Skip to main content

တစ္ဆေသင်္ဘော

တစ္ဆေသင်္ဘော
----
ရှင်းလင်းချက်မပြနိုင်တဲ့ ဖြစ်ရပ်များဟာ ကမ္ဘာတစ်ဝန်းလုံးမှာ များပြားလှစွာ ဖြစ်ပျက်လျက်ရှိကြပါတယ်။ အဲ့ဒါအပြင် အဲ့ဒီ့ဖြစ်ရပ်များက မြေကမ္ဘာပေါ်တာမကပဲ ကမ္ဘာကြီးကို ဖုံးလွှမ်းတည်ရှိနေတဲ့ သုံးပုံ နှစ်ပုံအချိုးရှိနေသော ရေထုထဲမှာပါ ဖြစ်ပေါ်လျက်ရှိပါတယ် ။ အလွန်ထူးခြားချက်တစ်ခုကတော့ စီးသူမဲ့ မောင်းသူမဲ့ပြီး ရွှတ်လွှင့်နေတဲ့ ကြီးမားသော တစ္ဆေသဘောင်္များကို လူအများဟာ မကြာခဏ တွေ့နေရတာပါပဲ ။ အချို့ဖြစ်ရပ်တွေက သင်္ဘောပေါ်လိုက်ပါသွားတဲ့ ကပ္ပတိန်မှအစ သင်္ဘောသားအားလုံး အလွန်ထူးဆန်းစွာ အစအနပါမကျန် ပျောက်ဆုံးသွားတက်ခြင်းပါပဲ ။ အဲ့ဒီ့အထဲမှ "သည်ဖလိုင်းယင်းဒပ်ခ်ျမင်းန် " ဆိုတဲ့ သင်္ဘောကတော့ ဒဏ္ဍာရီအရ ကောင်းကင်ဘုံရဲ့ ကျိမ်စာတိုက်ခံရကာ တစ္ဆေသင်္ဘောဘဝကို ရောက်သွားပါတယ်ဆိုတာလဲ တစ်ချက်အပါဝင်ဖြစ်တယ် ။

သင်္ဘောသားများအတွက် နိမိတ်ဆိုးလို့ လူပြောများလှတဲ့ ယင်းဒပ်ခ်ျမင်းန် ခေါ် တစ္ဆေသင်္ဘော မြင်တွေ့ရပါတယ်ဆိုပြီး သတင်းပို့မှုများလဲ ကမ္ဘာတလွှားမှာ အမြောက်အများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ့အတွက် တစ္ဆေသင်္ဘောလို့ ယူဆစရာအချက်များနဲ့ ဆက်စပ်လျက်ရှိတဲ့ သင်္ဘောများကို ကမ္ဘာမှာ The Flying Dutchman လို့ အခေါ်အဝေါ်ရှိခဲ့တယ် ။ အဲ့ဒီ့ နစ္ဆေသင်္ဘောဖြစ်ပေါ်လာပုံဇာတ်လမ်းဟာ အာဖရီကတိုက်ထိပ်စွန်း ဂွတ်ထ်ဟုပ်ပ် အငူမှ စတင်ခဲ့တယ် ။

၁၇၂၉ ခုနှစ်ဖြစ်တယ် ။ The Flying Dutchman အမည်ရှိတဲ့သင်္ဘောတစ်စီးရှိခဲ့ပါတယ်။ ကပ္ပတိန်က ဟင်းဒရစ်ဗင်ဒါဒစ်ကင် ဖြစ်တယ် ။ သူဟာ စိတ်ကြမ်း လူကြမ်းနဲ့ အမြဲတမ်း အရက်မူးပြီး အောက်လက်ငယ်သားများကို သနားကြင်နာခြင်းကင်းမဲ့တဲ့သူလဲဖြစ်တယ် ။ အမ်စတာဒမ် မြို့ကိုသွားတဲ့ တစ်ခုတည်းသော ခရီးလမ်းစဉ်မှာ သင်္ဘောက အာဖရိကတိုက် အစွန်းမှာရှိတဲ့ ဂွတ်ထ်ဟုပ်ပ် အငူကို ပတ်ပြီး ရွက်လွှင့်လျက်ရှိပါတယ် ။ အဲ့ဒီ့အချိန်မှာ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့တယ် ။ ကြီးမားပြီး ကြောက်စရာကောင်းလောက်အောင် ပြင်းးထန်တဲ့ မုန်းတိုင်းကြောင့် အလွန်ကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာလဲ ဖြစ်ပေါ်လာတော့တယ် ။ အကြောက်တရားကင်းမဲ့တဲ့ကပ္ပတိန်က လှိုင်းဒဏ်က လွတ်ဖို့ကို မကြိုးစားပဲ အရက်ချည်း သောက်နေခဲ့ပါတယ် ။ ဆေးတံဖွါရင်း ညစ်ညမ်းတဲ့ သီချင်းတွေကိုလဲ အော်ဆိုနေခဲ့တယ် ။ သင်္ဘောသားများကနီးစပ်ရာကမ်းကိုကပ်ဖို့ တောင်းဆိုကြသော်လဲ သူဟာ ဆူပူကြိမ်းမောင်းပြီး ရွက်ကို ဆက်လွှင့်ခဲ့တယ်။ နောက်ဆုံး အခြေအနေဆုံးကိုရောက်တဲ့အခါမှာတော့သင်္ဘောသားအများစုဟာ ဆန့်ကျင်ပုန်ကန်လာတော့ပါတယ် ။ အဲ့အခါမှာ သူဟာ ဆန့်ကျင်သူမှန်သမျှကို သေနတ်နဲ့ပစ်သတ်ပြီး ရေထဲ ပစ်ချလိုက်တယ် ။ မုန်တိုင်းဖန်တီးသူ နတ်ဆိုးတွေကို ရည်ရွယ်ပြီး အော်ဟစ်ဆဲရေးကာ " မုန်တိုင်းဘယ်လောက်တိုက်တိုက် သေသည်အထိ ဒီကျွန်းကို ပတ်မယ် " လို့ ကြွေးကျော်လိုက်တယ် ။

ထိုအခါမှာ အုံ့ဆိုင်းနေတဲ့မိုးသားများက နှစ်ခြမ်းကွဲပြီး ကောင်းကင်ကနေ အလွန်ကျယ်လောင်တဲ့ အသံနက်ကြီးနဲ့ " သင်ကား အလွန်ခေါင်းမာသော သူဖြစ်တော့တယ် " လို့ ဆိုသံကြားရတယ် ။ အဲ့အခါ သူက " ငါ ဘယ်တုန်းကမှ ငြိမ်းချမ်းသာယာသော ခရီးလမ်းဖြစ်ပါစေလို့ ဆုမတောင်းဘူး ။ ဒီ့အပြင်လဲ ငါ ဘာကိုမှ ဆုမတောင်းဘူး ။ ဒါကြောင့် နင့်ကိုပါ ပစ်မသတ်ခင် မုန်တိုင်းကို ချက်ချင်း ရပ်စဲလိုက် " လို့ အသံရှင်ကို အော်ပြောရုံတာမက သေနတ်နဲ့ချိန်ပြီး ပစ်လိုက်ပါတော့တယ် ။ ဒါပေမယ့် သေနတ်က ကြေဆံမထွက်ပဲ လက်ထဲမှာပဲ ပေါက်ကွဲသွားတော့တယ် ။

အဲ့ဒီ့အခါ အသံရှင်က " သင်ဟာ ခေါင်းမာသူပဲ ။ သင်ခေါင်းမာတဲ့ အကျင့်နဲ့လိုက်အောင် အခု ပြည့်ဝစေတော့မယ်။သြင် မုန်တိုင်ထဲမှာ ထာဝရ ရွက်လွှင့်နေရမယ် ။ သင့်သင်္ဘောသားများဟာသေသူတစ္ဆေများဖြစ်ရမယ် ။ သင့်သင်္ဘောကိုမြင်သူတိုင်းလဲ ကြမ္မာဆိုးများနဲ့ တိုးစေရမယ် ။ သင်လဲဘယ်တော့မှ ငြိမ်းချမ်းသာယာတဲ့ ကမ်းကိုမကပ်နိုင်ပဲ အစဉ်ထာဝရ ရိုင်းစိုင်ယုတ်မာတဲ့ အကျင့်နဲ လျော်ညီစွာ အရာအားလုံး သံထွေခဲကဲ့သို့ ပူလောင်စေရမယ် " လို့ ပြောပြီး အသံရှင်ဟာ ပျောက်ကွယ်သွားခဲ့တော့တယ် ။

အဲ့ဒီ့ ဒဏ္ဍာရီဟာ အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ ။ ကမ္ဘာအနှံ့အပြားမှာ ရေကြောင်းခရီးစဉ်တော်တော်များများမှ ပေးပို့ဆက်သွယ်လာတဲ့ သတင်းများနဲ့ တွေ့ကြုံရခြင်းများဟာ အင်မတန်မှ စိတ်တုန်လှုပ်ချောက်ခြားဖွယ်များ ဖြစ်နေခဲ့ပါပြီ ။ တစ်ခါတစ်ရံ သင်္ဘောတစ်စင်းကို ကောင်းကင်ယံမှာ ဇောင့်ထိုးသဏ္ဍာန်ဖြစ် တွေ့ရှိရခြင်း အဝေးမှ ရွက်အနီကြီးလွှင့်ကာ လှိုင်းလေအကြား သွားလာနေခြင်း အစရှိတာတွေအပြင် အင်္ဂလန်ဘုရင်မင်းမြတ် ဂျော့ခ်ျ (၅ ) ငယ်စဉ်ဘဝကပင် ရေကြောင်းခရီးတစ်ခုရဲ့ မှတ်တမ်းတစ်ခုမှာ ရွက်တိုင်အနီးနှင့် တောက်ပနေသော သင်္ဘောတစ်စင်းဟာ သူတို့ရဲ့ ကိုက်နှစ်ရာ လောက်က ခုန်မောင်းနှင်သွားခြင်းကို ထင်ထင်ရှားရှား တွေ့ခဲ့ရကြောင်းဆိုပါတယ် ။ ထို့အတွက် အခုအခါမှာ တစ္ဆေသင်္ဘောကို တွေ့ရင် ကံမကောင်းခြင်းကနေ ကံကောင်းခြင်းဖြစ်အောင် မြင်းခွါသံကို ရွက်တိုင်မှာရိုက်ပြီး တန်ပြန်ကြပါတယ်လို့ ဒီလိုအယူအဆတွေလဲ ဖြစ်ပေါ်လာခဲ့ပါတယ် ။

သို့သော် အဖြေတွေကို ရှာဖွေတွေ့ရှိခဲ့ပေပြီလားဟု ဆိုရမလောက်ပဲဖြစ်ပါတယ် ။ အဲ့ဒါကတော့ သိပ္ပံဘက်ကနေ ဆိုတာပဲဖြစ်ပါတယ် ။ သူတို့အဆိုမှာ အဲ့ဒီ့ သင်္ဘောဟာ တစ္ဆေသင်္ဘောမဟုတ်ပဲ အလင်းရောင်များရဲ့ အမြင်လွှဲမှားခြင်းတာဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ မြင်ရတဲ့ ပုံရိပ့်များဟာ တစ္ဆေပုံရိပ့်များမဟုတ်ပဲ သဘောဝအတိုင်း ရေပြင်နဲ့ ဖန် မှန်များပေါ်မှာ အရိပ့်ထင်သလို တွေ့မြင်ရတယ်လို့ ဒီလိုဆိုပါတယ် ။ ရူပဗေဒဆိုင်ရာ အလင်းပညာရပ်မှာ လေထုအတွင်း ကြားခံနယ်များ သိပ့်သည်းမှု မတူညီတဲ့အတွက် အဲ့ဒီ့ ကြားခံနယ်ပယ်များကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်းများ ဖြစ်ပေါ်စဉ် ပုံရိပ့်များက တလွှဲအမှား ထင်ပေါ်နေခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် အချို့ အယူအဆအရ သင်္ဘောကို ဇောက်ထိုးပုံစံပေါ်ထင်နေတာမျိုးတာမက အတည့်ပုံစံမျိုးတွေလဲ မြင်ရပါတယ်လို့ ဆိုပါတယ် ။ အထက်က သိပ္ပံလေ့လာချက်ဟာ အလင်းယိုင်ခြင်းကို ဇောက်ထိုးပုံပေါ်ခြင်းအတွက် အဖြေထုတ်ခြင်းဖြစ်ပါတယ် ။ ထိုအတည့်အတွက်လဲ အလင်းယိုင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တံလျှပ်များလို့ ဆိုပါတယ် ။ အဲ့ဒီ့ တံလျှပ်များဟာ ကန္တာရလိုနေရာမျိုးမှာပင် အပူလှိုင်းတွေကို မြေပြင်မှာ မြင်တွေ့နေရစဉ် သဲတောင်ပြင်အတိုင်း မတွေ့ရတက်ပဲ ရေပြင်ကျယ်ကြီးတစ်ခုအနေဖြင့်ပင် အမြင်ကို မှားယွန်းစေနိုင်တယ်လို့ဒီလိုဆိုပါတယ် ။ သို့သော်လဲ ထိုကဲ့သို့ ပုံရိပ်တွေဟာ ကမ္ဘာတစ်လွှား ခဏခဏ ဆိုသလို ရေကြောင်းခရီးစဉ်များမှ သတင်းပေးပို့ခြင်းကို ကြားနေရမြဲဖြစ်ပါတယ် ။ ပင်လယ်၏ လှည့်စားခြင်းလော အလင်းယိုင်ခြင်းလော ကျိန်စာမိသင်္ဘောရဲ့ ခြောက်လှန့်ခြင်းလော ။ မည်သို့ မည်ပုံရှိတာကို ယခုအချိန်ထိတော့ သီအိုရီအမျိုးမျိုးနဲ့ အဖြေရှာစဲဖြစ်ပါသော်လဲ ထိုအဖြေအသစ်များရှာသလို ထူးဆန်းသော ပင်လယ်ပုံရိပ့်များဟာလဲ အမျိုးမျိုး ဆန်းကျယ်လျက် ရှိနေသေးပါကြောင်း !

 #htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...