Skip to main content

ဒေဝါလီ ခံခြင်း ဆိုတာ !

ဒေဝါလီခံခြင်းဆိုတာ !
-----
ဒေဝါလီဆိုတဲ့စကားဟာ ဟင်ဒီဘာသာ ဒီပါလီဆိုတဲ့ စကားကနေ ဆင်းသက်လာတဲ့စကားဖြစ်ပြီး မီးအစဉ် ( မီးရှိနေသည်)လို့ အဓိပ္ပါယ် ရပါတယ် ။ မီးကို ထွန်းညှိပြီးနောက် အဲ့ဒီ့မီးကို အငြိမ်းဘဲ ထားခြင်းဆိုတဲ့စကားကို ဥပမာ တင်စားထားတာ ဖြစ်တယ် ။ ကြွေးမြီးချေးယူပြီးနောက် မပေးဆပ်ပဲ ရှောင်လွှဲနေတာကို ဒေဝါလီခံတယ်လို့ သုံးနှုန်းကြတာဖြစ်တယ် ။ ကြွေးမြီးနဲ့ မီးကို ပမာပြုရာမှာ ဘိုးတော်ဘုရားရဲ့ သက္ကရာဇ် ၁၁၄၅ ခုနှစ် ကဆုန်လဆန်း ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တော်အရ ' ကြွေးမြီးစာရင်းမှန်သမျှကို အတောင်းအထုတ် မရှိစေရ ။ ချမ်းသာစေဟု အမိန့်တော်ထုတ်ပြန်၍ မီးငြိမ်းလေပြီးသည်ကို ' လို့ဆိုပြီး စိတ်ဝင်စားဖွယ်ရာ ထုတ်ပြန်ထားတာ တွေ့ရမှာဖြစ်ပါတယ် ။

ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးများမှာ လိုက်နာနေတဲ့ ဒေဝါလီ ခံခြင်းဆိုင်ရာ ဥပဒေဟာ အိန္ဒိယနိုင်ငံက ခရစ်နှစ် ၁၁၂၈ ခုနှစ်မှာ ပထမအကြိမ် ပြဋ္ဌာန်းခဲ့တဲ့ အက်ဥပဒေကို တစ်ဆ တစ်ဆ ပြောင်းလဲလာတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ် ။ တည်ဆဲဥပဒေနှစ်ရပ်မှာ ရန်ကုန်မြို့အတွက် ခရစ် ၁၉၀၉ ခု ဒေဝါလီ အက်ဥပဒေဖြစ်ပြီး ရန်ကုန်မြို့မှ အပဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အခြားဒေသများအတွက် ခရစ် ၁၉၂၀ ပြည့်နှစ် ဒေဝါလီ အက်ဥပဒေဖြစ်တယ် ။ ကျင့်ထုံး ကျင့်နည်းများမှာတော့ ရန်ကုန်မြို့ဆိုင်ရာ ဥပဒေနဲ့ ရန်ကုန်မြို့မှအပ ဆိုင်ရာ ဥပဒေတို့မှာ ခြားနားချက်များ ရှိနေပေမယ့်လဲ မူအဖြစ်တော့ အရေးကြီးအချက်တွေဟာ ခြားနားချက်တွေ မရှိကြပါဘူး ။

အိန္ဒိယပြည်မှာ ခရစ်နှစ် ၁၈၂၅ ပထမ ကြိမ် ပြဋ္ဌာန်းခဲ့တဲ့ အက်ဥပဒေဟာ အဲ့ဒီ့အခါက အင်္ဂလန်ပြည်မှာ အတည်ဖြစ်နေတဲ့ ခရစ် ၁၈၂၅ ခုနှစ်တွင် အင်္ဂလန်ပါလီမန်က ပြဋ္ဌာန်းခဲ့တဲ့ အက်ဥပဒေကို မှီငြမ်းပြုထားတာ ဖြစ်ပါတယ် ။ အဲ့ဒီ့ ၁၈၂၅ ခု အင်္ဂလိပ်အက်ဥပဒေ မပြဋ္ဌာန်းမီက အင်္ဂလန်ပြည်မှာ အတည်ဖြစ်နေတဲ့ ဒေဝါလီ အက်ဥပဒေများရဲ့ ရည်ရွယ်ချက်တို့မှာ ကြွေးရှင်များရဲ့ အခွင့်အရေးကို ဦးစားပေးပြီး ကြွေးမြီးမဆပ်နိုင်တဲ့ မြီးစားများကို ဖိနှိပ့်ချုပ်ချယ်ဖို့ ပဓါနထားခဲ့ကြရာ ၁၈၂၅ ခုနှစ် နောက်ပိုင်းကြမှ တစ်စ တစ်စ မြီးစားများရဲ့ သက်သာမှုကို တိုးပြီး အရေးပေးလာခဲ့တာဖြစ်ပါတယ် ။

အဲ့ဒီလို တစ်စ တစ်စ ပြောင်းလဲလာခဲ့တာကြောင့် အင်္ဂလန် အိန္ဒိယနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေတို့ဟာ လက်ရှိအခြေအနေကို ရောက်လာခဲ့တာပဲဖြစ်တယ် ။ လက်ရှိ ဥပဒေများရဲ့ ရည်ရွယ်ချက်ကို အကျဉ်းအနေနဲ့ ဖေါ်ပြရရင်တော့ ကြွေးမြီးများကို အကြေမဆပ်နိုင်တဲ့ မြီးစားများအနက် ကံမကောင်း အကြောင်းမလှတဲ့အခါ အဲ့ဒီ့အခြေအနေကို ရောက်ကြတဲ့သူတွေ သက်သာစေရန်အတွက်ဖြစ်ပါတယ် ။

ကြွေးမြီးမဆပ်နိုင်တဲ့သူတွေကို ယခင်အချိန်တုန်းက ဥပဒေများမှာဆိုရင် အကျဉ်းချထားမှုကို ရက်အကန့်အသတ်မရှိရုံတာမက ထောင်ထဲမှာလဲ မိမိစရိတ်နဲ့ မိမိစားရတယ်လို့ ဆိုပါတယ်။ ၁၈၂၀ ပြည့်နှစ်မှာတော့ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းကို လျော့ချခဲ့တာဖြစ်ပြီး တစ်ချိန်က ကြွေးမြီးကို ပြန်မဆပ်နိုင်ရတဲ့ အကြောင်းအရင်းကို ခိုင်လုံအောင် မပြနိုင်တဲ့အခါ လူပုံအလည်မှာ လက်ထိပ့်ခပ်ပြီး ၂ နာရီမျှ ထားစေတာမျိုးအပြင် နားရွတ်တစ်ဖက်ကိုလဲ ဖြတ်တောက်စေတဲ့ ပြစ်ဒါဏ်ကို ချမှတ်ခဲ့ဖူးတယ်လို့ ဆိုပါတယ် ။ မြန်မာနိုင်ငံမှာ တည်ဆဲ ဒေဝါလီခံခြင်း ဥပဒေရဲ့ ပင်ရင်းဖြစ်သော ၁၈၂၀ ပြည့်နှစ်မတိုင်မီက အင်္ဂလန်ပြည်မှာ အတည်ဖြစ်နေတဲ့ အက်ဥပဒေနဲ့ အချိန်ကာလ တစ်ပြိုင်တည်းမှာပဲ မြန်မာဘုရင်များ လက်ထက်မှာ အလားတူ အက်ဥပဒေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခြားနားချက်များဟာ အထူးကို စိတ်ဝင်စားဖွယ်ရာ တွေ့ရမှာ ဖြစ်တယ် ။ ရှေးမြန်မာ ဘုရင်များရဲ့ လက်ထက်က ဒေဝါလီခံခြင်း ဥပဒေများ ရှိခဲ့တယ်လို့ဆိုရင် သိတဲ့သူဟာ အင်မတန်မှ နည်းပါးလှပါတယ် ။ မြန်မာသက္ကရာဇ် ၉၉၁ ခုနှစ်မှာ နန်းတက်တဲ့ အင်းဝဘုရင် သာလွန်မင်းတရားကြီး လက်ထက်တော်ကစပြီး ဒီနေ့အခေါ်အဖြင့် ဒေဝါလီခံခြင်း တရားဥပဒေ ( မြန်မာဝေါဟာရအနေနဲ့ ) မြီတလင်းလှည်းတရား / မြီးတောင်ခွဲတရားတို့ရဲ့ အရိပ့်အမြွတ်တို့ကို ဓမ္မသတ်စာစောင်တို့နဲ့ အမိန့်တော် ပြန်တမ်းတို့မှာ တွေ့ရှိရပါတယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...