Skip to main content

ဗုဒ္ဓဆိုတာနဲ့ အနောက်တိုင်းသားတွေက ဟိန္ဒူကို မြင်တော့တာပဲလေ ………

ဗုဒ္ဓဆိုတာနဲ့ အနောက်တိုင်းသားတွေက ဟိန္ဒူကို မြင်တော့တာပဲလေ ………
-----------
အနောက်တိုင်းသားတွေဟာ အရင်က များသောအားဖြင့် ဗုဒ္ဓဆိုရင် ဟိန္ဒူကိုပဲ ဖေါ်ပြကြတာများပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓကျမ်းနဲ့ ဟိန္ဒူကျမ်းဂန်များကို အမှတ်မှားတက်တယ်လို့ ဒီလိုသူငယ်ချင်းတစ်ယောက်က သတိပေးခဲ့ဖူးပါတယ် ။ ဟိန္ဒူဘာသာဟာ အနောက်တိုင်းသားတို့ရဲ့ အယုအရ ရှေးအခါက ဗုဒ္ဓဘာသာဟု အဆိုရှိခဲ့ဟန်တူပါတယ် ။

နောက်ပိုင်းကြမှသာပင်ဗုဒ္ဓထေရဝါဒကို ဒေါက်တာ ရိုင်းဒေးဗစ်တို့လို ပါဋ္ဌိကို နှိုက်နှုက်ချွတ်ချွတ်လိုက်စား ဖေါ်ဆောင်ခဲ့တဲ့သူတွေ ပေါ်ပေါက်လာမှပဲ ဟိန္ဒူနဲ့ ဗုဒ္ဓနဲ့ဟာ အသွင်မတူ ကွဲပြားကြောင်း ထင်ထင်ရှားရှား ကျယ်ပြန့်လာခဲ့ဟန်တူပါတယ် ။ ဒါကြောင့် ရှေ့အခါက အနောက်တိုင်းသားအတော်များများက ဖန်ဆင်းရှင်တို့ ခရစ်တော်တို့နဲ့ ကံ ကံအကျိုးတွေနဲ့ မတူတာတွေ့ရတဲ့အခါ အရှေ့တိုင်း ဘာသာမှ ဗုဒ္ဓဟာ ဟိန္ဒူဘာသာကို ဆိုတာပါလို့ အထင်ရောက်ခဲ့ကြဟန်တူပါတယ် ။ ဒါဆို ဟိန္ဒူကျမ်းက ဘာတွေလဲဆိုတာ မေးခွန်ထွက်လာတယ် ။

မေးခွန်းအရ ဟိန္ဒူကျမ်းများဟာ အကျမ်းဖျင်းပြောရရင်

၁ ဝေဒကျမ်း
၂ ပူရာဏ်ကျမ်း
၃ ဥပါနီသျှဒ်ကျမ်း
၎ သျှတ္တရကျမ်း
၅ ရာမယဏကျမ်း
၆ မဟာဘာရတကျမ်း
၇ ဘာဂဝတ်ဂီတကျမ်း
၈ တိပိဋကကျမ်း
၉ သိကုဂုရယ် ( လ် )
၁၀ ကျမ်းမြောက်က ဂုဂုဂရန့် ( သ် ) ဆဟိ ( ဗ် ) ကျမ်း
တွေ ဖြစ်ပါတယ် ။

ဝေဒကျမ်းက နှစ်ရာစုများစွာ ဟိန္ဒူဘာသာဝင်အားလုံးက အားထားရာကျမ်းတစ်ခုအဖြင့် အဓိကအခန်းက ပါပါတယ်။ ဝေဒကျမ်းတွေက ရိဂဝေဒ ။ ယဇုဝေဒ ။ သာမဝေဒ နဲ့ အတ္တဝေဒလို့ ဆိုပြီး၎ မျိုးရှိတဲ့အထဲမယ် တစ်မျိုးကို အပိုင်းလေးပိုင်းဆီ ဘုရားရှစ်ခိုးအမျိုးမျိုးနဲ့ ဂါထာအမျိုးမျိုးပါရှိကြပါတယ် ။

ဝေဒကျမ်းများကို အနက်ဖွင့်ဆိုတော့ ထာဝရ ဘုရားကျမ်း ။ အရညကကျမ်း ။ ဥပနိသျှကျမ်း ။ သံတိသာကျမ်းဆိုပြီးလည်း ရှိပါတယ် ။ အလွန်ရှေးကျတဲ့ ကာလတွေက အဲ့ဒီ့ ကျမ်းတွေကို စာနဲ့ ရေးမှတ်ထားတာမဟုတ်ပဲ ဆရာတပည့်တွေက နှုတ်တိုက်သင်ပေးခဲ့ကြတယ် ။ ဝေဒကျမ်းများက ထာဝရဘုရားသခင်နဲ့ တိုက်ရိုက် ဆက်သွယ်ခွင့် ရရှိခဲ့ကြတဲ့ သူတော်စင်ကြီးများ အဆိုအမိန့်များလို့ ဒီလို မှတ်တမ်းတင်ထားကြောင်း ဆိုပါတယ် ။ အဲ့ဒီ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ပိုင်းဆိုက်ရာ အတွေ့အကြုံတွေကို ရေးသားဖေါ်ပြချက်တွေ ဖြစ်ပါတယ် ။

ရာမယဏကျမ်းတွေကတော့ ရာမ ။ သီတာ ။ လက္ခဏာ ။ တို့ရဲ့ အတ္ထုပ္ပတ္တိကျမ်းတွေ ဖြစ်တယ် ။ အဲ့ဒီ့ကျမ်းက လုကြိုက်အများဆုံးလို့ ဒီလိုသိရပါတယ် ။ ကျမ်းကို ဝါလမိကိရသေ့ကြီး ရေးသားထားခဲ့တယ်လို့ ဆိုပါတယ် ။

မဟာဘာရတကျမ်းက ကုရုတိုင်းလပဏ္ဍဝမင်းနဲ့ ကောရဗျမင်းတို့ တိုက်ခိုက်ခဲ့တဲ့ အိန္ဒိယ စစ်ပွဲကြီးအကြောင်းကို မှတ်တမ်းတင်ထားတဲ့ ကျမ်းလို့ ဆိုသော်လည်း အတိအကျလို့ တော့ ဖေါ်ပြထားတာမတွေ့ရပါဘူး ။ အဆက်ဆက်ရေးသားလာခဲ့ပြီးမှ နောက်ဆုံးလက်ရာက သောတ မည်သော ဆရာကြးလက်ရာဖြစ်ပါတယ်လို့ ဆိုပါတယ် ။

ဘဂဝတ် ဂီတကျမ်းက မဟာဘာရတကျမ်းရဲ့ အစိတ်အပိုင်းဖြစ်သော်လည်း ဟိန္ဒူဘာသာရေး အယူအဆ အခိုင်အမာရေးသားထားတဲ့ အဘိဓမ္မာကျမ်းဖြစ်တာကြောင့် အင်မတန်အရေးကြီးသောကျမ်းအဖြစ် အဓိက အခန်းမှာပါပါတယ် ။ ကုရုစစ်ပွဲမှာ လုဝင်စားဘုရားဖြစ်တဲ့ ကရိသျှနာက အာဇုနမင်းသားရဲ့စစ်ရထားကို မောင်းရတဲ့ ရထားထိန်းဖြစ်ပြီး မင်းသားကို ဟောတဲ့တရားတွေကို ဖေါ်ပြထားတဲ့ ကျမ်းဖြစ်ပါတယ် ။

ဟိန္ဒူဘာသာအဘိဓမ္မာကို ဖေါ်ဆောင်ထားတဲ့ ကျမ်းဖြစ်တာကြောင့် ဟိန္ဒူဘာသာဝင်များက အလွန်နှစ်သက်ကြပြီး ပဉ္စမဝေဒ ( သို့မဟုတ် ) ငါးခုမြောက်ဝေဒကျမ်းလို့ ခေါ်ဆိုကြတာတွေကို အနည်းငယ် လေ့လာပြီး စီရီကာ ရေးသားလိုက်ပါတယ်ခင်ဗျာ ။

ဗဟုသုတပေါ့ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...