Skip to main content

ကူလီဆိုတာ ဘာလဲ ?

ကူလီ ဆိုတာ သင်သိလား ?
-----
ကူလီဆိုတဲ့ ဝေါဟာရဟာ တမိလ်ဘာသာ စကားကနေ ဆင်းသက်လာတယ်လို့ ဒီလိုယူဆကြပါတယ် ။ ကူလီရဲ့ အဓိပ္ပါယ်က ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမားလို့ ဆိုတယ် ။ အလုပ်ကြမ်းသမားများကို ဟိန္ဒူစတန္နီစကား ဗင်္ဂါလီ စကား များနဲ့လဲ ကူလီလို့ပဲ ခေါ်ဆိုကြရုံသာမကသေးပါဘူး အရှေ့ပိုင်းနိုင်ငံများမှာ မိမိတို့ ဘာသာရင်းသဖွယ် သုံးနှုန်းနေကြပါတယ် ။ သီပေါမင်းလက်ထက် ယောအတွင်းဝန်ဦးဖိုးလှိုင်ရေးသားတဲ့ မဟာသုဇာတကကျမ်းမှာ " ဝန်ထမ်းကူလီ " လို့ သုံးနှုန်းထားတာ တွေ့ရတယ် ။ လယ်တီဆရာတော်ကလည်း မဂ္ဂင်္ဂဒီပနီမှာ " ကူလီလုပ်မှု " " ကူလီလုပ်ရာ ဌာန " လို့ ဒီလို သုံးနှုန်းခဲ့ပါတယ် ။

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံများမှာ လူဦးရေ များပြားတာကြောင့်ဖြစ်စေ မိမိတို့ နိုင်ငံမှာ အလုပ်သမားများရဲ့ လုပ်အားကို အစွမ်းကုန် အသုံးမချနိုင်တာဖြစ်စေ ၁၉ ရာစုနှစ် နောက်ပိုင်းနဲ့ ၂၀ ရာစုနှစ် အစလောက်မှာ ကူလီအလုပ်သမားများကို ဈေးပေါပေါနဲ့ နိုင်ငံခြားတွေဆီ ပို့ပေးခဲ့ကြပါတယ် ။ သူတို့ဟာ နိုင်ငံတကာကို လှည့်လည်သွားလာလုပ်ကိုင်ပြီး ငွေကြေး ရှာဖွေလေ့ ရှိကြပါတယ် ။ အထူးသဖြင့်တော့ ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများမှာရှိတဲ့ ဆိမ့်ကမ်း မြို့ကြီးတွေမှာ အလုပ်ကြမ်းသမားများအနေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ် ။

၁၈၃၃ ခုနှစ်မှာ တောင်အမေရိကတိုက်နဲ့ အနောက်အိန္ဒိယကျွန်းစုများမှာ ငွေဝယ်ကျွန်စနစ်ကို ပယ်ဖျက်လိုက်တာကြောင့် အဲ့ဒီ့ ဒေသများမှာရှိတဲ့ စိုက်ပျိုးရေး လုပ်ငန်းကြီးတွေမှာ လုပ်ငန်းတွေ ပျက်ဆီးတော့မဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေက ကူလီများ ရရှိခဲ့ပြီး မရှုမလှ လုံးဝ ပျက်ဆီးခြင်းကိုတော့ မရောက်ရှိခဲ့ကြတာဖြစ်တယ် ။ ရှေးအခါက မြန်မာနိုင်ငံမှာ လယ်ယာများအတွင်း အလုပ်လုပ်ကြတဲ့ သူရင်းငှားများမှအပ အလုပ်ကြမ်း ကူလီအဖြင့် အသက်မွေးဝမ်းသူတွေ နည်းပါးကြပါတယ် ။ အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးတဲ့ အချိန်မှာတော့ နိုင်ငံခြားကို ဆန်စပါးရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်ကောင်းမွန်လာတော့တယ် ။ အဲ့ဒီ့အတွက် လုပ်သားများကို အိန္ဒိယနိုင်ငံက ကူလီတွေကိုခေါ်ပြီး မြစ်ဝကျွန်းပေါ်အရပ်မှာ လယ်များ တီထွင်လုပ်ကိုင်စေပါတယ် ။ ၂၀ ရာစုနှစ်အစပိုင်းမှာ မြန်မာနိုင်ငံ စက်ရုံများနဲ့ ဆိပ့်ကမ်းများမှာ လုပ်ကိုင်ဖို့အတွက် အိန္ဒိယ နိုင်ငံကနေ ကူလီအမြောက်အများကို ခေါ်ယူခဲ့ကြပြန်တယ် ။ ၁၉၀၆ ခုနှစ်မှ ၁၉၃၀ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ ၃ သိန်းခန့် ဝင်ရောက်ပြီး ၂ သိန်းခွဲခန့်သာ ပြန်ထွက်သွားလေ့ ရှိတယ်လို့ ဆိုတယ် ။ ဒါပေမယ့် ၃၅၀၀၀ မျှရှိတဲ့ အိန္ဒိ ကူလီတို့ဟာ မြန်မာနိုင်ငံမှာ အမြဲ ရှိနေကြပါတယ် ။ အဲ့ဒီ့ ကူလီများကို ကုမ္ပဏီကြီးများအတွက် မေစရီ ခေါ် ကူလီခေါင်းကြီးများက ကန်ထရိုက်စာချုပ်နဲ့ ခေါ်ယူခဲ့ကြတယ် ။ အဲ့ဒီ့အခါက ကူလီများရဲ့ အခြေအနေက အလွန်ကို စိုးရွားလှပါတယ် ။ ကူလီများမှာ မေစရီမကနေ တစ်ဆင့် မှ တစ်ဆင့် လွှဲပြောင်း ခိုင်းစေခြင်းတွေလဲ ခံကြရတယ် ။ မေစရီများကို မိမိတို့ နေ့စားရ ဝင်ငွေများထဲကနေလဲ ကော်မရှင်များ ပေးကြရတယ် ။ အဲ့ဒီလို မေစရီတွေ ခေါင်းပုံဖြတ်တာ အလုပ်သမား စုံစမ်းရေး ကော်မရှင် အစီရင်ခံစာတွေမှာ ထင်ရှားစွာ တွေ့ရှိရမှာဖြစ်ပါတယ် ။ ထိုစဉ်က ထင်ရှားစွာတည်မြဲနေတဲ့ လက်မှုပညာသည်များ အက်ဥပဒေနဲ့ အလုပ်သမား ပဋိညာဉ် ပျက်မှု အက်ဥပဒေတို့မှာ မေစရီများနဲ့ လုပ်ငန်းပိုင်ရှင်များကို ကာကွယ်ပေးနေကြသလို ရှိနေတယ် ။

ထိုဥပဒေများအရ အလုပ်သမားများကို စရန်ငွေ ကြိုတင်ပေးရခြင်းကြောင့် အဲ့ဒီ့ငွေများ ပြန်လည်အောင် အလုပ်သမားများရဲ့ ရက်သတ္တပတ် ဝင်ငွေများကနေ ဖြတ်တောက်နိုင်ခြင်း ငွေမကျေပဲ ဖြစ်စေ စာချုပ်ထားတဲ့ အချိန်ကာလ မကုန်ဆုံးသေးပဲဖြစ်စေ အခြားလုပ်ငန်းတစ်ခုကို ပြောင်းရွေ့မလုပ်ကိုင်ရခြင်းတွေ ပါဝင်ပါတယ် ။ ထိုစဉ်က အလုပ်သမားများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ အလုပ်သမား သမဂ္ဂများ အခြားစေတနာ့ဝန်ထမ်းများ မရှိခဲ့ကြပါဘူး ။

၁၉၃၀ ပြည့်နှစ်မှာ ပင်လယ်ကူး သင်္ဘောကြီးတွေဆီ မြန်မာကူလီနဲ့ ကုလားကူလီတွေက ကုန်တင် ကုန်ချ ဝင်ရောက်လုပ်ကိုင်တာကနေစပြီး ကုလား - မြန်မာအဓိကရုဏ်းကြီး ဖြစ်ပွားခဲ့တော့တယ် ။ အဲ့ဒီ့အချိန်ကနေစပြီး မြန်မာနိုင်ငံမှာ ကုလားကူလီတွေ တဖြေးဖြေး နည်းပါးလာခဲ့ပါတော့တယ် ။ ဒုတိယ ကမ္ဘာစစ် ပြီးတဲ့နောက် ကူလီဆိုတဲ့ ဝေါဟာရကို မသုံးပဲ အလုပ်သမားဆိုတဲ့ စကားကို သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတယ် ။ နိုင်ငံတော်အစိုးရက အလုပ်သမားအကျိုး ဖြစ်ထွန်းစေမဲ့ ဥပဒေများကို တစ်ခုပြီး တစ်ခု ပြဋ္ဌာန်းလာတယ် ။ အလုပ်သမားများဟာ တိုင်းပြည်စည်ပင်ဖွံ့ဖြိုးရေးအတွက် မိမိတို့လုပ်အားနဲ့ ပါဝင်ထမ်းဆောင်ကြတာကြောင့် လူ့သမိုင်းပြု ပုဂ္ဂိုလ်များလို့ ဒီလို ခေါ်ဆိုထိုက်သူတွေပဲ ဖြစ်ပါတော့တယ်ခင်ဗျာ ။

#htoohtoolay

myothetzaw23.blogspot.com
ကူလီ ဆိုတာ !

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...