Skip to main content

ရွင္တို ဘာသာ

ရွင္တိုဘာသာ
----
ရှင်တိုဘာသာသည် ထာဝရဘုရား ကိုးကွယ်မှုနှင့် သဘာဝ တရားဓမ္မကို ကိုးကွယ်မှု ပေါင်းစပ်ထားသော ဘာသာဖြစ်သည် ။ ကာမီနိုမီကျီ ဟာ၍ လည်းကောင်း လောကုတ္တရာလမ်းဟူ၍ လည်းကောင်း ခေါ်သည့် ရှင်တိုဘာသာသည် ရှေးခေတ် ဂျပန်တို့၏ ဘာသာတရား တစ်ခုဖြစ်သည် ။

ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ် ဘာသာတို့ရောက်ရှိမလာမီ ရှင်တိုဘာသာမှာ သဘာဝ တရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်သော ဘာသာဖြစ်သည် ။ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ်ဘာသာတို့ ရောက်လာသောအခါ ယဉ်ကျေးမှု သြဇာ လွမ်းမိုးနေခဲ့သည် ။

ရှင်တိုဘာသာတွင် တစ်ခုတည်းသော ထာဝရဘုရားရှိသည်ဟု ယုံကြည်မှုအပြင် သဘာဝတရားကို ရှစ်ခိုးခြင်း သက်မဲ့ ရုပ်ထုကိုးကွယ်ခြင်းများလည်း ရှိသေးသည် ။

ရှေးခေတ် ရှင်တိုဘာသာဝင်တို့သည် သဘာဝတရားကိုသာ ကိုးကွယ်ကြသည်မဟုတ်သေး ။ နေ လ နက္ခ တောတောင် ရေမြေ မီး တိရိစ္ဆာန်တို့တင်မက သစ်ပင်ချုံနွယ်တို့အပြင် လူစွမ်းကောင်းများကိုလဲ ကိုးကွယ်ကြသေးသည် ။ ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများကို အသက်ထင်ရှားရှိစဉ်အခါနှင့် ကွယ်လွန်ပြီးသောအခါများတွင် မြင့်မြတ်သော နတ် သို့မဟုတ် ကာမိဟု အမည်ပေးကာ ကိုးကွယ်ကြသည် ။ ထိုသူရဲကောင်းများ မသေမီပင် သူတို့အတွက် ဆောက်လုပ်ထားသော ရှင်တိုဘုရားကျောင်းများလဲ ရှိသည် ။

ရဲစွမ်းသတ္တိရှိသော သူရဲကောင်းများကို လူအသွင်ဖန်ဆင်းနေသော နတ်များဟူ၍ပင် ယုံကြည်ကြသည် ။ ဘိုးဘေး ဘီဘင် အဆက်အနွယ်များကို ကိုးကွယ်မှုနှင့် ဧကရာဇ် ဘုရင်မင်းမြတ်၏ အသုံးအဆောင် များကိုလည်း သက်မဲ့ ဆင်းတုအဖြစ် ကိုးကွယ်ကြသေး၏ ။

ဘုရင်ဧကရာဇ်ကိုလဲ နေ နတ်အနွယ်များမှ ဆင်းသက်လာသူဟု ယုံကြည်ခဲ့ကြသဖြင့် မျက်မှောက်ခေတ်သို့တိုင်အောင် ဘုရင်ဧကရာဇ်တို့သည် နိင်ငံရေး အရတွင်သာမက ခေါင်းဆောင် အကြီးအမှူးတစ်ဦးဖြစ်သေးသည်မဟုတ် ဘာသာရေး၌လဲ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်သည် ။

ရှင်တိုဘာသာတွင် သဘာဝဓမ္မ ကိုးကွယ်မှု အဝိညာဏက သက်မဲ့ ဝတ္ထုကိုးကွယ်မှုနှင့် သူရဲကောင်း ကိုးကွယ်မှုများမှာ နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ပြီး ထိုကိုးကွယ်ခဲ့သော အရာအာလုံး တို့သည် ထာဝရ ဘုရားပင် ဖြစ်သည်ဟု တစ်ဆူတည်းသော ဘုရား အဖြစ်သို့ အဆင့်ဆင့် တိုးတက်လာခဲ့လေသည် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...