လူ၏ ကိုယ်ခွဲ
----
တမလွန်ဘဝ ရှိတယ်ဆိုတဲ့ အယူအဆအတွက် အထောက်အထားအနေနဲ့လူတွေ အသိအမှတ်ပြုတာမှာ ရှေးအခါကနေစပြီး ဒီနေ့ခေတ်အထိတိုင် ကမ္ဘာအရပ်ရပ်က တစ္ဆေကို တစ်ခါတစ်ရံ လူတွေ တွေ့မြင်နေရတာပဲဖြစ်တယ် ။ မယုံသူတို့ကတော့ တစ္ဆေကို လူတို့ရဲ့ စိတ်အထင်မှားမှုတွေ ဒါမှမဟုတ် စိတ်က ဖန်တီးတယ်လို့ ဒီလိုဆိုကြပါတယ် ။ တစ္ဆေက လူအများ ယူဆသလို သေသူရဲ့ဝိညာဉ်မဟုတ်သော်လဲ သေသူတစ်ဦးနဲ့ ပတ်သတ်တဲ့ အရိပ်နိမိတ်သဏ္ဍာန်ထင်ပြတာတွေ ရှိတာကိုပင် စိတ်ဝင်တစား အဖြေရှာမရသေးပဲ ဖြစ်နေပါတယ် ။ ဒါဟာ ထူးခြားမှု တစ်ခုပါပဲ ။
လူသတ္တဝါတွေဟာ အသက်ရှင်နေတဲ့ အချိန်ကာလမှာပဲ စိတ်တစ်ခြား ကိုယ်တစ်ခြား ဖြစ်နေတက်ပုံကို စိတ်ဝိညာဉ် သုတေသီတွေဟာ နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပါတယ် ။ အဲ့အရာနဲ့ ပတ်သတ်ပြီး သုတေသီတွေ တွေ့ရှိထားတဲ့ အချက်အလက်များမှာ နှစ်ရပ်ထွက်ပေါ်လာပါတယ် ။ ပထမ အထောက်အထားက ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးကို အခြားလူများက နှစ်ကိုယ်ခွဲပြီး မြင်ရတာဖြစ်ပြီး နောက်တစ်မျိုးကတော့ ခန္ဓာကိုယ်ကနေ မိမိရဲ့ စိတ်ဝိညာဉ်ကို ခွဲထွက်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်တယ် ။ ထိုအချက်တွေကိုလဲ ထူးခြားစွာ ပိုင်ဆိုင်ထားကြတဲ့ ပုဂ္ဂိုလ်များ ရှိနေကြတာကို တွေ့ကြရပါတယ် ။
အချို့ပုဂ္ဂိုလ်တွေက တစ်ချိန်ထည်းမှာ နှစ်ကိုယ်ခွဲပြီး နေရာဌာနနှစ်ခုမှာ ရောက်နေတာတွေလဲရှိတယ် ။ အနာဂတ်ကို ကြိုမြင်တာတို့ ပုဏ္ဍက တိုက်တာတို့ အပ မှီတာတို့ စတာတွေပေါ့ ။ အဲ့ဒါတွေကို လူတွေဟာ မျက်မြင်ကိုယ်တွေ့ကြုံတွေ့မှုဟာ ကမ္ဘာအရပ်ရပ်မှာ တွေ့ရှိခဲ့ကြပါတယ်။ ထိုအချက်ဟာလဲ သုတေသီတွေ တွေ့ရှိမှုရဲ့ စဉ်းစားစရာ အချက်ထဲမှာ ပါဝင်နေပါတယ် ။
ယခုခေတ်အရ စိတ်ဝိညာဉ်သုတေသီတွေရဲ့ တွေ့ရှိချက်ကတော့ နှစ်ကိုယ်ခွဲနိုင်ခြင်းဟာ သူတော်သူမြတ်များတာဖြစ်ပြီး တန်ခိုးရှိမှ ပြုလုပ်နိုင်တာမျိုးမဟုတ်ပဲ သာမန်သူတွေလဲ ထူးခြားစွာ ပြုလုပ်နိုင်ပါတယ်လို့ ဒီလို ဆိုပါတယ် ။ အဲ့ဒီ့သတ္တိက အကျင့်သီလ အသိပညာ ဗဟုသုတ အသက်အရွယ်နဲ့မဆိုင်ပဲ လူတန်းစားအမျိုးမျိုးမှာ တွေ့ရတဲ့ သတ္တိထူးဖြစ်တယ်လို့ ဒီလို အနောက်တိုင်းသုတေသီတွေက အဆိုပြုပါတယ် ။ ၁၉ ရာစုလောက်က ဗြိတိသျှသုတေသီ သုံးဦးဟာ သက်ရှိပုဂ္ဂိုလ် ခုနှစ်ရာကျော်ရဲ့ကိုယ်ခွဲမှုအကြောင်းကို စူးစမ်းလေ့လာပြီး စာအုပ်ထုတ်ဝေခဲ့ပါတယ် ။ ထိုစာအုပ်ထဲမှာ အထောက်အထားအခိုင်အမာပြထားတယ်လို့ဆိုတယ် ။
၁၉၀၈ ခုနှစ်က ဗြိတိသျှ ပါလီမန်အမတ်တစ်ဦးဟာ ဆာကန်ရစ်ကို ပါလီမန်အစည်းအဝေးရဲ့ အဆိုတစ်ခုတောင်ခံဖို့ ဆန္ဒပြင်းပြနေစဉ်မှာ ရုတ်တရပ်ဖျားပြီး အစည်းအဝေးပွဲကို မတက်ရောက်နိုင်ပဲ ဖြစ်သွားတယ် ။ ဒါပေမယ့် အစည်းအဝေးမှာတော့ အဲ့ဒီ့အမတ်ဟာ သူထိုင်နေကျနေရာမှာ ထိုင်နေတာကို အမတ် သုံးဦးကတွေ့မြင်ခဲ့ကြပါတယ် ။ အင်မတန် တုန်လှုပ်အံ့သြစရာပါပဲ ။ ထိုအတူပဲ အင်္ဂလန်ပြည်က နယူးယောက်မြို့မှာလဲ ၁၈၉၁ ခုနှစ်လောက်က ဂျိန်းအက်စ်သွန်မဆင်က သူ့ရဲ့ အပ်ထားတဲ့ ဓါတ်ပုံကို ဆိုင်မှာ သွားတောင်းတော့ ဓါတ်ပုံကို ဆေးမကူးရသေးကြောင်းသိရတယ် ။ အရေးတကြီး လိုအပ်နေတာမို့သူဟာ အတော်စိတ်ပျက်ပြီး ပြန်လာခဲ့ပါတယ် ။ အဲ့ဒီ့နေ့က စနေနေ့ နံနက်မှာ သွန်မဆင်ရဲ့အိမ်မှာပဲ သူဟာ အပြင်းဖျားပြီး အသည်းအသန် နာမကျန်းဖြစ်တော့တာပဲ ။ သူက ဓါတ်ပုံအကြောင်းကို ကယောင်ကတန်းနဲ့ပြောရင်း သူ့ရဲ့ကိုယ်ခွဲဟာ ဓါတ်ပုံဆိုင်ကို ရောက်သွားခဲ့တယ်။ အဲ့လိုရောက်ခဲ့တာကို ဆိုင်ရှင်ရဲ့ အတည်ပြုချက်အရ သုတေသီတွေကသိခွင့်ရခဲ့ပါတယ် ။ နာရီမကြာမှီ သူလဲ သေသွားခဲ့တယ်။ အဆိုပြုချက်အရ သွန်မဆင်ဟာ ဓါတ်ပုံဆိုင်ကို နှစ်ခေါက် ရောက်တယ်လို့ ဆိုတယ် ။ ဒုတိယရောက်လာချိန်ကတော့ သူဟာ သူ့အိမ်မှာ အသည်းအသန်ဖြစ်နေချိန်ဖြစ်ပါတယ် ။
ဆွီဒင်ပြည်က သုတေသီတစ်ဦးဟာ မိန်းမပျိုတစ်ယောက်ကို အိပ့်ငွေ့ချပြီး မိုင် ၂၅၀ ကွာဝေးတဲ့ ဒေသမှာရှိတဲ့ သူ့မိသားစုဆီကို စေလွှတ်လိုက်တယ် ။ မိန်းမပျိုက ထိုင်ရာကနေမထပဲ သူ တွေ့ကြုံတာတွေကို ပြန်ပြောပြပါတယ်။ သူဟာ သူ့ရဲ့အိမ်ကိုပြန်ရောက်ပြီး မီးဖိုခန်းထဲမှာရှိတဲ့ ကုလားထိုင်ပေါ်မှာ ခြေတစ်ဖက်တင်ပြီး ထိုင်ခဲ့တယ်လို့ ပြောတယ် ။ သူ့အမေဟာ မီဖိုခန်းထဲမှာ အလုပ် လုပ်နေပြီး သူ့အဖေက သတင်းစာဖတ်နေတာကို မြင်ခဲ့ပါတယ်လို့ ဒီလို သူမဟာ ပြန်ပြောပြပါတယ် ။ နောက်နာရီအနည်းငယ်ကြာတဲ့အခါ သူ့မိဘတွေက သူမကို မီဖိုခန်းထဲမှာ ခြေတစ်ဖက်တင်ပြီး ထိုင်နေတာကို မြင်လိုက်ကြောင်း အဲ့ဒီ့နောက် စကားမပြောပဲ ပျောက်ကွယ်သွားကြောင်းကို ဖုန်းဆက်ပြီး သုတေသီဆရာတို့ထံ ဖုန်းဆက်လာပါတယ် ။ ဒါဟာလဲ သုတေသီတို့ တွေ့ရှိမှုထဲက ထူးခြားဖြစ်စဉ်တစ်ခုပါပဲ ။
အဲ့ဒါတွေဟာ အထောက်အထားနဲ့ အချို့သူတွေမှာ ကိုယ်ခွဲနိုင်စွမ်းရှိကြောင်း သာဓက အနည်းငယ်ထုတ်ပြခြင်းဖြစ်တယ်လို့ လေ့လာသူတွေက ထုတ်ဖေါ်အတည်ပြုပါတယ် ။ ကိုယ်ခွဲရှိတာကြောင့် တမလွန်လဲ ရှိမယ်လို့ လူအများဟာ ယုံကြည်လာကြပါတယ် ။ ဒါပေမယ့် အဲ့ဒီ့ ကိုယ်ခွဲနိုင်စွမ်းဟာ မူလခန္ဓာနဲ့ မည်ကဲ့သို့ ဆက်သွယ်နေကြောင်းကိုတော့ ယခုအချိန်ထိ သိပ္ပံပညာရပ်ကပင်ဖြစ်စေ စိတ်ဝိညာဉ် သုတေသီတွေဆီကဖြစ်စေ အတအကျ ကျေနပ်လောက်တဲ့အဖြေကို မထုတ်နိုင်သေးပဲရှိနေသေးပါကြောင်းးးးး
#htoohtoolay
Posted via Blogaway
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment