Skip to main content

တရုတ္ျပည္မွ ဗုဒၶသာသနာ

တရုတ္ျပည္မွ ဗုဒၶသာသနာ
-----
သကၠရာဇ္ ၆၅ ခုႏွစ္၌ တရုတ္ဧကရာဇ္ဘုရင္ မင္းတိ က ပင့္ဖိတ္ေသာေႀကာင့္ အိႏၵိယျပည္မွ ရဟန္းတစ္ပါးႏွင့္ အာရွတိုက္ အလယ္ပိုင္းမွ ရဟန္းတစ္ပါးသည္ မဟာယာန ပိဋကတ္စာေပႏွင့္အတူ တရုတ္ျပည္သို႕ ေရာက္ရွိလာႀကသည္ ။

မင္းတိလက္ထက္မတိုင္ခင္က တရုတ္ျပည္၌ ေပၚထြန္းေနေသာ တာအိုဝါဒမွာ ဗုဒၶဝါဒႏွင့္ အခ်ိဳ႕ေနရာမ်ားမွာ အံ႕ဖြယ္လိလိ တူေနေသာေႀကာင့္ ဗုဒၶဝါဒသည္ တာပိုစာေပ စတင္ေပၚထြက္ေသာ ဘီစီ ေလးရာစုေခတ္က တရုတ္ျပည္၌ ရွိေနႏွင့္ျပီေလာဟု စဥ္းစားဖြယ္ရွိေလသည္ ။ သို႕ရာတြင္ ထိုသို႕ယူဆရန္ သမိုင္းအေထာက္အထားမရွိေပ ။

 တရုတ္ျပည္၌ ဗုဒၶဘာသာႏွင့္ အျပိဳင္အဆိုင္ျဖစ္ေသာ ရွိႏွင့္ျပီးသား ဘာသာမွာ ကြန္ျဖဴးရွပ္ ဝါဒျဖစ္သည္ ။ ေလာကီႀကီးပြားေရးကို ေရွ႕ရႈေဟာေျပာေသာ ကြန္ျဖဴးရွပ္ ဆရာတို႕သည္ ဗုဒၶသံဃာကို ျပစ္တင္ေဝဖန္၍ တစ္ခါတစ္ရံ ဗုဒၶဝါဒသည္ ဘုရင္မ်ား၏ အမိန္႕အရ ႏွိပ္ကြပ္ျခင္း ခံရ၏ ။

အိႏၵိယ ဗုဒၶက်မ္းစာမ်ားကို တရုတ္ဘာသာသို႕ ျပန္ဆိုျပီးေနာက္ ဗုဒၶဝါဒသည္ လူထုဝါဒ ျဖစ္လာ၍ အခ်ိဳ႕ဘုရင္မ်ားက အားေပးခ်ီးေျမွာက္လာသည္ ။ ဝူတိ ( ၅၀၂ - ၄၉ )သည္ သံုးႀကိမ္တိုင္ ရဟန္းျပဳ၍ အသားစားျခင္းကို ေရွာင္ႀကဥ္၏ ။ သုတၱန္တရားမ်ား ေဟာေျပာ၍ ဗုဒၶက်မ္းတစ္ေဆာင္ ေရးသားသည္ ။ ကူဗလာခမ္း အမူးရွိေသာ မြန္ဂို ဘုရင္မ်ားသည္ ဗုဒၶဘာသာကို ျပဳစုႀက၏ ။ ပီကင္း ရဟန္းေက်ာင္းမ်ား၌ ဗုဒၶစာေပေလ့လာမႈကို အားေပး၍ က်မ္းစာအုပ္မ်ားလွဴဒါန္းခဲ႕ေလသည္ ။

တရုတ္ပိဋကတ္သည္ စာအုပ္ေရ ၁၆၆ဍ အုပ္ပါဝင္၍ သုတ္ ဝိနည္း အဘိဓမၼာႏွင့္ အေထြေထြဟူ၍ အပိုင္းႀကီး ေလးပိုင္းခြဲထား၏ ။ ပထမပိုင္းမွာ ဘာသာျပန္မ်ားျဖစ္၍ စတုတၳပိုင္းမွာ တရုတ္ပိဋကတ္ ဆရာတို႕ ေရးသားေသာ အ႒ကထာႏွင့္ ဋီကာမ်ား ျဖစ္၏ ။ သုတၱန္ပိုင္း၌ မဟာယာနသုတ္ ၅၄၁ ။ ေထရဝါဒသုတ္ ၂၄၀ ႏွင့္ မဟာယာန ေထရဝါဒ ေရာျပြန္းေနေသာ သုတ္ ၃၀၀ ပါဝင္၏ ။ စတုတၳကဏၰ၌ ပါဝင္ေသာ ဗုဒၶက်မ္းမွာ ဗုဒၶသာသနာသမိုင္းမွ ေရွးမေထရ္ႀကီးမ်ား၏ အတၳဳပၸတၱိ အိႏၵိယျပည္ေရာက္ ရဟန္းမ်ား၏ မွတ္တမ္း သကၠတေဝါဟာရ အဘိဓါန္ ဗုဒၶဝါဒအေပၚ တာအိုႏွင့္ ကြန္ျဖဴရွပ္တို႕၏ စြပ္စြဲခ်က္ႏွင့္ ၄င္းတို႕အား ေခ်ပခ်က္မ်ားကို ေဖၚျပထားေသာ က်မ္းစာအုပ္မ်ားျဖစ္၍ အုပ္ေရ ႏွစ္ရာခန္႕ ရွိ၏ ။

တရုတ္ဝိနည္းက်မ္းမ်ားမွာ ေရွးအိႏၵိယ ဗုဒၶဝါဒ ဂိုဏ္းငါးခုမွ ဘာသာျပန္ ဝိနည္းက်မ္း ငါးက်မ္းျဖစ္၍ ပါဠိ ဝိနည္းက်မ္းမ်ားႏွင့္ အေျခခံ ကြဲလႊဲျခင္း မရွိေပ ။ သို႕ရာတြင္ တရုတ္သံဃာက်င့္စဥ္၌ အေရးပါေသာ က်မ္းမ်ားမွာ ထိုေရွးအိႏၵိယမ်ား မဟုတ္ပဲ ေရွးအစဥ္အလာ မွီက်မ္းျပဳစုေသာ တရုတ္ဝိနည္းက်မ္း ႏွစ္က်မ္းျဖစ္၏ ။

ပထမက်မ္းမွာ ၄၀၆ ခုႏွစ္က သကၠတက်မ္းတစ္ခုမွ ထုတ္ႏုတ္ျပန္ဆိုထားသည္ ဆိုေသာ္လည္း ဗုဒၶဝါဒီတို႔အား ဖိနိပ္ေသာ နိုင္ငံဥပေဒမ်ားကို ရႈတ္ခ်ထားျခင္း ဦးေခါင္းမီးရႈိ႕၍ ဘုရားပူေဇာ္ျခင္းကို ခ်ီးက်ဴးျခင္း စသည္တို႕ကို ေထာက္ခ်င့္၍ တရုတ္ျပည္၌ ေရးသားေသာက်မ္း ျဖစ္ဟန္တူ၏ ။ ထိုက်မ္း၌ ရဟန္းတို႕ မက်ဴးလြန္အပ္ေသာ ပါရာဇိကတ္ အျပစ္ႀကီးဆယ္ခု အျပစ္ငယ္ ေလးဆယ့္ရွစ္ခုႏွင့္ က်င့္သံုးရမည့္ သိကၡာပုဒ္မ်ားကို ျပဆိုထား၏ ။

 ေထရဝါဒ ဝိနည္းက်မ္းႏွင့္မတူေသာ အခ်က္တစ္ခုမွာ ပရဟိတ လုပ္ငန္းကို ေဆာင္ရြတ္ရန္ သံဃာအား ညႊန္ႀကားထားျခင္းျဖစ္သည္ ။ ရဟန္းသည္ လူမမာ ဒုကၡိတမ်ားကို ျပဳစုေစာင့္ေရွာက္ရမည္ ။ တိရိစၦာန္ သတၱဝါမ်ားကို ေကြ်းေမြးရမည္ ။ ထိုဝတၱရားပ်က္ကြက္ေသာ ရဟန္းအား အျပစ္ရွိသည္ ။ အာပတ္သင့္သည္ ဆို၏ ။

တရုတ္ရဟန္းေက်ာင္းသည္ ေဘးပတ္လယ္၌ အိပ္ခန္း ဧည့္ခန္း စာႀကည့္ခန္း စသည္ရွိ၍ အလယ္ဗဟို၌ ဘုရားေက်ာင္းေဆာင္ရွိေသာ စတုဂံသ႑ာန္ ေက်ာင္းတိုက္ျဖစ္၏ ။ ဘုရားေက်ာင္းေဆာင္ထဲ၌ ဗုဒၶဆင္းတုအျပင္ အရိေမေတၱယ်ႏွင့္ အျခားဘုရားအေလာင္းရုပ္ထုမ်ား သာဝကရဟႏၱာရုပ္ထုမ်ား ရွိ၏ ။ ေက်ာင္းတိုက္ အရြယ္ပမာဏကို လိုက္၍ သံဃာအပါးသံုးဆယ္မွ သံုးရာအထိ သီတင္းသံုးႀက၏ ။

တရုတ္ရဟန္းမ်ားသည္ တစ္ေနရာ၌ အတည္တက်မေနဘဲ အမ်ားအားျဖင့္ လွည့္လည္သြားလာေနတက္ႀက၏ ။ အသက္ ၁၇ ႏွစ္၌ အဆင့္သံုးဆင့္ျဖင့္ ရဟန္းျပဳရ၏ ။ ေရွးဦး ပထမ ရွင္သာမေဏျပဳ၍ ေနာက္တစ္ရက္ ႏွစ္ရက္ခန္႕ႀကာေသာအခါ ရဟန္းအျဖစ္သို႕ ကူးေျပာင္းျပီး ဝိနည္းသိကၡာပုဒ္မ်ား ေစာင့္ထိန္းႀက၏ ။ ေနာက္ဆံုးအဆင့္၌ ဦးေခါင္းကို သံုးေနရာမွ ၁၈ ေနရာအထိ မီးရိႈ႕၍ ေဗာဓိသတၱ ပဋိညာဥ္ကို ခံယူႀက၏ ။

ဤဓေလ့သည္ အိႏၵိယျပည္မွ ကူးစပ္လာဟန္ရွိ၍ ၄င္းအတိုင္း လိုက္နာျပဳလုပ္ေသာ ပုဂၢိဳလ္သည္သာ ဘုရားအေလာင္းအစစ္ျဖစ္သည္ဟုယံုျကည္ႀက၏ ။ တရုတ္ရဟန္းမ်ားသည္ ဆြမ္းမခံႀကေခ်။ အစာအဟာရမွာ သက္သတ္လြတ္ျဖစ္၍ တစ္ေန႕လွ်င္ သံုးထပ္ စားႀက၏ ။

သံဃာ၏ စားဝတ္ေနေရးအတြက္ လယ္ေျမမ်ားမွ ဝင္ေငြရ၍ လယ္ေျမမ်ား ထိန္သိမ္းႀကီးႀကပ္ရာ၌ လူပုဂၢိဳလ္ အဖြဲ႕က ကူညီႀက၏ ။ ဗုဒၶေဗာဓိသတၱႏွင့္ ရဟႏၱာတို႕၏ ေမြးေန႕မ်ားကို က်င္းပႀက၏ ။ အမ်ိဳးသားရိုးရာ နတ္ပူေဇာ္ပြဲ ရာသီပြဲႏွင့္ မဂၤလာပြဲမ်ား၌ ပါဝင္ေဆာင္ရြက္ႀက၏ ။

ဗုဒၶဝါဒသည္ တရုတ္ျပည္သို႕ ေရွးပေဝဏသီမွစ၍ ပ်ံ႕ႏွံ႕ျပီးလွ်င္ လူထုဘာသာဝါဒ ျဖစ္လာေသာ္လည္း လူတို႕၏ ႏွလံုးသားထဲသို႕ နက္ရႈိင္စြာ ထိုးေဖါက္ဝင္နိုင္စြမ္းမရွိခဲ႕ေပ ။ အေႀကာင္းမူ ဗုဒၶဝါဒေရာက္လာေသာအခါ တရုတ္တို႔မွာ လိမၼာယဥ္ေက်းမႈ ရွိျပီးျဖစ္၍ တာအိုႏွင့္ ကြန္ျဖဴရွပ္ ဝါဒမ်ားကို လက္ခံျပီးျဖစ္ႀကသည္ ။ ထိုအျပင္ တရုတ္တို႕သည္ လူမ်ိဳးဗီဇအားျဖင့္ ေလာကီႀကီးပြားခ်မ္းသာေရးကိုသာ အာရံုစူးဆိုက္ေသာေႀကာင့္ ကြန္ျဖဴရွပ္ဝါဒက သူတို႕စိတ္ကို ဗုဒၶဝါဒထက္ ပိုမိုဆြဲေဆာင္နိုင္ခဲ႕ႀကသည္ ။

တရုတ္နိုင္ငံ၌ ေရွးေဟာင္းဗုဒၶဘာသာ ဘုရားေက်ာင္းကန္မ်ား ရွိေသးေသာ္လည္း ဗုဒၶဝါဒမွာ အစဥ္အလာ ယံုႀကည္စြဲလမ္းမႈႏွင့္ ဓေလ့ထံုးစံမ်ားအႀကား၌ အားနည္းလ်က္ရွိ၏ ။ ဗုဒၶဘုရားဝတ္ေက်ာင္းမ်ားသို႕ သြားႀကသူမ်ားသည္ အမ်ားအားျဖင့္ ဘုရားတရား ဆင္ျခင္ေအာက္ေမ့ရန္မဟုတ္ပဲ ေလာကီစီးပြားေရးအတြက္ ေဗဒင္ယႀတာေမးရန္ သြားေရာက္ႀကျခင္းျဖစ္သည္ဟု မွတ္သားခဲ႕သမွ်ကို ေရးသားတင္ျပလိုက္ရပါသည္ ။

#htoohtoolay

တရုတ်ပြည်မှ ဗုဒ္ဓသာသနာ
-----
သက္ကရာဇ် ၆၅ ခုနှစ်၌ တရုတ်ဧကရာဇ်ဘုရင် မင်းတိ က ပင့်ဖိတ်သောကြောင့် အိန္ဒိယပြည်မှ ရဟန်းတစ်ပါးနှင့် အာရှတိုက် အလယ်ပိုင်းမှ ရဟန်းတစ်ပါးသည် မဟာယာန ပိဋကတ်စာပေနှင့်အတူ တရုတ်ပြည်သို့ ရောက်ရှိလာကြသည် ။

မင်းတိလက်ထက်မတိုင်ခင်က တရုတ်ပြည်၌ ပေါ်ထွန်းနေသော တာအိုဝါဒမှာ ဗုဒ္ဓဝါဒနှင့် အချို့နေရာများမှာ အံ့ဖွယ်လိလိ တူနေသောကြောင့် ဗုဒ္ဓဝါဒသည် တာပိုစာပေ စတင်ပေါ်ထွက်သော ဘီစီ လေးရာစုခေတ်က တရုတ်ပြည်၌ ရှိနေနှင့်ပြီလောဟု စဉ်းစားဖွယ်ရှိလေသည် ။ သို့ရာတွင် ထိုသို့ယူဆရန် သမိုင်းအထောက်အထားမရှိပေ ။

 တရုတ်ပြည်၌ ဗုဒ္ဓဘာသာနှင့် အပြိုင်အဆိုင်ဖြစ်သော ရှိနှင့်ပြီးသား ဘာသာမှာ ကွန်ဖြူးရှပ် ဝါဒဖြစ်သည် ။ လောကီကြီးပွားရေးကို ရှေ့ရှုဟောပြောသော ကွန်ဖြူးရှပ် ဆရာတို့သည် ဗုဒ္ဓသံဃာကို ပြစ်တင်ဝေဖန်၍ တစ်ခါတစ်ရံ ဗုဒ္ဓဝါဒသည် ဘုရင်များ၏ အမိန့်အရ နှိပ်ကွပ်ခြင်း ခံရ၏ ။

အိန္ဒိယ ဗုဒ္ဓကျမ်းစာများကို တရုတ်ဘာသာသို့ ပြန်ဆိုပြီးနောက် ဗုဒ္ဓဝါဒသည် လူထုဝါဒ ဖြစ်လာ၍ အချို့ဘုရင်များက အားပေးချီးမြှောက်လာသည် ။ ဝူတိ ( ၅၀၂ - ၄၉ )သည် သုံးကြိမ်တိုင် ရဟန်းပြု၍ အသားစားခြင်းကို ရှောင်ကြဉ်၏ ။ သုတ္တန်တရားများ ဟောပြော၍ ဗုဒ္ဓကျမ်းတစ်ဆောင် ရေးသားသည် ။ ကူဗလာခမ်း အမူးရှိသော မွန်ဂို ဘုရင်များသည် ဗုဒ္ဓဘာသာကို ပြုစုကြ၏ ။ ပီကင်း ရဟန်းကျောင်းများ၌ ဗုဒ္ဓစာပေလေ့လာမှုကို အားပေး၍ ကျမ်းစာအုပ်များလှူဒါန်းခဲ့လေသည် ။

တရုတ်ပိဋကတ်သည် စာအုပ်ရေ ၁၆၆ဍ အုပ်ပါဝင်၍ သုတ် ဝိနည်း အဘိဓမ္မာနှင့် အထွေထွေဟူ၍ အပိုင်းကြီး လေးပိုင်းခွဲထား၏ ။ ပထမပိုင်းမှာ ဘာသာပြန်များဖြစ်၍ စတုတ္ထပိုင်းမှာ တရုတ်ပိဋကတ် ဆရာတို့ ရေးသားသော အဋ္ဌကထာနှင့် ဋီကာများ ဖြစ်၏ ။ သုတ္တန်ပိုင်း၌ မဟာယာနသုတ် ၅၄၁ ။ ထေရဝါဒသုတ် ၂၄၀ နှင့် မဟာယာန ထေရဝါဒ ရောပြွန်းနေသော သုတ် ၃၀၀ ပါဝင်၏ ။ စတုတ္ထကဏ္ဏ၌ ပါဝင်သော ဗုဒ္ဓကျမ်းမှာ ဗုဒ္ဓသာသနာသမိုင်းမှ ရှေးမထေရ်ကြီးများ၏ အတ္ထုပ္ပတ္တိ အိန္ဒိယပြည်ရောက် ရဟန်းများ၏ မှတ်တမ်း သက္ကတဝေါဟာရ အဘိဓါန် ဗုဒ္ဓဝါဒအပေါ် တာအိုနှင့် ကွန်ဖြူရှပ်တို့၏ စွပ်စွဲချက်နှင့် ၄င်းတို့အား ချေပချက်များကို ဖေါ်ပြထားသော ကျမ်းစာအုပ်များဖြစ်၍ အုပ်ရေ နှစ်ရာခန့် ရှိ၏ ။

တရုတ်ဝိနည်းကျမ်းများမှာ ရှေးအိန္ဒိယ ဗုဒ္ဓဝါဒ ဂိုဏ်းငါးခုမှ ဘာသာပြန် ဝိနည်းကျမ်း ငါးကျမ်းဖြစ်၍ ပါဠိ ဝိနည်းကျမ်းများနှင့် အခြေခံ ကွဲလွှဲခြင်း မရှိပေ ။ သို့ရာတွင် တရုတ်သံဃာကျင့်စဉ်၌ အရေးပါသော ကျမ်းများမှာ ထိုရှေးအိန္ဒိယများ မဟုတ်ပဲ ရှေးအစဉ်အလာ မှီကျမ်းပြုစုသော တရုတ်ဝိနည်းကျမ်း နှစ်ကျမ်းဖြစ်၏ ။

ပထမကျမ်းမှာ ၄၀၆ ခုနှစ်က သက္ကတကျမ်းတစ်ခုမှ ထုတ်နုတ်ပြန်ဆိုထားသည် ဆိုသော်လည်း ဗုဒ္ဓဝါဒီတို့အား ဖိနိပ်သော နိုင်ငံဥပဒေများကို ရှုတ်ချထားခြင်း ဦးခေါင်းမီးရှို့၍ ဘုရားပူဇော်ခြင်းကို ချီးကျူးခြင်း စသည်တို့ကို ထောက်ချင့်၍ တရုတ်ပြည်၌ ရေးသားသောကျမ်း ဖြစ်ဟန်တူ၏ ။ ထိုကျမ်း၌ ရဟန်းတို့ မကျူးလွန်အပ်သော ပါရာဇိကတ် အပြစ်ကြီးဆယ်ခု အပြစ်ငယ် လေးဆယ့်ရှစ်ခုနှင့် ကျင့်သုံးရမည့် သိက္ခာပုဒ်များကို ပြဆိုထား၏ ။

 ထေရဝါဒ ဝိနည်းကျမ်းနှင့်မတူသော အချက်တစ်ခုမှာ ပရဟိတ လုပ်ငန်းကို ဆောင်ရွတ်ရန် သံဃာအား ညွှန်ကြားထားခြင်းဖြစ်သည် ။ ရဟန်းသည် လူမမာ ဒုက္ခိတများကို ပြုစုစောင့်ရှောက်ရမည် ။ တိရိစ္ဆာန် သတ္တဝါများကို ကျွေးမွေးရမည် ။ ထိုဝတ္တရားပျက်ကွက်သော ရဟန်းအား အပြစ်ရှိသည် ။ အာပတ်သင့်သည် ဆို၏ ။

တရုတ်ရဟန်းကျောင်းသည် ဘေးပတ်လယ်၌ အိပ်ခန်း ဧည့်ခန်း စာကြည့်ခန်း စသည်ရှိ၍ အလယ်ဗဟို၌ ဘုရားကျောင်းဆောင်ရှိသော စတုဂံသဏ္ဍာန် ကျောင်းတိုက်ဖြစ်၏ ။ ဘုရားကျောင်းဆောင်ထဲ၌ ဗုဒ္ဓဆင်းတုအပြင် အရိမေတ္တေယျနှင့် အခြားဘုရားအလောင်းရုပ်ထုများ သာဝကရဟန္တာရုပ်ထုများ ရှိ၏ ။ ကျောင်းတိုက် အရွယ်ပမာဏကို လိုက်၍ သံဃာအပါးသုံးဆယ်မှ သုံးရာအထိ သီတင်းသုံးကြ၏ ။

တရုတ်ရဟန်းများသည် တစ်နေရာ၌ အတည်တကျမနေဘဲ အများအားဖြင့် လှည့်လည်သွားလာနေတက်ကြ၏ ။ အသက် ၁၇ နှစ်၌ အဆင့်သုံးဆင့်ဖြင့် ရဟန်းပြုရ၏ ။ ရှေးဦး ပထမ ရှင်သာမဏေပြု၍ နောက်တစ်ရက် နှစ်ရက်ခန့်ကြာသောအခါ ရဟန်းအဖြစ်သို့ ကူးပြောင်းပြီး ဝိနည်းသိက္ခာပုဒ်များ စောင့်ထိန်းကြ၏ ။ နောက်ဆုံးအဆင့်၌ ဦးခေါင်းကို သုံးနေရာမှ ၁၈ နေရာအထိ မီးရှို့၍ ဗောဓိသတ္တ ပဋိညာဉ်ကို ခံယူကြ၏ ။

ဤဓလေ့သည် အိန္ဒိယပြည်မှ ကူးစပ်လာဟန်ရှိ၍ ၄င်းအတိုင်း လိုက်နာပြုလုပ်သော ပုဂ္ဂိုလ်သည်သာ ဘုရားအလောင်းအစစ်ဖြစ်သည်ဟုယုံကြည်ကြ၏ ။ တရုတ်ရဟန်းများသည် ဆွမ်းမခံကြချေ။ အစာအဟာရမှာ သက်သတ်လွတ်ဖြစ်၍ တစ်နေ့လျှင် သုံးထပ် စားကြ၏ ။

သံဃာ၏ စားဝတ်နေရေးအတွက် လယ်မြေများမှ ဝင်ငွေရ၍ လယ်မြေများ ထိန်သိမ်းကြီးကြပ်ရာ၌ လူပုဂ္ဂိုလ် အဖွဲ့က ကူညီကြ၏ ။ ဗုဒ္ဓဗောဓိသတ္တနှင့် ရဟန္တာတို့၏ မွေးနေ့များကို ကျင်းပကြ၏ ။ အမျိုးသားရိုးရာ နတ်ပူဇော်ပွဲ ရာသီပွဲနှင့် မင်္ဂလာပွဲများ၌ ပါဝင်ဆောင်ရွက်ကြ၏ ။

ဗုဒ္ဓဝါဒသည် တရုတ်ပြည်သို့ ရှေးပဝေဏသီမှစ၍ ပျံ့နှံ့ပြီးလျှင် လူထုဘာသာဝါဒ ဖြစ်လာသော်လည်း လူတို့၏ နှလုံးသားထဲသို့ နက်ရှိုင်စွာ ထိုးဖေါက်ဝင်နိုင်စွမ်းမရှိခဲ့ပေ ။ အကြောင်းမူ ဗုဒ္ဓဝါဒရောက်လာသောအခါ တရုတ်တို့မှာ လိမ္မာယဉ်ကျေးမှု ရှိပြီးဖြစ်၍ တာအိုနှင့် ကွန်ဖြူရှပ် ဝါဒများကို လက်ခံပြီးဖြစ်ကြသည် ။ ထိုအပြင် တရုတ်တို့သည် လူမျိုးဗီဇအားဖြင့် လောကီကြီးပွားချမ်းသာရေးကိုသာ အာရုံစူးဆိုက်သောကြောင့် ကွန်ဖြူရှပ်ဝါဒက သူတို့စိတ်ကို ဗုဒ္ဓဝါဒထက် ပိုမိုဆွဲဆောင်နိုင်ခဲ့ကြသည် ။

တရုတ်နိုင်ငံ၌ ရှေးဟောင်းဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ ရှိသေးသော်လည်း ဗုဒ္ဓဝါဒမှာ အစဉ်အလာ ယုံကြည်စွဲလမ်းမှုနှင့် ဓလေ့ထုံးစံများအကြား၌ အားနည်းလျက်ရှိ၏ ။ ဗုဒ္ဓဘုရားဝတ်ကျောင်းများသို့ သွားကြသူများသည် အများအားဖြင့် ဘုရားတရား ဆင်ခြင်အောက်မေ့ရန်မဟုတ်ပဲ လောကီစီးပွားရေးအတွက် ဗေဒင်ယတြာမေးရန် သွားရောက်ကြခြင်းဖြစ်သည်ဟု မှတ်သားခဲ့သမျှကို ရေးသားတင်ပြလိုက်ရပါသည် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...