Skip to main content

အကြောင်းအကျိုးနှင့် စည်းဆိုတာ !

အကြောင်းအကျိုးနှင့် စည်းဆိုတာ !
-----
ဗုဒ္ဓရဲ့ တရားသဘောတွေကို အနှစ်ချုပ်ဆင်ခြင်ကြည့်မယ်ဆိုရင် အကြမ်းထည်ပြောရမယ်ဆိုပါစို့ခင်ဗျာ ။ ဘာကိုမှ အစိုးမရတဲ့လောကကြီးမှာ အစိုးရတယ်ဆိုတာမရှိလေတော့ ဖြစ်သမျှကို ထိုင်ကြည့်နေရုံတာ ရှိတော့တာပေါ့ ။ အရိယာသုတော်စင်တွေဟာ အကြောက်တရားကို လုပ်ယူဖျောက်ပစ်လိုက်တာမဟုတ်ကြဘူးလေ ။ သူတို့က ဒါရှိလာလို့ဒါဖြစ်လာတာပါဆိုတာ သိမြင်နေတာမို့လို့ပါ ။ ဒီအကြောင်းပျက်သွားတာ တစ်ခြားစည်းနဲ့ ညီသွားတာပါလို့ ပြောကြတယ် / မှတ်ယူတက်ကြတယ်မဟုတ်လား ။ သိပ့်မှန်တာပေါ့ ။ ဒါပေမယ့် စည်းလို့ ဒီလိုသုံးတဲ့အခါ အဓိပ္ပါယ်က ပုံစံချပြီးသားလို့ အဓိပ္ပါယ် တက်ရောက်သွားတာတော့ရှိတယ် ။ အဲ့ဒါကလဲ အစ္စလာမ်ဘာသာကို လေ့လာမိရင် သိသာတယ် ။ သူတို့က ဖြစ်သမျှ အရာတိုင်းဟာ စည်းဆိုတဲ့ ချမှတ်ပြီးသားပုံစံကွက်ရှိတယ်လို့ သတ်မှတ်ကြတယ်လေ ။ ဘုရားသခင်အလိုတော်ကျ တစ်နည်း အလ္လာမ်ရဲ့ အမိန့်တော်အရပေါ့ ။ ဒါကိုထပ်ခွဲတဲ့အခါ စည်းဆိုကတည်းက ပုံစံတွေက တစ်ပုံစံတည်း ရှိရမယ်လို့ ပြောတာနဲ့ အင်မတန် နီးစပ်သွားတယ် ။ ဥပမာကြည့်လေ ။ အချိုရေစက်ရုံက ဒီဇိုင်းလှလှနဲ့ ပုံစံကွက်တစ်ခု လုပ်ထားတယ် ။ အဲ့ပုံစံခွက်ထဲကအတိုင်းပဲ ထုတ်ကုန် ထုတ်တဲ့အခါ အားလုံး အတူတူပဲ ထွက်လာတယ် ။ ဒါကို စည်း ပုံစံခွက်လို့ ခေါ်တယ် ။သေခြာဆင်ခြင်ကြည့် / စဉ်းစားကြည့်စမ်းးးး ! အဲ့လိုတာဆိုရင် လူတွေဟာ ဘာကြောင့် ခေါင်းနှစ်လုံးတို့ ဘာတို့ မွေးတော့ ပါလာရတာလဲနော် ။ ဒါက ပုံစံခွက် စည်းအတွင်းကဆိုတာကို တိတိလင်းလင်း ငြင်းနေတာပဲမဟုတ်လား ! ဒါ ဟာ စည်းလွတ်တယ်လို့ ခေါ်လို့ရမလား ? ။ အဲ့လိုပဲ ဗုဒ္ဓမှာကြတော့ အကြောင်း အကျိုးဆိုတာ ရှိတယ်လေ ။ အကြောင်းရယ် ။ အကျိုးရယ် ။ ဒီအကြောင်းက ဒီအကျိုးကို ထုတ်ပေးပေမယ့် ဒီထုတ်လိုက်တဲ့ အကျိုးက နောက်ထပ်အကြောင်းတစ်ခုဖြစ်တယ် ။ အဲ့ဒီ့ဖြစ်ဖို့အတွက် ကလဲ များစွာသောအကြောင်းတိုင်းက ကျေးဇူးပြုရတယ်ပေါ့ ။ ဥပမာကြည့်ကွာ ။ ဗုဒ္ဓရဲ့ အကြောင်းများစွာကျေးဇူးပြုတယ်ဆိုတာမှာ ဒီကမ္ဘာ့နိယာမက အလွန်သေးငယ်တဲ့ မြူတစ်ခုထိတိုင်အောင် ကျေးဇူးပြုတယ်လေ ။ ဥပမာပြောရရင် စားပွဲတစ်ခုအပေါ်မှာ ရေခွက်တစ်ခွက်ထားလိုက် ။ အဲ့ဒီ့ရေခွက်ထဲလက်ထည့်လိုက်တာနဲ့ ရေတွေဟာ လျှံကျသွားတယ် ။ ဒါက အပေါ်ရံကိုပြောတာ ။ ထောက်ပံ့ကျေးဇူးပြုတာကိုပြောရရင် ခွက်ရှိမယ် ။ ရေရှိမယ် ။ ရေဆိုတာတောင် H(2)O နော် ။ ဟိုက်ဒရိုဂျင်နှစ်ခု အောက်စီဂျင်တစ်ခု အဲ့လိုအမျိုးစားက နှစ်မျိုးတောင်ဖွဲ့စည်းထားမယ် ။ စားပွဲရှိမယ် ။ အောက်က ထောက်တဲ့ ကြမ်းရှိမယ် ။ ကြမ်းကို မ, တည်တဲ့ မြေရှိမယ် ။ မြေကိုတည်တဲ့ လေရှိမယ် ။ စုစည်းထားတဲ့ ရေရှိမယ် ။ ဓါတ်ပြောင်းနေအောင်ပြုထားပေးမဲ့ တေဇော အစရှိတာတွေက ကမ္ဘာ့ဆွဲအား အစရှိတာတွေကိုမှာ အသေးစိတ် ထောက်ပံ့ရတယ် ။ ဒီပုံစံဖြစ်ဖို့အတွက် စည်းထဲကျသွားတာမဟုတ်ဘူး ။ ဖြစ်ပြီးပေါ်လာတဲ့ ခန္ဓာအသစ်လို့ ပြောတာ ။ စည်းဆိုတာထက် နက်နဲတယ်ပေါ့ ။ သူတို့က သူတို့အလုပ် သူတို့ လုပ်ရုံပဲ ပုံစံခွက်လို တစ်နည်း စည်းတစ်ခုလို ဒါလုပ်ရင် ဒီပုံပဲထွက်ပေါ်ရမယ်ဆိုတာ မဟုတ်ဘူး။ သူ့အမျိုးအစားတိုင်းပဲသူတို့က ထောက်ပံ့သွားတယ် ။ ကျေးဇူးပြုသွားတယ်။ ဥပမာနဲ့ထင်ရှားအောင် ပြောရရင်တော့ ဟင်းတစ်ပွဲလိုပဲ ။ ဆားရှိမယ် အချိုမှုန့် ငံပြာရည် အစရှိတာတွေအားလုံးရောပြီး ဟင်းချက်လိုက်တယ် ။ ဆားက ဆားအတိုင်းပဲကျေးဇူးပြုတာပဲ ။ အချိုမှုန်ရော ငံပြာရေရော အစရှိတာတွေဟာ သူ့သဘောအတိုင်းပဲ ကျေးဇူးပြုတာပဲ ။ ခန္ဓာက ချက်လိုက်လို့ စည်းကျသွားတာမဟုတ်ဘူး ။ ဆားများရင်များသလောက် ငံမှာပဲ ။ အဲ့လိုပြောတာ ။ ဗုဒ္ဓရဲ့ အကြောင်းများစွာဆိုတာ ။ အဲ့ဒီလိုစုစည်းပြီးမှ အရသာမျိုးကိုစုစားတဲ့အခါအသစ်အရသာထွက်သွားတယ် မဟုတ်လား ။ အဲ့ဒါ ပညတ်ခန္ဓာအသစ်ပေါ့ ။ အဲ့ဒါက စည်းထဲကလွတ်ပြီး အကြောင်းရှိလို့ အကျိုးဖြစ်သွားတာပါ ။ စည်းနဲ့ အကြောင်းအကျိုးဆိုတာ တူမလိုလိုနဲ့ အင်မဆန်ကွဲတာကို နားလည်အောင်င် အရှည်ကြီးပြောရတာပါသူငယ်ချင်း ။

ဒါကြောင့် စည်းထဲကလွတ်တဲ့သူ ဘောင်လွတ်တဲ့သူဆိုတာဟာ အကြောင်းအကျိုးထဲကတော့ လုံးဝလွတ်တယ်လို့ ယူလို့မရပါဘူးလေ ။ ဘာကြောင့်လဲဆို စည်းနဲ့ အကြောင်းအကျိုးနဲ့က လုံးဝမတူလို့ပဲကိုးးး ။ ဒါက စည်းကိုပြောတာပါ ။ အကြောက်တရားနဲ့ပတ်သတ်ပြီးတော့ တော့ နည်းနည်းပြောရရင် အရိယာ သူတော်စင်တွေက ငါမကြောက်ဘူးဆိုပြီး လုပ်ယူလိုက်တာမျိုးမရှိဘူး ။ အဲ့လိုမကြောက်တာကို ကွယ်ပျောက်သွားတယ်လို့ထင်ကြတယ် ။ အဲ့ဒီလိုမဟုတ်ဘူး သူငယ်ချင်းရဲ့ ။ အရိယာတွေလဲ နာကျင်တက်တယ် မကောင်းတာ ကောင်းတာကို ခွဲခြားနိုင်တဲ့ ပညာရှိတယ် ။ ခန္ဓာအစဉ်က အဖြစ်အပျက်ကို ဝိပဿနာရှုပြီး ဖြစ်ပျက်တာကို မျက်မှောက်ပြုနေတဲ့အခါ ဒါရှိရင် ဒါဖြစ်လာတာပါပဲဆိုတာ သိနေတော့ အထူးအဆန်းကြောက်စရာလဲမဟုတ် ဝမ်းနည်းစရာလဲမဟုတ် သူ့သဘောအတိုင်းသူဖြစ်တာပဲလို့ ဒီလို မျက်မှောက်ထင်ထင်တွေ့မြင်နေလို့တာ ကြောက်ခြင်းဆိုတာ မရှိတော့တာပါ ။ ဥပမာပြောရရင် တစ်ခါကတက္ကသိုလ်မှာ သုညဝါဒဆိုတဲ့ အယုပေါ်ဖူးတယ် ။ အဲ့ဒီ့အယူကိုလက်မခံပေမယ့် သူသုံးတဲ့အသုံးလေးပြောရရင် လူတစ်ယောက်ဟာ ညအမှောင်ထဲမှာကျနေတဲ့ ကြိုးခွေကိုထင်ထင်ရှားရှားမသိလေတော့ မြွေထင်တယ်တဲ့ ။ အမှန်က ကြိုးပါပဲတဲ့ ။ အလင်းရောင် အလွန်ကောင်းတဲ့အခါ ထင်ထင်ရှားရှားတွေ့တော့ ကြိုးဆိုတာသိပြီး ကြောက်စိတ်မရှိတော့တာမျိုးပေါ့ ။ ဒါက ကြောက်စိတ်နဲ့ပတ်သတ်ပြီး သူ့ဥပမာကိုပြောတာနော် ။ သူ့အလိုကတော့ နိဗ္ဗာန်ဆိုတာ ဒီလူ့လောကကိုပြောတာလို့ ဆိုလိုချင်တာ ။ အဲ့ဒါကို ယူသုံးတာမဟုတ်ဘူးနော် ။ အဲ့လို စည်းအတွင်းကထွက်ပြီး ဘောင်လွတ်တယ်လို့ ဆိုတာဟာ စည်းဆိုတဲ့ ပုံစံခွက်ကြီးထဲကထွက်ပြီး ဒီအကြောင်းရှိလို့ ဒီအကြောင်းပေါ်လာတာ ။ ပေါ်လာတဲ့အကျိုးတရားကလဲ ပုံစံခွက်စည်းထဲကမဟုတ်ဘူး ။ လုံးဝဒီဇိုင်းအသစ် ဘယ်သူမှ ဖေါ်ထားတဲ့ပုံစံမဟုတ်သလို ဒီပုံစံပဲထွက်ပါမယ်လို့ ပြောလို့မရတဲ့ ခန္ဓာအသစ်တွေပါ ။ ဒါကို စည်းလွတ်တယ် ဘောင်ထဲက လွတ်တယ်လို့ ဒီနေရာမှာသုံးတာပါ ။ အဲ့လို ဖြစ်လိုက် ခန္ဓာအသစ်ဖြစ်လိုက် ။ ထက်အကြောင်းဖြစ်လေတော့ ထက်ဖြစ် ထပ်ပျက် ။ အဲ့လို မဆုံးနိုင်ပဲ ဖြစ်လိုက် ပျက်လိုက်ကိုက အနတ္တလို့ ဒီလိုသုံးလို့ ရသွားတာပေါ့ ။ အဆုံးမရှိတော့ဘူးလေ ။ စည်းထက် လွန်သွားတာကိုးးး ။ အမှန်တော့ စည်းကို အကြောင်းအကျိုးလို့ ဒီလိုသုံးလိုတာဟာ အမှားပါ ။ အဲ့လိုက အပေါ်ရံသုံးလို့ရပါတယ် ။ မှန်တယ် ။ ဒါပေမယ့် အကြောင်းအကျိုးက စည်းထက် လွန်ပြီး အများချည်း ကွဲပြားတာပါ သူငယ်ချင်း ။ အချိန်ယူပြီးဆင်ခြင်ကြည့်ပါ ။ ထင်ရှားလာမှာပဲ ။ ဘာကြောင့်လဲဆို အဲ့ဒီ့အကြောင်းအကျိုးဆိုတာဟာ ထင်ရှားရှိတဲ့ ဘောင်လွတ်တဲ့ အကြောင်းအကျိုး အနတ္တဆိုတာ အဖြစ်တရား ပရမတ္တဖြစ်နေလို့ပါပဲသူငယ်ချင်းရေ ။

လူသည် ပဋိသန္ဓေစိတ်ဖြစ်ပြီးတကာလ အိုခြင်း နာခြင်း သေခြင်းကို မလွန်မြောက်သည်ရှိသောကြောင့် လောကဘောင်ကြီးအတွင်း ကြဉ်လည်ဖြတ်သန်း နိုးထ လှုပ်ရရှားနေရကား တစ်နေ့ ပြီး တစ်နေ့ တစ်ချိန်ပြီး တစ်ချိန် တစ်နာရီပြီး တစ်နာရီအလျောက် လောဘ ဒေါသ မောဟ များဖုံးလွှမ်းလျက် ဝိဇ္ဇာအမြင်ကိုကွယ်ကာ တိုးတက်ရာတိုးတက်ကြောင်းဟာ ယုံမှတ်သော လောကီ ဥစ္စာ ရာထူး စည်းစိမ်တို့အတွက် မရပ်မနား ပင်ပန်းကြီးစွာ ရှာဖွေနေကြလေသည် ။ တစ်ဦးအပေါ်တစ်ဦး တစ်ယောက်အပေါ်တစ်ယောက် အကောင်းမြင်မှု ကုသိုလ်ပွားမှုသည် ငွေကြေးဓန ဥစ္စာ နေရာဌာနတို့နှင့် ယှဉ်ပြိုင်ရသည်ရှိသော် အနောက်သို့တိုင် ကျရောက်ခဲ့ရလေပြီ ။ ထိုသူတို့သည် အိုခြင်းကို မေ့နေကြသလော ။ သို့မဟုတ် မသိကြသလော ။ သူသည် တစ်နေ့ တစ်နေ့ လှုပ်ရှားရုန်းကန်နေကြပြီးတကာလ တစ်ခုသော အကြောင်းကြောင့် ရုတ်တရပ် စုတိစိတ်ဖြစ်ပါက အဘယ်သို့ ပြုရအံ့နည်း။ ထိုသူသည် အဘယ်သို့သော ကောင်းမှုကို ပြု၍ အဘယ်သို့သော အကုသိုလ် ကုသိုလ်ကို ဝေခွဲနိုင်ရကား အဘယ်ဘုံသို့တိုင် တက်ရောက်နိုင်မည်နည်း ။ ထိုသူအတွက် အာမခံချက်မရှိ ။ အိုခြင်းမေ့နေသောကြောင့် မအိုမီ ရှာမှီးခဲ့သော ဥစ္စာတို့အပေါ် တက်မက်သော လောဘ တစ်ပါးသူအား မပေးလိုသော ဝန်တိုမှု အစရှိသည်တို့၏ ကျေးဇူး စေတသိက်တို့ကိုသာ လက်ဝယ်ကျကျ ပိုက်ထွေးမိသည်ဖြစ်သောကြောင့် သူသည် စုတိစိတ် သန့်ရှင်းပေလိမ့်မည်ဟု မည်သူမျှ အာမခံချက်မပေးသာပေ ။ ထို့အတူပင် ထိုသူကိုယ်တိုင်ပင် အာမခံအပ်၏ဟု မမှတ်ယူနိုင်ပေ ။ ဤသည်မှာ အိုခြင်းကို မေ့နေသောသူ၏ အကြောင်းတည်း ။ ထိုအကြောင်းကိုလိုက်၍ သူအိုဘဝတိုင် တက်ရောက်နေချိန်တွင်လဲ သူသည် သေဆုံးခြင်းကို မေ့လျော့နေပြန်သည် ။ မေ့နေခြင်းသည်လော သို့မဟုတ် လုံးဝမသိခြင်းသည်လော ။ ဤလောနှစ်ခုအကြား တွေဝေမှုမောဟတရားသည် လွန်စွာကြီးမားရပြန်လေသည် ။ အရသာခံတွင်းမှ အာရုံခံများအားနည်းမှုကြောင့် ပျက်ယွန်းနေသောရသခံတွင်းသည် မပေါ့ မငံ အလွန်အင်မတန်လျော့ပါးရသောကြောင့် ခံတွင်းတွေ့ဖွယ် အာသာတို့ကို ရှာမှီးပြန်လေသည် ။ တဏှာသည် ခန္ဓာအပေါ်တပ်မက်မှု လျော့ပါးလေသော်လည်း ဥစ္စာဓန မိတ်ဆွေ သားသမီးတို့အပေါ် သံယောဇဉ်ဟု ဆိုအပ်သောကြိုးအား နွားနှစ်ကောင် ယှဉ်ကာ တုတ်သည့် နည်းတူ ဤနွား၏ကြိုး ထိုနွား၏ကြိုးဟု ပြောဆိုကုန်ကြပြန်၏ ။ သံယောဇဉ်သည် ကြိုးဟုဆိုသော် မည်သည့်နွား၏ကြိုးဟုသက်မှတ်နိုင်ခြင်းငှာမစွမ်းသာသည်တာဖြစ်သောကြောင့် ကြိုးကိုပင် ဖျက်ရာသင့်လေတော့၏ ။ သံယောဇဉ်ကြိုးသည် အိုသူ၏ သန္တန်၌ အားကြီးသော မောဟကို မီးထိုးပေးနေရကား အားကြီးလေလေ ထိုမီး တောက်လောင်လေပင်တည်း ။ ဤသည်မှာ သေခြင်းမေ့သောသူ၏ အပေါ်ရံသုံးသပ်မှုအဖြင့်တည်း ။
သေခြင်းမေ့သူသည် သေဆုံးချိန်တိုင်ရောက်သော်လည်း မသေမီအချိန်ကာလများဆီက ပြုခဲ့သော ကုသိုလ်အမှု ပြုခဲ့သော အကုသိုလ်အမှုတို့အား တစ်ဖန်ပြန်၍ အင်တိုက်အားတိုက် ယှဉ်ပြိုင်နေရာယူပြန်ကာ သဘောတွေ့သောဘဝင်ကိုပင် ပြန်၍ ထင်လေသည် ။ ဘဝင်ဘယ်မှာ ကျမည်နည်း ။ ထိုနေရာကျမည် ဤနေရာကျမည်မသိရကား ဘဝင်ကျကာ စုတိစိတ်မှတစ်ဖန် သန္ဓေစိတ်ကို ရောက်သည့်တိုင် သူသည် ဘဝင်ကို တွေ့ရှိခြင်းမရှိရုံသာမက လောဘ ဒေါသ မောဟ တို့နှင့်အတူ အဒေါသ အလောဘ အမောဟဟုသော ဟိတ်တရားများကို ပြန်လည် ယူဆောင်ခြင်းငှာ စွမ်းပြန်သည် ။ သံသရာ အစဉ် ကြောက်စရာကောင်းလေစွတည်း ။ သုံးသပ်ခြင်က သုံးသပ်ခြင်ဆင်သလောက် ကျေနပ်စရာမတွေ့ပေ ။ ဤသည်မှာ ဒုက္ခ၏ အစဟု ပျက်တိုင်း ပျက်တိုင်း ခဏ၌ ညာဏယှဉ် သိသင့်လေတော့၏ ။ နည်းနည်းဆင်ခြင်က နည်းနည်းမြင်၏ များများဆင်ခြင်က များများမြင်၏ ။ နည်းနည်းမြင်သောသူသည် နိဗ္ဗာန်ကို နည်းနည်းလိုချင်၏ ။ များများမြင်သောသူသည် နိဗ္ဗာန်ကို များများလိုချင်၏ ။ နိဗ္ဗာန်မလိုချင်ခြင်းမှာ လုံးဝမမြင်သောကြောင့်ဟု မောဟတရား အားကြီးပုံကို အမှန်သိပါလေတော့လော ……

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...