Skip to main content

ကျွန်တော်က တမန်တော်

ကျွန်တော်က တမန်တော်
----
ကျွန်တော်တို့ဟာ စေခိုင်းမှုကို အံမတု နိင်ကြပါဘူး ။ အဲ့ဒီ့ စေခိုင်းမှုဟာလဲ အမှန်တရားတာ ဖြစ်နေသလို ငြင်းဆန်ဖို့ ဘယ်လိုမှ မရှိလောက်အောင် ပြည့်စုံလှတဲ့အတွက် ပကတိ ယုံမှားသံသယကင်းကာ ဆောင်ရွက်လိုက်နာလျက် ရှိကြပါတယ် ။ ဒါပေမယ့် အဲ့ဒီ့ ဆောင်ရွက်ချက်တွေကို သေခြာမြင်ဖို့အတွက်တော့ လူအများဟာ မေ့လျော့နေကြတယ် ။ ဒါဟာ ကြီးမားတဲ့ အသိညာဏ်ပညာကို ခမ်းခြောက်စေတာပဲ ။

တစ်ခါက ခမ်းနားကြီးကျယ်တဲ့ တိုင်းပြည်တစ်ပြည်မှာ ပညာညာဏ်ကြီးမားတဲ့မင်းတစ်ပါး စိုးစံနေပါတယ် ။ တစ်နေ့တော့ အဲ့ဒီ့မင်းဟာ အရသာရှိလှတဲ့ စားသောက်စရာတွေကို တည်ခင်း စားသောက်နေချိန်မှာ အမျိုးသားတစ်ယောက် မင်းကြီး စားတော်ပွဲခန်းထဲ ဝင်လာပြီး ((( ငါ တမန်တော် တည်း ))) ဆိုကာ ကျုံးဝါးရင်း မင်းကြီး စားနေတဲ့ ဟင်းခွက်ထဲက အစားအစာကို နှိုက်စားလိုက်သတဲ့ ။ အဲ့ဒီ့အခါ မှူးမတ်တွေက ဓါးအိမ်ထဲက ဓါးတွေထုတ်ကာ သူ့ခေါင်းကို ပိုင်းဖို့ ကြံရွယ်လိုက်ကြတယ် ။ ဒါပေမယ့် ပညာရှိမင်းကတော့ ပြုံးပြီး ဟန့်တားကာ ((( အမောင် စားပါ ))) လို့ ဆက်စားခိုင်းပါတယ် ။ စားပြီးတဲ့အချိန်တော့ မင်းက မေးတယ် ((( သင်ဟာ ဘယ်သူ့ တမန်တော် လဲ ))) တဲ့ ။ အဲ့ဒီ့အချိန်မှာ အမျိုးသားက ((( အကျွန်ပ်သည် ဝမ်း၏ တမန်တည်း ။ တဏှာရဲ့ စေခိုင်းမှုကြောင့် လာခဲ့ရပါတယ် ))) လို့ ပြန်လျှောက်လိုက်သတဲ့ ။ မင်းကြီးမှာ အလွန်သဘောကျသွားတယ် ။ ဆုလာဘ်တွေလဲ အများကြီး ချီးမြှင့်လိုက်ပါသတဲ့ ( တိကနိပါတ် / ဒူတ ) ။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ တမန်တော်တွေတာ ဖြစ်ပါတယ် ။ ဘယ်သူ့တမန်တော်လဲ ဆိုရင် တဏှာရဲ့ တမန်တော်တွေတာ ဖြစ်တယ် ။ ဒါကြောင့်မိတ်ဆွေ ! ကျွန်တော်တို့တွေဟာ ကိုကိုယ်တိုင် တမန်တော်ဖြစ်နေတယ်ဆိုတာ မမေ့ဖို့ အင်မတန် လိုအပ်ပါတယ် ။

#htoohtoolay



myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...