Skip to main content

လေ့လာခွင့်မရခဲ့သော ရှေးဟောင်း တိဗက်ကျမ်းတစ်ခု ……

လေ့လာခွင့်မရခဲ့သော ရှေးဟောင်း တိဗက်ကျမ်းတစ်ခု ……
-----

ထေရဝါဒဓမ္မမိတ်ဆွေများ သိထားသင့်တဲ့ အရာပါလို့ ယူဆမိသောကြောင့် ရေးသားပေးရပါတယ်ခင်ဗျာ ။ အခြားသော အယူဝါဒများနှင့်ဆက်လျှင်းပြီး အမေးအဖြေများဖြစ်လာပါက ဆင်ခြင်ဖြေဆိုနိုင်စေရန်အလို့ငှာ ရည်ရွယ်ပါတယ်ခင်ဗျာ ။ ဗဟုသုတအနေနဲ့သာ ဆင်ခြင်ဖတ်ရှုကြပါခင်ဗျာ ။

တိဗက်လူမျိုးတို့ရဲ့ ရှေးဟောင်းကျမ်းတစ်ခုကို ပြန်လည်ပြုစုထားတဲ့စာတစ်ကြောင်းဖတ်လိုက်ရတယ် ။ အဲ့ဒီ့ကျမ်းက ရှေးတိဗက်ပညာရှင်တို့ ဆရာအဆက်ဆက်က နှုတ်နဲ့ယူဆောင်လာခဲ့ကြပြီး ရှစ်ရာစုအတွင်းလောက်မှ စာပေဖြစ်လာတယ်လို့ ဆိုပါတယ် ။ ကျမ်းစာအုပ်ဖြစ်ပြီးတဲ့နောက်တိုင်အောင်ကို ပညာရှင်တို့က လျှို့ဝှတ်ထားပြီးလုအများ ဖတ်ရှုလေ့လာခွင့် မရခဲ့ဘူးလို့ ဆိုပါတယ် ။ ကျမ်းပြုသူတို့က သေရေးကိစ္စကို အတက်ပညာတစ်ရပ်အဖြင့် သဘောထားကြပြီး အသေတက်လျှင် တမလွန်အကျိုးစည်းပွားဖြစ်ထွန်း၍ အသေမတက်လျှင် အကျိုးယုတ်မယ်လို့ ဒီလိုဆိုပါတယ် ။ သူတို့ရဲ့ ရည်ရွယ်ချက်က သေခြင်းတရားနဲ့ပတ်သတ်ပြီး ပညာပေးဖို့ဖြစ်ပါတယ် ။ ဒါကြောင့်သေခါနီး လူပမာကိုမှ စာအုပ်ကို ရွတ်ဖတ်ပြရတယ်လို့ ဒီလိုဆိုပါတယ် ။ လူပမာက အဲ့ဒီ့ စာအုပ်ပါအချက်တွေကို ကြားရတဲ့အခါ မိမိကြုံတွေ့ရမယ့်အရာတွေကို ကြိုတင်သိရှိနိုင်တယ်လို့ ဆိုတယ် ။ ဆွေမျိုးသားခြင်းများကလည်း သံယောဇဉ်မီး ပရိဒေဝမီးတွေကို အသိပညာနဲ့တားဆီးပြီး လူမမာက စိတ်အနှောက်အယှက်မရှိပဲ တမလွန်ဘဝကို ကုးပြောင်းနိုင်မယ်လို့ ဆိုပါတယ် ။
     စာအုပ်မှာက သေသူဖြတ်သန်းသွားရမယ့် ခရီးအဆင့်ဆင့်ကို သေချာစေ့ငစွာ ပြဆိုထားပြီး အကျမ်းဖျင်းပြောရရင် ဝိညာဉ်မှာ ခန္ဓာကိုယ်က ခွာတဲ့အခါ လေဟာပြင်ထဲကို ရောက်ရှိသွားတယ်လို့ဆိုတယ် ။ အလွန်ကြောက်စရာကောင်းတဲ့ မိုးချုန်းသံလိုအသံတစ်ခုက မြည်ဟည်းသွားတာကြားရပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ အလင်းရောင်က မှိုင်းမှိုင်းမှုန်မှုန် လွှမ်းခြုံသွားတာကို တွေ့ရလိမ့်မယ်လို့ဆိုတယ် ။ ဆွေမျိုးသားခြင်းတွေ ငိုကျွေးပြီး မိမိအလောင်းကို ဈာပနအတွက် ပြင်ဆင်နေတာတွေ တွေ့ရမယ် ။ ဒါပေမယ့် သူတို့က ကိုယ့်ကိုလည်း မမြင် အသံလဲမကြားရပါဘူးလို့ ဒီလိုဆိုပါတယ် ။ ပထမတော့ မိမိကိုယ်ကို သေသည် ရှင်သည်မကွဲပြားပဲ ဖြစ်နေလိမ့်မယ် ။ အဲ့ဒီ့နောက်မှ သေပြီဖြစ်ကြောင်း အတိအကျသိတဲ့အခါမှာတော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိပဲ စိတ်ဓါတ်တွေ ကျသွားလိမ့်မယ်လို့ ဆိုပါတယ် ။
     ဒါပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ် ရှိနေသေးတာကိုလည်း သတိပြုမိမယ် ။ အဲ့ဒီ့ခန္ဓာကိုယ်က ရုပ်ဝတ္ထုမဟုတ်တာကိုလည်း သိလိမ့်မယ် ။ နံရံ ကျောက်ဆောင်နဲ့တောင်တန်းများကိုလဲ ဖြတ်သန်းသွားလာနိုင်လိမ့်မယ်လို့ ဆိုတယ် ။ ခရီးသွားလာမှုမှာ လျှပ်တပြတ်အတွင်း ပြီးစီးလျှင်မြန်လိမ့်မယ်လို့ ဖေါ်ပြထားပါတယ် ။ အဲ့ဒီ့အချိန်မှာ သူသွားလိုရာတွေကိုသွားမယ် ။ သူ့ရဲ့ စိတ်တွေဟာ အထူးကြည်လင်ပြီး အာရုံခံအင်္ဂါတွေကအလွန်ထက်မြတ်နေတာ တွေ့ရလိမ့်မယ်လို့ ဆိုထားပါတယ် ။ အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှ အခြားဘုံသားတွေကိုလဲ သူတွေ့ခွင့်ရပြီး သူ့လိုပဲ အာရုံခံ အထူးတွေ လျှင်မြန်မှုတွေ ရုပ်အထူးတွေရှိကြောင်းသူသတိပြု တွေ့မြင်ရလိမ့်မယ်လို့ ဆိုပါတယ် ။
     နောက်တော့ သန့်ရှင်းကြည်လင်တဲ့ အလင်းရောင်ကိုလည်းတွေ့ရပြီး အဲ့ဒီ့အလင်းရောင်အနီးကို ချည်းကပ်သွားတဲ့အခါ မေတ္တာ ကရုဏာတရးရှိရန်အတွက် လည်းကောင်းကျမ်းစာက သေခါနီးလူများကို သတိပေးထားတာပါလို့ ဒီလိုသိရပါတယ် ။ သေခါနီးလူက စိတ်လက်သာယာချမ်းမြေ့ပုံ တမလွန်လောကမှာ ကြေးမုံပြင်ကဲ့သို့အရာတစ်ခုကိုတွေ့ရပြီး လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေ ပေါ်လာပြီးတဲ့အခါ နတ်များက ကံကြမ္မာကို စီရင်ဆုံးဖြတ်ပုံများကိုလဲ တိဗက်ကျမ်းစာက ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါတယ်လို့ ဒီလိုဆိုထားတာတွေ့ရှိရလေသောကြောင့် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ။ ဟိန္ဒူဝေဒကျမ်းနဲ့တော့ အင်မတန် နီးစပ်တာပေါ့လေ ……

 #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...