Skip to main content

စကား စတင်ခြင်း !

စကား စတင်ခြင်း !
----
ဘာသာစကား လေ့လာတဲ့အတက်ကို ဘာသာစကားဗေဒလို့ ခေါ်ပါတယ် ။ ဘာသာစကားဟာ ဘယ်ကာလက စတင်ပေါ်ထွန်းလာခဲ့တယ်ဆိုတာ ဘာသာစကား ဗေဒ ကို လေ့လာတဲ့အခါ အနည်းငယ်မျှ သိသင့်တာတွေ သိရှိရမှာဖြစ်ပါတယ် ။ သုတေသီများ အဆိုအရတော့ လွန်ခဲ့တဲ့ နှစ်တစ်သန်းခန့်က ဘာသာစကား စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုတယ် ။ ဘယ်လိုစတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာတော့ ယခုထက်တိုင် မသိရှိကြသေးပါဘူး ။ ဂရိအဘိဓမ္မာဆရာကြီး ဒီမိုခရစ်တပ်ရဲ့ အဆိုအရတော့ ကနေဦး လူတို့ တီထွင်ခဲ့တဲ့ ဘာသာစကားဟာ အသံထွက်နဲ့ ရည်ညွှန်းချက် လုံးဝ ကိုက်ညီမှု မရှိဘူးလို့ ဆိုတယ် ။ နောက်ထက် ဂရိအဘိဓမ္မာဆရာကြီး တစ်ဦးဖြစ်တဲ့ အက်ပီရပ်ကလဲ သဘာဝရဲ့ ဖန်တီးပေးချက်အရ အစဦးလူတို့ဟာ မိမိတို့လိုရာကို ဘာသာစကားနဲ့ ဖေါ်ပြရာမှာ ထိရောက်အောင်မြင်ခဲ့တယ်လို့ ဆိုတယ် ။ ခရစ်ယာန်သာသနာ ထွန်းကားပြီးနောက် အယ် ဂျီ ဗိုနဲ ( ၁၇၅၄ - ၁၈၄၀ ) က ဘာသာစကားကို လူတို့တီထွင်ခြင်းမဟုတ်ပဲ ဘုရားသခင်က ဖန်ဆင်းခြင်းတာ ဖြစ်တယ်လို့ ဆိုပြန်တယ် ။ နောက်ဆုံးအဆိုတစ်ခုအရတော့ ဘာသာစကားဟာ လူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ဖေါ်ပြရာကနေ ပေါက်ပွါးလာခဲ့တယ်လို့ ဆိုပါတယ် ။ ဒီအဆိုကို လူအများ လက်ခံကြတာဖြစ်တယ် ။

ပေါ်စဦး ဘာသာစကားဟာ ဒေသအလိုက် လူစုအလိုက် အသံပလံ အသုံးအနှုန်း အယူအဆ အနက်အဓိပ္ပါယ် အစရှိတာတွေကွဲပြားခြားနားခဲ့တယ် ။ နှစ်ပေါင်းများစွာကြာပြီးနောက် ဘာသာစကားများဟာ ပျောက်ကွယ်သင့်သလောက် ပျောက်ကွယ်ခဲ့ပါပြီ ။ ပေါင်းစပ်ရောယှက်ပြီး ပေါက်ပွါးသင့်သလောက်လဲ ပေါက်ပွါးလာခဲ့ပြီ ။ အခုဆိုရင်တော့ အထူးကို တိုးတက်ပေါက်ပွားခဲ့ပြီဖြစ်လို့ စတင်ပေါက်ပွားရာကိုပင် မဝေခွဲနိုင်တော့ပါဘူး ။

ဒီကမ္ဘာကြီးမှာ ခန့်မှန်းခြေအားဖြင့် ဘာသာစကား စုစုပေါင်း ၂၇၀၀ ခန့်လောက်ရှိပါတယ် ။ အဲ့ဒီ့အထဲမှာ လက်တစ်ဆုပ်စာ ဘာသာစကားများလဲ ပါတယ် ။ အဲ့ဒီ့ ဘာသာစကားများဟာလဲ မကြာခင် ပျောက်ကွယ်သွားနိုင်ချေ ရှိတယ် ။ ဘာကြောင့်လဲဆိုတော့ မကြာမီ အချိန်အတောအတွင်းမှာ ဥရောပနဲ့ အာရှတိုက်သုံး ဘာသာစကားကြီးများက ဝါးမြိုပစ်ကြမှာ ဖြစ်လို့ပါပဲ ။ အဲ့ဒီ့နည်းတူ ဘာသာစကား ရာပေါင်းများစွာ ပျောက်ကွယ်ခဲ့ပြီ ဖြစ်ပါတယ် ။ ယခုလည်း ပျောက်နေဆဲ အခြေအနေမှာ ဖြစ်နေပါတယ် ။ ဘာသာစကားဗေဒ အလိုအရ လူဦးရေ အများဆုံးပြောတဲ့ ဘာသာစကားမှာ တရုတ်စကားဖြစ်တယ် ။ အဲ့ဒီ့နောက် ခရီးအတော်ကွာမှ အင်္ဂလိပ်စကားနဲ့ ဟင်ဒူစတန်နီစကားတို့ လိုက်လာတာဖြစ်တယ် ။ ရုရှစကားက စတုတ္ထလိုက်ပြီး ဂျာမန်စကားကတော့ ပဉ္စမလိုက်တယ်လို့ ဒီလိုဆိုတယ် ။ အဲ့ဒါတွေနောက်မှ ဂျပန် ပြင်သစ် စပိန်တို့ လိုက်လာကြပါတယ် ။

ဘာသာစကား ဇာစ်မြစ်ရှာပြီး သမိုင်းဖွင့် လေ့လာခြင်းအတက်ပညာကို စကားဇစ်မြစ်ပညာရပ်လို့ ခေါ်တယ် ။ အဲ့ဒီ့ ပညာရပ်နဲ့ ဆက်နွယ်တဲ့ ဘာသာစကားပညာရပ် အသံလှယ်ပညာရပ် အသံထွက် ပညာရပ်နဲ့ စကားအဓိပ္ပါယ်ပညာရပ်တို့ဟာ ဘာသားစကားဗေဒရဲ့ အလွန်အရေးပါအရာရောက်တဲ့ အကိုင်းအခက်တွေပဲဖြစ်တယ် ။ အဲ့ဒီ့ပညာရပ်ကို စနစ်တကျပေါင်းစပ်လေ့လာရတဲ့ အတက်ပညာကိုပင် ဘာသာစကားဗေဒလို့ ဒီလိုခေါ်ဆိုခြင်းဖြစ်ပါတယ်ခင်ဗျာ ။

ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...