Skip to main content

တောင်ပို့ကြီး

တောင်ပို့ကြီး
----
( ကုမာရကဿပ ရဟန်း ! တောင်ပို့ဟူသော ဤအမည်သည် ဤရုပ်ကိုယ်ကြီး၏ အမည်ပေတည်း )

တောင်ပို့ဆိုတာ တခြားမဟုတ်ဘူး ဒီရုပ်ကိုယ်ကြီးရဲ့အမည်ပါပဲတဲ့ ။ လူတိုင်း လူတိုင်းမှာရှိတဲ့ ဒီရုပ်ကိုယ်ကြီးဟာ တောင်ပို့ကြီးလို့ ဆိုလိုပါတယ် ။ ဘယ်လိုအဓိပ္ပါယ်လဲဆိုတော့ ပကတိ မြေတောင်ပို့မှာ အပေါက်ကြီး အပေါက်ငယ်တွေ အတော်များများရှိတယ် ။ အဲ့ဒီလိုပဲ လူရုပ်ကိုယ်ကြီးမှာလဲ အပေါက် ကြီးငယ် များစွာရှိနေကြပါတယ် ။ မျက်စိပေါက် နားပေါက် နှာခေါင်းပေါက် ပါးစပ်ပေါက် အစရှိတာတွေအပြင် ကိုယ်ခန္ဓာမှာ မွှေးညင်း ကြီးငယ်ပေါက်တွေ ချွေးပေါက်တွေ အခိုးထွက်တဲ့အပါက်တွေ စတဲ့ အပေါက်တွေ အများချည်းပဲ ဖြစ်တယ် ။ အနောက်နိုင်ငံက သုတေသီ သိပ္ပံပညာရှင်တွေဟာ စစ်စစ်ပေါက်ပေါက် ရှာဖွေတဲ့အခါ များစွာသော အပေါက်တွေ ကို မိုက်ခရိုစကုတ် နဲ့ ချဲ့ကားတဲ့အခါ ထင်ရှားတွေ့နိုင်ကောင်းပါတယ် ။

ဒီလို အပေါက်ကြီး အပေါက်ငယ်တွေ များစွာရှိပြီးတော့ ဖြစ်နေတာကြောင့် ပကတိ မြေတောင်ပို့ကြီးနဲ့ တူနေတယ် ။ ဒါကြောင့် ဒီရုပ်ကိုယ်ကြီးကို တောင်ပို့ကြီးနဲ့ မြတ်စွာဘုရားဟာ ဥပမာ ပြထားတာ ဖြစ်ပါတယ် ။ အခုခေတ် လူတွဟာ ဒီလို တောင်ပို့ကြီးတွေလို အပါက် အပါက်တွေကို ပကတိအတိုင်းသာ အမြဲ မြင်တွေ့နေမယ်ဆိုရင် ဘယ်လောက်တောင် တစ်ဦးအပေါ်တစ်ဦး နှစ်သက်မှုတွေ လျော့နည်းမလဲပေါ့နော် ။ အခုတော့ အနည်း ငယ်သော သူတွေသာ ဒီလို အပေါက်တွေကိုမြင်ပြီး ပြန်လည် ဝေမျှကြလို့တာ ကျန်တဲ့ လူအတော်များများက သိရတာဖြစ်တယ် ။ မြင်တဲ့သူကလဲ ဒီမိုက်ခလိုစကုတ်ဆိုတဲ့ ချဲ့အားကြီးတဲ့ မှန်ဘီလူးတွေအကူညီယူတုန်းတာ သိရတာ ။ ကြည့်တုန်းပဲ သိရပြီး ကြည့်နေတဲ့အချိန်တော့ ရွံ့စရာတွေအဖြစ်မြင်ပြီး အဲ့ဒီ့မြင်ကွင်းလဲ ဖယ်လိုက်ရော ပြန်ပြီး မောဟအမြင်တွေကြီးစိုးကြပြန်ရော ။ ဒါကြောင့်လဲ တရားမရတာပေါ့ ။

အမှန်တော့ ဒီရုပ်ကိုယ်ကြီးဟာ ဇကာကျနေတဲ့ အပေါက်တွေ ပွတ်ပွတ်သိပ့်သိပ့် တည်ရှိနေပြီး အကောင်တွေ ထွက်နေတဲ့ ဇကာကျ ရုပ်ကြီးဖြစ်တယ် ။ လွယ်လွယ်ပြောရရင် ဇကာပေါက်ကနေ အကောင်တွေထွက်နေတဲ့ ရုပ်ကြီးလို့ ဒီလိုပြောရမှာပဲ မိတ်ဆွေ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...