တရားထိုင်ခြင်း ( ဟိန္ဒူ )
---
တရားထိုင်တာဟာ နည်းအမျိုးမျိုးရှိပါတယ် ။ ထာဝရဘုရားသခင်ကို စိတ်မှာ ရည်မှန်းပြီး ပုတီးစိတ်တာကို ပိုပြီး အားပေးကြပါတယ် ။ ဒါဟာ တိုက်ရိုက်နည်းဖြစ်တယ်လို့ဆိုတယ် ။ ဘုရားသခင်နဲ့တရားထိုင်သူရဲ့ ဝိညာဉ်ဟာ တစ်ထပ်တည်းကျနေဖို့အတွက် ကြိုးစားတဲ့အခါ စိတ်ကို ထိန်းချုပ်ထားနိုင်တယ်ဆိုရင် ဝိညာဉ်ကို ချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့ဟာ ပျက်ဆီးသွားပြီး လွတ်မြောက်မှု ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။
အမျိုးမျိုးသော တရားထိုင်နည်းများဟာ အခြေခံအနေနဲ့တော့ တစ်မျိုးတည်းတာ ရှိတာဖြစ်ပါတယ် ။ အားလုံးသော နည်းတွေဟာ ထာဝရဘုရားလောက ကို မျက်မှောက်ပြုရေးဖြစ်ပြီး ထာဝရဘုရားရဲ့ ရူပါရုံကို မြင်တွေ့လာရတဲ့အခါ တရားအားထုတ်မှုရဲ့ အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ် ။ ကရိသျှနား / ရာမ စတဲ့ ဘုရားတွေရဲ့အမျိုးမျိုးသော သဏ္ဍာန်ပုံများကို ရှုခြင်းများလဲ ပြုလုပ်နိုင်ပါတယ်လို့ ဆိုတယ် ။ ဘုရားသခင်ကို စိတ်ဝယ် မှတ်ပြီး ထပ်ကာတလဲလဲ အောက်မေ့ကာ သမာဓိခိုင်မြဲလာအောင် ပြုလုပ်ရပါတယ် ။ ပညာရင့်ကျတ်ပြီးတဲ့ ဝိညာဉ်တို့မှာ တစ်ကြိမ်တစ်ခါ အောက်မေ့ ရှုမှတ်ရုံနဲ့ အသိညာဏ် ပေါက်ရောက်သွားတက်တယ်လို့ ဆိုတယ် ။ ဒါပေမယ့် အဲ့ဒီလို ဝိညာဉ်မျိုးဟာ အလွန်ရှားပါးလှပါတယ် ။ ရုပ်လောကကြီးကို တဏှာစိတ် ပြင်းစွာနဲ့ တပ်မက်နေကြတဲ့ သာမန်ပုဂ္ဂိုလ်မှာ အဝိဇ္ဇာကို ပယ်ရှားနိုင်ဖို့ရာအတွက် ထပ်ခါတစ်လဲလဲ ရှုမှတ်ရန် အလွန်လိုအပ်လှပါတယ် ။
တရားထိုင်ရာမှာ " ငါ၏ ကိုယ်သည် ထာဝရ ဘုရားပင်တည်း " အခြားကိုယ် မဟုတ်ဟု ဒီလို ရှုမှတ်ရန် လိုပါတယ် ။ ပုဂ္ဂိုလ်သတ္တဝါတို့ရဲ့ ကိုယ်ဟာ ထာဝရ ဘုရားသခင်ရဲ့ အစိတ်အပိုင်းဖြစ်တယ် ။ သူတို့ရဲ့ ဝိညာဉ်တွေဟာလဲ ထာဝရဘုရားသခင်ရဲ့ ဝိညာဉ်တော်ကြီးမှ လာတာဖြစ်တယ် ။ ကိုယ်ခန္ဓာနဲ့ ဝိညာဉ်တို့ဟာ ဘုရားသခင်နဲ့ ကင်းပြီး မတည်နိုင်ဘူးလို့ ဒီလိုဆိုတာ ဖြစ်ပါတယ် ။ ရောင်ခြည်တစ်ထောင် အလင်းကို ဆောင်တဲ့ ဘာဏုရာဇာနေမင်းကြီးနဲ့ သူ့ရဲ့ ရောင်ခြည်တို့ဟာ ခြားနားမှု မရှိသလိုပါပဲ ထာဝရဘုရားသခင်နဲ့ ဝိညာဉ်တို့ဟာလည်း ခြားနားမှု မရှိကြပါဘူး ။
တရားထိုင်ချိန်မှာ ထိုင်ပြီးတော့ပဲ အားထုတ်ရတာဖြစ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ စိတ်ကို တစ်နေရာတည်းမှာ အာရုံစူးဆိုက်ထားရမယ်လို့ ဒီလိုဆိုတာကြောင့်ပဲဖြစ်ပါတယ် ။ မတ်တပ်ရပ်နေတဲ့အခါနဲ့ လျောင်းနေတဲ့အခါမှာ စိတ်ကို တစ်နေရာတည်းမှာ စုစည်းဖို့ မလွယ်ကူပါဘူး ။ လဲလျောင်းမှု ပြုလုပ်ပြန်ရင်လည်း အိပ့်ပျော်သွားတက်တာသည်တာ ဖြစ်တာကြောင့် ဤ နည်းကိုလဲ ပယ်ရမယ်လို့ ဆိုတယ် ။ တစ်နေရာတည်းမှာ မတ်မတ်ထိုင်ပြီး အားထုတ်တာသည်သာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုတာဖြစ်ပါတယ် ။
တရားအားထုတ်ခြင်းကိုမည်သည့်နေရာ မည်သည့်အချိန်မဆို အားထုတ်နိုင်ပါတယ် ။ သို့သော် စိတ်တည်ငြိမ်မှု ရှိစေမယ့် နေရာဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုတယ် ။ တရားအားထုတ်မှုကို သေသည်အထိ တစ်ဆက်တည်း ပြုလုပ်ရမှာ ဖြစ်ပါတယ် ။ ဒီကမ္ဘာကနေ ကွယ်လွန်တဲ့အချိန်မှာ စိတ်ထဲမှာ ပေါ်လာတဲ့ စိတ်ကူးအခြေအနေ အတိုင်း နောင်ဘဝမှာ အကောင်အထည်ပေါ်လာတယ်လို့ ဆိုတယ် ။ သံသရာကနေ လွတ်မြောက်သွားပြီးဖြစ်တဲ့သူတွေဟာ တရားထိုင်ခြင်းကို မပြုလုပ်လိုပါကလဲ မပြုလုပ်ပဲ နေနိုင်တယ်လို့ ဆိုတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဝိညာဉ်ဟာ ထာဝရဘုရားနဲ့ နီးကပ်သွားပြီဖြစ်တာကြောင့်ပါပဲ ။
ယဇ်နတ်ပူဇော်တဲ့ သူများလို ယဇ်ပူဇော်ခြင်း မလုပ်လိုတဲ့ သူတွေဟာလည်း နတ်ပြည်ကို ရောက်ရှိသွားနိုင်ပါတယ် ။ လူ့ပြည်မှာ ကောင်းကျိုး ပြုလုပ်ခဲ့ကြတဲ့သူတွေနဲ့ မကောင်းတာ ပြုလုပ်ခဲ့တဲ့သူတွေအားလုံးဟာ ကမ္ဘာမှ ကွယ်လွန်တဲ့အခါ လကမ္ဘာကို သွားရောက်ရတယ် ။ အမှန်မှာတော့ မကောင်းမှုကို ပြုလုပ်တဲ့သူတွေက နတ်ဘုံ နတ်ပြည်ကို သွားရတာတော့ မဟုတ်ပါဘူး ။ သူတို့ကတော့ ယာမမင်းရဲ့ ဘုံကိုသာ သွားရတာဖြစ်တယ် ။ အဲ့ဒီမှာ မိမိပြုလုပ်ခဲ့တဲ့ အကျိုးတရားတွေကို ခံစားပြီးတဲ့အခါမှသာ လူ့ပြည်ကို ပြန်လာရတာဖြစ်တယ် ။ လကမ္ဘာပေါ်ကို သွားရခြင်းကတော့ မိမိကောင်းမှုပြုခြင်းကြောင့် အကျိုးခံစားဖို့အတွက် သွားရခြင်းတာ ဖြစ်တယ် ။ အဲ့ဒီကို သွားရတာမှာ အခြားအကြောင်းကြောင့် မရှိပါဘူးလို့ ဆိုပါတယ် ။ မကောင်းမှုကို ပြုခဲ့ကြသူများဟာ မိမိတို့ပြုခဲ့တဲ့ ဒုစရိုက်အကျိုးတရားကို ခံစားဖို့အတွက် ငရဲပြည် ခုနှစ်ထပ် ရှိကြောင်းကို ပူရာဏ်ကျမ်းများမှာ ဖေါ်ပြထားပါတယ် ။ အဲ့ဒီ့ငရဲပြည် ခုနှစ်ထပ်ကို ယာမမင်းက အုပ်စိုးပြီး တစ်ထပ် တစ်ထပ်မှာတော့ စိတြဂုတ္တလို အုပ်ချုပ်သူ တစ်ဦးစီကျ ရှိတယ်လို့ ဒီလို ဆိုပါတယ်ခင်ဗျာ ။
ဗဟုသုတရရှိနိုင်ကြပါစေ
#htoohtoolay
Posted via Blogaway
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment