Skip to main content

ဒဲလဖိုင်

ဒဲလဖိုင်
----
ရှေးဟောင်းဂရိနိုင်ငံမှာတော့ ဒဲလဖိုင်ဟာ အပေါ်လိုနတ်ကွန်း တည်ရှိရာ မြို့ကြီးဖြစ်ပါတယ် ။ ဘီစီ ၇ ရာစုလောက်က ထင်ရှားခဲ့တဲ့ မြို့ကြီးဖြစ်ပြီး အဲ့ဒီ့မြို့ကြီး တည်ရှိတဲ့ နေရာကတော့ ပါးနက်ဆပ်တောင်ခြေမှာဖြစ်တယ် ။ ဂရိသမိုင်းအလိုအရ ပါးနက်ဆပ်တောင်ခြေရဲ့ မြေအောက်ကနေ အခိုးအငွေ့တွေ ထွက်နေခြင်းဟာ အပေါ်လိုနတ်မင်းရဲ့ ထွက်သက် ဝင်သက်ဖြစ်တယ်လို့ ဆိုတယ် ။ ရှေးအခါက ဗေဒင်ဟူးရားအတက်ကို တက်တဲ့ ပစ်သီယာခေါ် မိန်းမတစ်ဦးဟာ ထိုမြေအောက်က ထွက်နေတဲ့ အခိုးအငွေ့တွေကိုရှုပြီး အပေါ်လိုနတ်မင်းရဲ့ အလိုကျ လုပ်ဆောင်ခဲ့တယ်လို့ ဆိုတယ် ။ သူဟာ ရှေ့ဖြစ်အနာဂတ်အခြေအနေတွေကို ဟောခဲ့ပါတယ် ။ ဂရိရှေးဟောင်းခေတ်မှာ ဂရိ ဘုရင်တွေဟာ ဒဲလဖိုင်မြို့မှာရှိတဲ့ အပေါ်လိုနတ်ကွန်းမှာ နတ်မမေးမြန်းပဲ ကြီးကျယ်တဲ့အမှုတွေကို ပြုလေ့မရှိဘူးလို့ ဆိုတယ် ။

ယခုအခါ ဒဲလဖိုင်မြို့ရှိ နတ်ကွန်းတည်နေရာအရပ်မှာ အခိုးအငွေ့ထွက်တဲ့နေရာ အစအနကိုပင် မတွေ့ရတော့ပါဘူး ။ ဒါပေမယ့် အဲ့ဒီ့နေရာဒေသမှာ ရှေးက ထင်ရှားခဲ့တဲ့ ဗိသုကာလက်ရာအမြောက်အများ ရှိနေပြီး ရှေးဟောင်း ပစ္စည်းများစွာကို တွေ့ရှိနိုင်ပါတယ် ။ 

ရှေးခေတ်က အပေါ်လိုနတ်ကွန်းမှာ လာရောက် ဗေဒင် မေးတဲ့သူတိုင်း ဆင်းရဲသားလဲ ဆင်းရဲသားအလိုက် ရှင်ဘုရင်လဲ ရှင်ဘုရင်အလျောက် နတ်ကွန်းကို အထူး ပူဇော်ပသကြတယ် ။ အဲ့ဒီ့ဒေသမှာ နတ်ကွန်းရဲ့ ဘဏ္ဍာတော်တိုက် အဆောက်အအုံများကို ယခုခေတ်မှာ တူးဖေါ်တွေ့ရှိခဲ့ပါပြီ ။ ယခုအခါမှာတော့ ထိုမြို့ကို သဲလဖီးလို့ ခေါ်ကြပါတယ်ခင်ဗျာ ။

ဗဟုသုတ ရရှိနိုင်ကြပါ
#htoohtoolay



myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...