တဏှာဖြစ်ရင် သံသရာစက် လည်သွားတယ်
------
မြင်သိမှု ကြားသိမှု အစရှိသော ဝိညာဏ် ခြောက်ပါးဖြစ်တိုင်း နာမ်ရုပ်လဲ တစ်ပါးတည်း ပူးတွဲပြီးဖြစ်တယ် ။ အာရုံကိုတွေ့တဲ့ ဖဿလဲ ပါဝင်ပြီးဖြစ်တယ် ။ ခံစားမှု ဝေဒနာ တစ်မျိုးမျိုးကလဲ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း ထိသိတိုင်း ကြံသိတိုင်း ပါဝင်ပြီးဖြစ်ပါတယ် ။ အဲ့ဒီလို ခံစားမှုဝေဒနာဖြစ်တိုင်း ကိလေသာမကင်းသေးတဲ့ သာမန်ပုဂ္ဂိုလ်တွေမှာ သာယာတောင်းတတဲ့ တဏှာဖြစ်တယ် ။ တဏှာဖြစ်မှတော့ စွဲလမ်းတဲ့ ဥပါဒါန်လဲဖြစ်တယ် ။ စွဲလမ်းမိတဲ့အတိုင်း ကမ္မဘဝခေါ်တဲ့ ကုသိုလ်ကံ တစ်ခုခုကိုလဲ ပြုမိတော့တာပဲ ။ အဲ့ဒီ့ကံက အကြောင်းညီညွတ်တဲ့အခါ ဘဝအသစ်ကို ဖြစ်စေတယ် ။ အဲ့ဒီ့ ဖြစ်ရာဘဝမှာ အိုရတယ် ။ နာရတယ် ။ သေရတာချည်းပါပဲ ။ အဲ့ဒီ့အပြင် စိုးရိမ်ကြောင့်ကျမှု / ငိုကြွေးမြည်တမ်းမှု / ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်မှု / ပူဆွေးတောင်းတမှု အစရှိတဲ့ ဆင်းရဲတွေဟာလဲ ဖြစ်လာရတော့တယ် ။ ဒါဟာ ခံစားမှု ဝေဒနာမှာဆက်ပြီး တဏှာမဖြစ်ရအောင် အားထုတ်ဖို့လိုတယ်ဆိုတာ ထင်ရှားလှပါတယ် ။
#htoohtoolay

Comments
Post a Comment