Skip to main content

မနုသီဟ

မနုသီဟ
-----
မြန်မာနိုင်ငံမှာရှိတဲ့ ဘုရားပုထိုး အတော်များများမှာ မနုသီဟဆိုတဲ့ လူဦးခေါင်းနဲ့ ခြေင်္သေ့ခန္ဓာတစ်ပိုင်း ပါရှိပြီး အင်မတန် လက်ရာမြောက်လှတဲ့ သတ္တဝါတစ်ကောင် ရုပ်ထုကို တွေ့မြင်ဖူးပေါင်း များလှပြီးဖြစ်မှာပါ ။ သို့သော်လဲ အဲ့ဒီ့သတ္တဝါဟာ ဘယ်လို ရာစုနှစ်လောက်က ဖြစ်တည်ခဲ့တယ် ဘယ်လို ပျက်သုန်းသွားတယ် ဘယ်လိုနေထိုင်ကြပြီး ဘယ်ဒေသတွေမှာ ကျက်စားကြလဲဆိုတာတော့ မည်သူမျှ မသိကြပါဘူး ။ တကယ်တော့ ဒီသတ္တဝါဟာ အကောင်အထည်သဏ္ဍာန်နဲ့ ဘယ်ရာစုရယ်လို့ ထောက်ပြရလောက်အောင် မရှိတဲ့ စိတ်ကူးယဉ် ပုံပြင်ထဲက ဇာတ်ကောင်ပဲဖြစ်ပါတယ် ။ သို့သော်လဲ ထိုရုပ်ထုဟာ မြတ်စွာဘုရားရုပ်ထုရှေ့တော်မှောက်တို့ စေတီ ပုထိုးတွေရဲ့ အရှေ့တော်မှောက်တွေမှာ အထင်အရှားတွေ့ရလေတော့ ဒီလို အထူးအဆန်း လက်ရာမြောက်လှတဲ့ ရုပ်ထုတွေကို ရှေးယခင်ကတည်းက လူတွေ အင်မတန် စိတ်ဝင်စားခဲ့ ခေတ်စားခဲ့ဟန်တူပါတယ် ။ မနုသီဟ ဆိုတာဟာ ပါဠိစကားဖြစ်ပြီး မြန်မာလိုအဓိပ္ပါယ်မှာတော့ လူခြေင်္သေ့လို့ ဆိုပါတယ် ။

မနုသီဟ အရုပ်ကို ထုဆစ်ထားပုံဟာ အနုပညာမြောက်လှပြီး လူဦးခေါင်းမှာ မကိုဋ်သဏ္ဍာန်ရှိတဲ့ အချွန်အတက်တွေနဲ့ အလှဆင်ကာ ဦးထုတ်သဏ္ဍာန် ဆောင်းထားပါတယ်။ အမှန်တော့ မြန်မာနိုင်ငံရဲ့ အနုသီဟဆိုတာဟာ အီဂျစ်မှာရှိတဲ့ စဖင့် အရုပ်တွေနဲ့အင်မတန် တူညီမှု ရှိလှပါတယ် ။ရှေးယခင် ( လက်လှမ်းမရှီလောက်တဲ့) ရာစုနှစ်တွေအတွင်းက လူတစ်ပိုင်း ခြေင်္သေ့ တစ်ပိုင်း ရုပ်ထုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပုံတွေကို ထောက်ဆပြီးပြောရရင်တော့ ဒီ ရုပ်ထုကို စတင်သုံးစွဲလာခြင်းဟာ မည်သည့်အဓိပ္ပါယ်ကို အခြေခံထားသလဲဟု စဉ်းစားရမှာဖြစ်ပြီး ထိုအခြေခံထားခြင်းရဲ့ ထူးခြားမှု အဆက်အသွယ်တွေဟာ မည်သည်ကို ဆိုလိုကြောင်း လေ့လာသင့်ပါပေတယ်။ သို့သော် ယခုအထိတော့ ထင်သလောက် ခရီးမရောက်သေးကြပါ ။

မြန်မာနိုင်ငံမှာ ရှိတဲ့ ဒီမနုသီဟ ရုပ်ထုသမိုင်းပုံပြင်ကို ပြောရမယ်ဆိုရင်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၃၅လောက်မှာ ရာမညတိုင်း အစိတ် သုဝဏ္ဍဘုမ္မိ ကို အရှင်သောဏ အရှင်ဥတ္တရ ဆိုတဲ့ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿ က ရဟန်းပြုကံမြောက်လောက်အောင် သံဃာငါးပါးနဲ့ သာသနာပြု စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီ့အခါ သုဝဏ္ဍဘုမ္မိတိုင်း သထုံပြည်မှာ သီရိမာသောကမင်းကြီး မင်းပြုနေတဲ့အချိန်ဖြစ်တယ် ။ အဲ့ဒီ့မြို့မှာ သမုဒ္ဒရာနဲ့ နီးတဲ့အတွက် ရေစောင့်ဘီလူးတွေ နှောက်ယှက်ဖမ်းယူ စားသောက်ခြင်းကို မင်းရဲ့ အိမ်က သား ဖွားတိုင်း ခံစား နေရတယ်လို့ ဒီလိုဆိုတယ် ။ အဲ့ဒီ့ကို မထေရ်တို့ ရောက်ကြတဲ့အခါ ဘီလူးမတွေရန်က ကာကွယ်နိုင်ရန်အတွက် ဒီမနုသီဟ ခန္ဓာကြီးကို ဖန်ဆင်းပြီး ခြောက်လှန့်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက်ပိုင်းကနေစပြီး ဒီမနုသီဟ ဆိုတဲ့ ရုပ်ထုကို တွင်တွင်ကြီး သုံးစွဲလာခဲ့ခြင်း ဖြစ်တယ် ။

သို့သော် ဂရိဒဏ္ဍာရီတွေထဲက စဖင့်ရုပ်ထုတွေရဲ့ပုံပြင်သမိုင်းတွေဟာလဲ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းလှပါသေးတယ် ။ စဖင့် ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာစကားကနေ ဆင်းတက်လာတာဖြစ်ပြီး အဓိပ္ပါယ်က ဖိညှစ်ခြင်း တင်းကြပ်ခြင်းလို့ ဆိုတယ် ။ သူတို့အလိုအရ ထိုစဉ်က မုဆိုးတွေဟာ ခြေသေ့ကို အမဲလိုက်တဲ့အခါ ခြေင်္သေ့ရဲ့ လည်မြိုကို ဖိညှစ်ပြီး သတ်တာကို ဂုဏ်ယူကြတယ်လို့ ဒီလို ဆိုကာ အဲ့ဒီ့အရာကို ယူပြီး စဖင့်ဆိုတဲ့ အမည်နဲ့ ဒီလို ခြေင်္သေ့တစ်ပိုင်း လူတစ်ပိုင်း ရုပ်ထုတွေကို ထုလုပ်သုံးစွဲခဲ့ကြတာဖြစ်ပါတယ် ။ သို့သော် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေလဲ ရှိနေပါသေးတယ် ။ ဒါဟာ စဖင့်ရုပ်ထုကြီးကို ဘယ်ရာစုလောက်ကတည်း ထူလုပ်လာကြလဲဆိုတာ အတိအကျမသိသေးသလို ထိုရုပ်ထုရဲ့ သက်တမ်းကို တွက်ကြည့်လို့ ယခုအချိန်ထိ မသိရှိနိုင် မရနိုင်သေးပါကြောင်း ။

ဗဟုသုတရရှိနိုင်ကြပါစေ . . .
အစဉ်လေးစားလျက်

#htoohtoolay



myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...