Skip to main content

ဘာကို လိုအပ်နေသလဲ ?

ဘာကို လိုအပ်နေသလဲ ?
သင်ပြောတဲ့ သူဟာ တကယ်အရေးပါသလား ?
----
ကျွန်ပ်တို့သည် ယခုချိန်ထိတိုင် သုံးသပ်ဆင်ခြင်နေကြသည့် အရာမှာ ရှေးခေတ်အခါက လူသားမျိုးနွယ်စုတို့ အတွေးအခေါ်အမြော်အမြင်နှင့် မည်သို့မျှ မကွဲပြားပါပဲလျက် ကြောက်ရွံ့မှုကို အခြေခံကာ မြစ်များ သစ်ပင်များ တောတောင် ရေမြေ နေ လ ဂြိုလ်သိမ် အစရှိသည့် အရာများအပေါ် ကျွန်ပ်တို့၏ ကြောက်ရွံ့မှုများအား အကာအကွယ်ပြုလျက် ရှိကြ၏ ။ မိမိတို့ မမှန်းဆနိုင်သော အရာများအပေါ် မှီခိုမှုပြုခြင်းသည် လူသားမျိုးနွယ်စုတို့၏ အားနည်းချက်ဖြစ်၏ ။ ထို့ကြောင့်ပင်လျှင်မူ တော်တောင် ရေ မြေ မီး တိမ် နေ လ အစရှိသည်များအား အားကိုးပူဇော်ခဲ့ကြလေသည် ။ ထိုအရာကို ကြည့်ခြင်းဖြင့် လူသားတို့သည် ကြောက်ရွံ့မှုကို အမှီပြုလျက် မိမိ အပြစ်များနှင့်အတူ လူသားတစ်ခုလုံး၏ ရိုင်စိုင်းဆိုးသွမ်းသည့် အသွင်ကို အလွန်ထူးခြားစွာ ပြောင်းလဲ ထိန်းချုပ်လာနိုင်ခဲ့တော့သည် ။ သို့သော် တစ်ချို့သော အယူအဆများမှာမူ မထင်ထားသည်ထက်ပင် အန္တရာယ် ကျရောက်မှု ပိုမိုများပြားရကား တိရိစ္ဆာန်တို့၏ အသွေးအသားတို့မှာ ကိုးကွယ်မှု၏ တစ်စုံတစ်ခုဆီ ဆက်သွယ်နိုင်ဖို့ လမ်းသဖွယ် ဖြစ်လာခဲ့ရတော့၏ ။ သို့သော် ထိုသူတို့သည် တိရိစ္ဆာန်များ၏ အသွေးနှင့် ကြောက်ရွံ့မှုတို့ ကို လူသားတို့၏ အသွေးနှင့် ကြောက်ရွံ့မှုများနှင့် နှိုင်းယှဉ် ချိန်ဆဖို့ရာမှာတော့ မေ့လျော့နေလေတော့၏ ။

နိုင်းမြစ်သည် လူသားမျိုးနွယ်စုတို့၏ မီခိုရာ အရင်းအမြစ်ဖြစ်ခဲ့ခြင်းအပေါ် ကျေးဇူးထားရကား နိုင်းမြစ်အတွင်းသို့ ပူဇော်ပသမှုများသည် သက်ရှိတို့၏ အသက်ကို ယူဆောင်ကြပြန်လေသည် ။ မိခင်နိုင်းမြစ်အဖြစ် တင်စားခေါ်ဝေါ်ရုံတာမက ချောမောသော မိန်မပျိုများကိုပင် အရှင်လတ်လတ် ရေနစ်သတ်ခဲ့ကြ၏ ။ ထိုအယူအဆမှာ နိင်းမြစ်သည် အသိညာဏ်ရှိသော တစ်စုံတစ်ခုအနေဖြင့် မှတ်ထင်ကြလေရာ ထိုတစ်စုံတစ်ရာအတွက်ပင်မူ မိမိတို့၏ မက်မောဖွယ်ရာ အကောင်းအမြတ်များကိုပင် ပေးလှူခြင်းအားဖြင့် တွေ့ရှိနိုင်သည်မှာ ထိုမြစ်အပေါ်မှီခိုအားထားမှုနှင့် ကြောက်ရွံ့လွန်ကဲခြင်းများပင် ဖြစ်၏ ။

ဘာသာသည် အမှန်စင်စစ်အားဖြင့် မိမိတို့၏ ဆိုးသွမ်းရက်စက်မှုများအား အကောင်းဆုံးသော ထိန်းချုပ်မှုကို ပြုစေရုံသာမက မိမိတို့၏ အမျိုးအနွယ် တစ်ရပ်လုံး၏ သတ်ဖြတ်မှု အန္တရာယ်ကပ်ဘေးမှ ကင်းလွတ်ဖို့ရာ အင်မတန် အခြေခံကောင်းသော တည်ဆောက်မှု တစ်ခုဖြစ်၏ ။ မိမိတို့ စိတ်ကို မည်သို့မည်ပုံ အတုယူနိုင်ဖွယ် ရှိသည်ဟု ဖေါ်ဆောင်ညွှန်ပြမှုသည် ဘာသာတိုင်းရှိ လူသားတို့အတွက် မရှိမဖြင့် သော နှိုင်းယှဉ်စရာအကောင်းဆုံးတစ်ခုဖြစ်၏ ။ ဘုရားသခင်မလိုပေ ။ သို့သော် ဘုရားသခင်၏ သီလ သမာဓိနှင့် မေတ္တာကို တုနှိုင်းကာ မိမိတို့၏ စိတ်ကို အကောင်းဆုံး ချိန်စစ်နိင်ပေမည် ။ လူလူခြင်း မပိုဟု အယူအဆမှာ မမြင်အပ်သော အရာကို အကောင်းဆုံးသော မှီခိုခြင်းဖြစ်၏ ။ လူသားထဲ၌ လူသားတစ်ရပ်လုံးကို ကယ်တင်နိင်မည့်သူ မရှိဟု ယူဆခြင်းသည် လူသားထဲက မဟုတ်သော တစ်စုံတစ်ခုက ကယ်တင်နိုင်မည်ဟူသော သုံးသပ်မှုက တစ်ဆက်တည်း ဖြစ်တည်လာလေ၏ ။ သို့သော် လက်ရှိ လမ်းပြညွှန်ကြား ကူညီ ဖေးမနေသော ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်လူသားမျိုးနွယ်စုတို့၏ ကျေးဇူးကြီးမားပုံကိုတော့ ပျက်ရယ်ပြုနေကြလျက်ရှိတော့သည် ။ မိမိ၏ ပင်ကိုယ်အရည်အချင်းထက်မိမိ၏ စိတ်ကူးယဉ်မှု၏ ရုပ်လုံးကို ပို၍ ယုံကြည်ကြ၏ ။ ငါဘယ်သူလဲဆိုတာထက် သူဘယ်မှာလဲဆိုခြင်းအား ပို၍ စိတ်ဝင်စားနေကြ၏ ။ ဤ အရာမှာ မိမိအပေါ် မိမိ ယုံကြည်မှု အားနည်းခြင်းအား မီးမောင်းထိုးပြနေလေသည် ။

ကံကောင်းခြင်း ကံမကောင်းခြင်းကို မိမိ၏ လက်ရှိခြေအနေ၏ နောက်ကွယ်အား လေ့လာစီစစ်မှုပြုရန် လိုအပ်ပေမည် ။ သူ သိပ့်ကံကောင်းတာပဲဟူသော စကားသည် ကံ၏ စည်းတစ်ခုကို ဘောင်အသွင်း သိမ်းထည့်ထားလိုက်ခြင်းပင်ဖြစ်၏ ။ အမှန်ဆိုသော် ထိုသူကံကောင်းခြင်းသည် ထိုသူ၏ နောက်ကွယ်မှ ရင်းနှီးထားရခြင်းထက် ညီမျှမှု အကျိုးတစ်စုံတစ်ရာပင် ဖြစ်သည် ။ အစိုးရသိန်းထီပေါက်နိင်ဖို့ရာ ရိပ်သာဝင်ခြင်း ဘုရာသခင်ထံ ဆုတောင်းခြင်း အစရှိသည်တို့ထက် ထိုသူ၏ ထီလက်မှတ်တစ်စောင် ဝယ်ယူခြင်းက ပို၍ပင် ထီပေါက်နိင်ဖို့ရာ နီးစက်လေတော့သည်။ သို့သော် လက်တွေ့၌ ထီပေါက်ခဲ့လျှင်တော့ပင် ထီလက်မှတ်ဝယ်ယူခဲ့ခြင်း၏ မိမိအလုပ်ကို ပယ်ကာ မမြင်အပ်သေ အရာများအပေါ် ကောင်းချီး ပေးပြန်လေတော့၏။ တကယ်ဆိုလျှင်မူ ကျွန်ပ်တို့မှာ အဘယ်အရာကို လိုအပ်နေ သနည်းဟု ကိုယ့်ကိုကိုယ်ပင် ပြန်လည်မေးမြန်းစီစစ်သင့်ပေတော့သတည်း။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...