တစ္ဦးေမတၱာ ကင္းမဲ႕ေနျကပါတယ္ ။ သို႕ေသာ္ ျပင္သစ္ကို ေျကာက္ရြံ႕တဲ႕အဂၤလိပ္လူမ်ိဳးရယ္လို႕ေတာ့ ယခုတိုင္ ေမြးဖြားေသးဟန္မရွိပါ ။
ဘုရင္ ။ ။
ယခု ငါတို႕ ဟံသာဝတီ ေအာင္ျမင္သိမ္းပိုက္ခဲ႕ျပီ ။ လက္နက္ခဲယမ္း မီးေက်ာက္ေတြ အမ်ားခ်ည္း ရခဲ႕တယ္ ။ မြန္ဘုရင္နဲ႕ ေဆြေတာ္မ်ိဳးေတာ္ မွဴးမတ္ေတြကိုလဲ သံု႕ပန္းအျဖစ္လည္း ဖမ္းဆီးေခၚေဆာင္ခဲ႕တယ္ ။ ယခုလို ေအာင္ေတာ္မူခ်ိန္မွာ အဂၤလိပ္မ်ား လိုအပ္တဲ႕ စာခ်ဳပ္ကိုလဲ ဘုရင္ရဲ႕ တံဆိပ္ ခတ္ႏွိပ့္ ေပးေတာ္မူမယ္ ။ သို႕ေသာ္ ေနာက္စခန္းသို႕ ဆိုက္ေရာက္ေတာ္မူမွ အစစ ျပည့္စံုမည္ျဖစ္လို႕ ေနာက္ေတာ္က လိုက္ခဲ႕ေလာ့ ။
ဇူလိုင္ ၂၆ /၁၇၅၇ ခုႏွစ္ ။ ။
ယေန႕နံနက္ ၁၀ နာရီတြင္ ဘုရင္က ေဖာင္ေတာ္သို႕ လာရန္ ဆင့္ဆိုသည္ ။ လြန္ေဆးေခၚ ျမန္ေအာင္ဆိပ့္ကမ္း၌ ျဖစ္သည္ ။ လက္ေထာက္ျမိဳ႕ဝန္ အင္တိုနီယိုက စာခ်ဳပ္ျပဳလုပ္ျပီးစီးလွ်င္ သူႏွင့္ ပုသိမ္ျမိဳ႕ဝန္ကိုလည္း တံစိုးလက္ေဆာင္ေပးရမည္ဟု သတိေပးပါသည္ ။ သူတို႕ မပါလွ်င္ အလုပ္မျဖစ္၍ ေငြပိႆာ ၂၀ ေပးမည္ေျပာရာ လက္မခံ / ပိႆာ ၃၀ အထိ တိုးျမွင့္ေပးမွ လက္ခံပါသည္ ။
ကရဝိက္ေဖါင္ေတာ္မွာ ထြက္ခါနီးေနမွ ကြ်န္ေတာ္ေနာက္က်လာသည္ကို ရွင္ဘုရင္က ေက်နပ္ပံု မေပၚပါ ။ ဆိုင္ရာ ေလွသမားမ်ားကို ဒဏ္ခတ္မည္ ဆိုပါသည္ ။
ဘုရင္ ။ ။
ဟိုင္းျကီးကြ်န္းက ဆန္မ်ား မြန္တို႕ထံ ေထာက္ပံ႕ခဲ႕ေျကာင္းသိရတယ္ ။ ဒါေျကာင့္ ေနာက္ထက္ ဤသုိ႕မျဖစ္ပြားရေအာင္ မင္းတို႕တာဝန္ခံရမယ္ ။
သံငယ္ ။ ။
ေကာင္းလွပါသည္ ။ တာဝန္ခံယူပါမည္ ။
ဘုရင္ ။ ။
မင္းတို႕ပုသိမ္ကို လာေရာက္ေနထိုင္ျကပါ ။ စာခ်ဳပ္ကို တံဆိပ္ေတာ္ ခတ္ႏွိပ္ျပီးျပီ ။ လိုအပ္သည္မ်ားကို အင္တိုနီယိုႏွင့္ ဆက္လုပ္ျကေစ ။ ငါကိုယ္ေတာ္ျမတ္လဲ မဒရပ္ျမိဳ႕ကို သြားခ်င္တယ္ ။ ေက်ာက္သံ ပတၱျမားေတြ ေသတၱာျကီးႏွင့္ထည့္ျပီး အမ်ားခ်ည္း သယ္ေဆာင္သြားမည္ ။
သံငယ္ ။ ။
ေကာင္းပါသည္ ။ ကုမၸဏီ အစိုးရက ဝမ္းသာစြာ ျကိဳဆိုပါမည္ ။
ဘုရင္ ။ ။
၂ ပိႆာ အေျမာက္ဆန္ႏွင့္ ငါ့ကို ပစ္လွ်င္မရဘူး ။ ငါက ေသနတ္ျပီးရံုမက အေျမာက္လဲ ျပီးတယ္ ။ မင္းယံုရဲ႕လား ။
သံငယ္ ။ ။
မွန္ပါသည္ ။
တစ္ေန႕ကလို ေရာက္တက္ရာရာ ေမးခြန္းမ်ားကို ဆက္လက္ေမးျမန္းေနစဥ္ ေဖာင္ေတာ္ဆိပ့္ကမ္းမွ ခြာေနျပီ ျဖစ္၍ ကြ်န္ေတာ္လဲ အေလးျပဳကာ ဆင္းခဲ႕ရပါေတာ့သည္ ။ မင္းျကီးက ကြ်န္ေတာ့အား ေပးေသာ လက္ေဆာင္တို႕မွာ လိေမၼာ္သီး ၁၈ / ေျပာင္းဖူး ၂၄ / သခြားသီး ၅ ျဖစ္ပါသည္ ။
#htoohtoolay
-----
အလောင်းမင်းတရား၏ ဆန်းကြယ်မြင့်မြတ်သော လက်ဆောင်
-----
၁၇၇၅ ခုနှစ်၌ အင်္ဂလိပ်သံမှူး ဘေကာသည် ရွှေဘိုမြို့၌ အလောင်းမင်းတရားကို ဖူးမြော်ပြီးနောက် စာချုပ်ကိစ္စကို အောက်ပြည်သို့ စုန်ဆင်းတော်ချိန်မှ အပြီးသတ်ကြရန် သဘောတူခဲ့သည် ။
( ၁၇၅၇ ခုနှစ် အလောင်းမင်းတရားသည် ဟံသာဝတီကို သိမ်းပိုက်ပြီး နေပြည်တော်သို့ ပြန်ရာတွင် ဟင်္သာတ၌ အင်္ဂလိပ်အရာရှိ လက်စတာ ( Lester ) နှင့် တွေ့ဆုံသည် ။ အောက်ပါတို့မှာ ထိုအရာရှိ၏ မှတ်တမ်းမှ ကောက်နုတ်ချက်များဖြစ်၏ )
ဇူလှိုင်လ ၂၃ ။ ။
ယနေ့နံနက် ၇ နာရီတွင် ဘုရင်၏ ရှေ့တော်သို့ ဝင်ခွင့်ရမည်ဟု အင်တိုနီယို ( လက်ထောက် ပုသိမ်ဝန် ) ကပြောသည် ။ ကရဝိက်ဖောင်တော်ပေါ်၌ ဆုံကြမည်ဖြစ်ရာ မြန်မာထုံးစံအတိုင်း ရှေ့တော်သို့ မဝင်မီ ဖိနပ်ချွတ်ခြင်း ဓါး သေနတ် စသော လက်နက်များကို အပြင်၌ ထားခဲ့ခြင်းများကို လိုက်နာရမည်ဆိုလေသည် ။ ထိုအချက်များကို ကျွန်တော်သဘောမကျသော်လဲ ယခင်က သံအရာရှိများ လိုက်နာခဲ့ပြီးဖြစ်၍ မိမိ၏ ကုမ္ပဏီကိစ္စများ ပြေလည်ရေးကို ရှေးရှုရကာ သဘောတူလိုက်ပါသည် ။
ကရဝိတ် ဖေါင်တော်ပေါ်တွင် ဘုရင့်ရှေ့တော်သို့ ရောက်ရာ ကျွန်တော်က အောက်ပြည်၌ အောင်ပွဲဆင်တော်မူခဲ့သည်များကို များစွာ ဝမ်းမြောက် ဝမ်းသာ ချီးကျူးကြောင်း တင်လျှောက်ပါသည် ။
ရှင်ဘုရင်က ယခင်တစ်ခါ မစ္စတာဒိုင်းရား (Mr. Dyer ) ဆိုသူ လက်သို့ ကျောက်သံပတ္တမြား စီခြယ်သော ရွှေပြားသဝဏ်လွှာ တစ်ခုကို အင်္ဂလိပ်ဘုရင်ထံ ဆက်သရန် ပေးအပ်ခဲ့ကြောင်း ထိုရွှေသဝဏ်၌ မြန်မာမင်း၏ တံဆိပ်လက်မှတ်များ ပါရှိကြောင်း မိန့်ဆိုတော်မူသည် ။
သံငယ်အရာရှိ လက်စတာက တင်လျှောက်ရာတွင် " ယခု ကိစ္စမှာ ဘင်္ဂလားမြို့ ရှိ ကုမ္ပဏီ ဘုရင်ခံချုပ်နှင့် ကတိစာချုပ် ပြုလုပ်ရန်သာ ဖြစ်ကြောင်း ။ ယခင်စာမှာ ဘုရင်နှစ်ပါး ရွှေလမ်း ငွေလမ်း ဖေါက်သည့် သဝဏ်လွှာသာဖြစ်ကြောင်း ။ ယခု အရေးတော်ပုံတွင် အင်္ဂလိပ့်တို့သည် အလောင်းမင်းတရားကြီး၏ ယခုစာချုပ်ကိုလဲ ဘုရင်ခွင့်ပြုချက် အမှတ်အသား ရလိုကြောင်း " များ ပါရှိ၏ ။
ဘုရင် ။ ။
ငါတို့အတွက် ခဲယမ်း မီးကျောက် လိုအပ်သဖြင့် မကြာခင် လများက မဒရပ်မြို့သို့ မြန်မာသငေ်္ဘာ စေလွှတ်ခဲ့သည် ။ ထိုသငေ်္ဘာကို မဒရပ်ဘုရင်ခံက ဖမ်းချုပ်ထားသည် ဆိုခြင်းမှာ မှန်ပါသလား ။
သံငယ် ။ ။
မဒရပ်မှာ မည်သို့သော သတင်းမျှ မရရှိပါ ။ အကယ်၍ ဖမ်းချုပ်သည်မှန်ခဲ့သော် အရှင်မင်းတရားကြီး နှင့် ပတ်သက်ကြောင်းကို မဒရပ်ဘုရင်ခံက လုံးဝမသိ၍ ဖြစ်ပါမည် ။
( ထိုအချိန်၌ သံငယ်သည် အလွန်အနေကြပ်သဖြင့် အနီးရှိ ထိုင်ခုံနိမ့်ကလေး တစ်ခုကို ဆွဲယူကာ ထိုင်လေသည် ။ မှူးမတ်များက ရယ်ကြသဖြင့် မင်းတရားကြီးကမေးရာ ကျွန်တော် ညောင်းဟန်ရကြောင်း လျှောက်ကြသည် ။ ဤတွင် မင်းတရားကြီးကိုယ်တိုင် သလွန်မှ ထလာကာ ကျွန်တော် ထိုင်နေပုံကို ကြည့်လျက် ဟားတိုက် ရယ်တော်မူသည် )
ဘုရင် ။ ။
ဟား ဟား ဟား . . . အင်္ဂလိပ်တွေက ဒူးထောက်မထိုင်တက်ကြပဲကိုးး ။
သံငယ် ။ ။
ကျွန်တော်များ ဓလေ့ထုံးစံတို့မှာ တစ်မျိုးစီ ဖြစ်၍ အကျင့်မရှိသောကြောင့် ဖြစ်ပါသည် ။
ဤတွင် မင်းတရားကြီးက " တံစက်မြိတ်နေရာ ကြမ်းပြင်လွတ်တွင် ကြိုက်သလို ထိုင်ပါ " ဟု ခွင့်ပြုတော်မူသည် ။
သံငယ် ။ ။
ကျွန်တော့်အား ယခုကဲ့သို့ အခွင့်အရေး ပေးသနားခြင်းမှာ မကြုံစဖူး ထူးကဲသော ခွင့်ပြုခြင်းဖြစ်၍ ကျေးဇူးတော် ကြီးလှပါပေသည် ။
ဘုရင် ။ ။
အေးး ပုသိမ်မြို့ဝန်ကိုလဲ လိမ္မာရေးခြားရှိတဲ့အတွက် မကြာခင်ကပဲ " မင်းကြီး နော်ရထာ " ဘွဲ့ ပေးသနားလိုက်တယ် ။ ( အနီးရှိ ပုသိမ်မြို့ဝန်ကို ညွှန်ပြမိန့်ဆိုခြင်းဖြစ်သည် )
အင်္ဂလိပ့်ရှင်ဘုရင်က ငါတို့က့့ဲသို့ စစ်မြေပြင်ကို ထွက်တော်မူပြီး ဒိုင်းလွှား မပါဘဲ စစ်ဆင်လေ့ရှိလား ။ မင်းတို့လူမျိုးတွေက စိန်ပြောင်းလက်နက်များကို ကောင်းစွာအသုံးချတက်ကြရဲ့လား ။ အဝေးမှာရှိတဲ့လူတစ်ယောက်ကို သေနတ်နဲ့မလွှဲတမ်း ချိန်ပြီးပစ်သတ်နိုင်ရဲ့လား ။ မင်းတို့တိုင်းပြည်မှာ မိုးမှန်မှန်ရွာရဲ့လား ။ ငါတို့ပြည်မှာလို ရာသီဥတု ညီညွှတ်ရဲ့လား ။ မင်းပခုံးမှာတပ်ဆင်ထားတဲ့ တန်ဆာပလာတွေက ဘာအဓိပ္ပါယ်ရှိလဲ ။ ကုမ္ပဏီ အစိုးရက မင်းကို လခဘယ်လောက်ပေးလဲ ။ မင်းတို့က ငါတို့မြန်မာတွေလို ထိုးကွင်း မထိုးကြဘူးလား ။
( ဤတွင် မင်းတရားကြီးက ခါးတောင်းကျိုက်ကာ သူ၏ပေါင်မှ ထိုးကွင်းများကို ပြသည် ) မင်းလက်တွေကို ပြစမ်းပါအုန်း ။ ( ဤတွင် မင်းတရားကြီးက ကျွန်တော်၏ လက်များကို ကိုင်တွယ်ကြည့်ပါသည် ) အင်းးးး မင်းလက်တွေကလဲ မိန်းမလိုပဲ တယ်ပျော့ပျောင်းသကိုးး ။ ယောက်ျားဆိုတာ ထိုးကွင်းထိုး ခံနိုင်ရတယ်ကွယ့် ။ နောက်ပြီး မင်းတို့ပြည်မှာ ရေခဲ ရှိသလား ။
မင်းတရားကြီး၏ အထက်ပါမေးခွန်းများကို ကျွန်တော်က အလုံးပင် ဖြေဆိုပါသည် ။ ဘုရင်နှင့် ပရိသတ်များက သဘောကျဟန်ရှိပါသည် ။ နောက်ဆုံး ရေခဲမေးခွန်းနှင့်ပတ်သတ်၍ " ယခု အရှင်ရဲ့ ဖောင်တော်စီးရာ ဧရာဝတီ မြစ်ကြီးလိုပဲ လန်ဒန်မြို့တော်မှာ သိမ်းမြစ်ကြီး ဖြတ်သန်းစီးဆင်းပါတယ် ။ ဆောင်းတွင်းမှာ သိမ်းမြစ်ကြီးဟာ ရေခဲဖြစ်သွားပါတယ် ။ အဲ့ဒီ့မြစ်အတွင်း ရေခဲပြင်ပေါ်မှာ ကျွန်တော်တို့ မီးပုံကြီးတွေ လုပ်ပြီး ကျွဲ နွား များကို တစ်ကောင်လုံး ဖုတ်ကင်ကာ ပျော်ပွဲစားလေ့ ရှိပါတယ် " ဟု လျှောက်တင်သောအခါ ဘုရင်နှင့်တကွ အားလုံးကပင် ဟက်ဟက်ပက်ပက် ရယ်မောကြသည် ။
ဘုရင် ။ ။
မင်းတို့ အင်္ဂလိပ်တွေကို ပုသိမ်မြို့ လာရောက်နေထိုင်ကြဖို့ ငါက ခွင့်ပြုပြီး ဖြစ်ပါလျက် ဘာကြောင့် မြစ်ဝက ဟိုင်းကြီးကျွန်းကို ဒါလောက် စွဲလမ်းနေကြတာလဲ ။
သံငယ် ။ ။
ဟိုင်ကြီးကျွန်းဟာ ပုသိမ်မြစ်ဝမှာ အချက်အချာနေရာကောင်းတစ်ခုဖြစ်ပါတယ် ။ ယခုအချိန်မှာ ကျွန်တော်များ ပြင်သစ်နဲ့ စစ်ဖြစ်နေပါတယ် ။ ဒါကြောင့် ဟိုင်းကြီးကျွန်းဟာ ပြင်သစ်လက်ထဲ ကျရောက်သွားရင် ပင်လယ်ကူးသငေ်္ဘာများလွတ်လပ်စွာ သွားလာနိုင်မည်မဟုတ်ပါ ။ အရှင်မင်းကြီး ပုသိမ်မြို့ကို ဖိတ်ခေါ်လို့ ကျွန်တော်များ လာရောက်နေထိုင်ချင်ပါတယ် ။ ဟိုင်းကြီးကျွန်းမှာ ကာကွယ်ရေး တပ်ဖွဲ့ကလေးတစ်ခု အစောင့်အရှောက်ထားခဲ့လျှင် ပြီးပါတယ် ။
ဘုရင် ။ ။
ငါတို့မြန်မာပြည်ကို တစ်ကမ္ဘာလုံးက လာရောက် စစ်ဆင်ကြပါစေ ငါက အလုံး မောင်းထုတ်ပစ်နိုင်တယ်။ မင်းတို့ အင်္ဂလိပ်က ပြင်သစ်ကို ကြောက်သလား ။
သံငယ် ။ ။
အင်္ဂလိပ်နဲ့ ပြင်သစ်ဟာ တစ်ဦးအပေါ် တစ်ဦးမေတ္တာ ကင်းမဲ့နေကြပါတယ် ။ သို့သော် ပြင်သစ်ကို ကြောက်ရွံ့တဲ့အင်္ဂလိပ်လူမျိုးရယ်လို့တော့ ယခုတိုင် မွေးဖွားသေးဟန်မရှိပါ ။
ဘုရင် ။ ။
ယခု ငါတို့ ဟံသာဝတီ အောင်မြင်သိမ်းပိုက်ခဲ့ပြီ ။ လက်နက်ခဲယမ်း မီးကျောက်တွေ အများချည်း ရခဲ့တယ် ။ မွန်ဘုရင်နဲ့ ဆွေတော်မျိုးတော် မှူးမတ်တွေကိုလဲ သုံ့ပန်းအဖြစ်လည်း ဖမ်းဆီးခေါ်ဆောင်ခဲ့တယ် ။ ယခုလို အောင်တော်မူချိန်မှာ အင်္ဂလိပ်များ လိုအပ်တဲ့ စာချုပ်ကိုလဲ ဘုရင်ရဲ့ တံဆိပ် ခတ်နှိပ့် ပေးတော်မူမယ် ။ သို့သော် နောက်စခန်းသို့ ဆိုက်ရောက်တော်မူမှ အစစ ပြည့်စုံမည်ဖြစ်လို့ နောက်တော်က လိုက်ခဲ့လော့ ။
ဇူလိုင် ၂၆ /၁၇၅၇ ခုနှစ် ။ ။
ယနေ့နံနက် ၁၀ နာရီတွင် ဘုရင်က ဖောင်တော်သို့ လာရန် ဆင့်ဆိုသည် ။ လွန်ဆေးခေါ် မြန်အောင်ဆိပ့်ကမ်း၌ ဖြစ်သည် ။ လက်ထောက်မြို့ဝန် အင်တိုနီယိုက စာချုပ်ပြုလုပ်ပြီးစီးလျှင် သူနှင့် ပုသိမ်မြို့ဝန်ကိုလည်း တံစိုးလက်ဆောင်ပေးရမည်ဟု သတိပေးပါသည် ။ သူတို့ မပါလျှင် အလုပ်မဖြစ်၍ ငွေပိဿာ ၂၀ ပေးမည်ပြောရာ လက်မခံ / ပိဿာ ၃၀ အထိ တိုးမြှင့်ပေးမှ လက်ခံပါသည် ။
ကရဝိက်ဖေါင်တော်မှာ ထွက်ခါနီးနေမှ ကျွန်တော်နောက်ကျလာသည်ကို ရှင်ဘုရင်က ကျေနပ်ပုံ မပေါ်ပါ ။ ဆိုင်ရာ လှေသမားများကို ဒဏ်ခတ်မည် ဆိုပါသည် ။
ဘုရင် ။ ။
ဟိုင်းကြီးကျွန်းက ဆန်များ မွန်တို့ထံ ထောက်ပံ့ခဲ့ကြောင်းသိရတယ် ။ ဒါကြောင့် နောက်ထက် ဤသို့မဖြစ်ပွားရအောင် မင်းတို့တာဝန်ခံရမယ် ။
သံငယ် ။ ။
ကောင်းလှပါသည် ။ တာဝန်ခံယူပါမည် ။
ဘုရင် ။ ။
မင်းတို့ပုသိမ်ကို လာရောက်နေထိုင်ကြပါ ။ စာချုပ်ကို တံဆိပ်တော် ခတ်နှိပ်ပြီးပြီ ။ လိုအပ်သည်များကို အင်တိုနီယိုနှင့် ဆက်လုပ်ကြစေ ။ ငါကိုယ်တော်မြတ်လဲ မဒရပ်မြို့ကို သွားချင်တယ် ။ ကျောက်သံ ပတ္တမြားတွေ သေတ္တာကြီးနှင့်ထည့်ပြီး အများချည်း သယ်ဆောင်သွားမည် ။
သံငယ် ။ ။
ကောင်းပါသည် ။ ကုမ္ပဏီ အစိုးရက ဝမ်းသာစွာ ကြိုဆိုပါမည် ။
ဘုရင် ။ ။
၂ ပိဿာ အမြောက်ဆန်နှင့် ငါ့ကို ပစ်လျှင်မရဘူး ။ ငါက သေနတ်ပြီးရုံမက အမြောက်လဲ ပြီးတယ် ။ မင်းယုံရဲ့လား ။
သံငယ် ။ ။
မှန်ပါသည် ။
တစ်နေ့ကလို ရောက်တက်ရာရာ မေးခွန်းများကို ဆက်လက်မေးမြန်းနေစဉ် ဖောင်တော်ဆိပ့်ကမ်းမှ ခွာနေပြီ ဖြစ်၍ ကျွန်တော်လဲ အလေးပြုကာ ဆင်းခဲ့ရပါတော့သည် ။ မင်းကြီးက ကျွန်တော့အား ပေးသော လက်ဆောင်တို့မှာ လိမ္မော်သီး ၁၈ / ပြောင်းဖူး ၂၄ / သခွားသီး ၅ ဖြစ်ပါသည် ။

Comments
Post a Comment