Skip to main content

အဟာရပစၥေယာ

အဟာရပစၥေယာ
-----
အာဟာရပစ္စယောဆိုတာ ရုပ်နာမ်နှစ်ရပ်ကို တည်တံ့အောင် ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပါယ်ရပါတယ် ။ များသောအားဖြင့် အာဟာရဆိုလျှင် စားသောက်စရာလို့ လူအသိများကြပါတယ် ။ စားစရာအာဟာရမျှကိုသာ အာဟာရပစ္စည်းလို့ခေါ်တာမဟုတ်ပါဘူး ။ ဆိုင်ရာ ဆိုင်ရာအကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရလို့ ခေါ်ပါတယ်။

စွမ်းဆောင်တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီးစွမ်းဆောင်တာဒါကြောင့်မို့ အာဟာရပစ္စည်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာအကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရပါတယ်။

ဒါကြောင့်အာဟာရပစ္စည်းက ထောက်ပံ့တယ် ကူညီတယ် အထောက်အပံ့ပေတယ် ။ အခိုင်အမာထောက်ထားတယ် ။ ထောက်ပံ့ထားတဲ့အကြောင်းတရားလို့ ဒီလိုမှတ်ရမှာဖြစ်ပါတယ် ။

အာဟာရပစ္စည်းကို ရုပ်အာဟာရနဲ့ နာမ်အဟာရလို့ ဒီလို ၂ မျိုးခွဲထားပါတယ် ။ ရုပ်အာဟာရဆိုတာကတော့ အများသိနေကြတဲ့ အစားအစာမှာ ရှိနေတဲ့ သြဇာဓါတ်ကို ရုပ်အာဟာရလို့ ခေါ်ပါတယ် ။ ရုပ်ဟာ အနည်းဆုံး ၈ ခုတွဲထားတယ် ။ ၈ ခုကို တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ် ။ မဟာဘုတ် ၄ ပါးရယ် အဆင်းရုပ်ရယ် အနံ့ရယ် အရသာရယ် နောက်ပြီးတော့ သြဇာလို့ခေါ်တဲ့ ရုပ်တွေထဲမှာ စိပ့်ဝင်ပြန့်နှံ့ပြီးတော့ တည်နေတဲ့ စွမ်းရည်သတ္တိရှိတဲ့ ရုပ်တစ်မျိုးရယ် ။ အားလုံးပေါင်း ၈ မျိုးကိုစုစည်းပြီးတော့ တစ်ခု အနေနဲ့ ဖွဲ့စည်းထားတာကို ဆိုပါတယ် ။ အဲဒီ့ ၈မျိုးဟာ စကားအရသာ ခွဲခြားလို့ရပေမယ့် သတ္တိအနေတွေနဲ့တော့ ခွဲခြားလို့မရပါဘူးလို့ ဒီလိုဆိုပါတယ် ။

နောက်တစ်ခုက နာမ်အာဟာရ ။ နာမ်အာဟာရဆိုတာ ပထမ ဒုတိယ တတိယ က ဒီနေရာမှာ မနှောဆိုတဲ့ စကားလုံးထည့်ထားတာ စေတနာပါပဲ ။ စိတ်ထဲမှာရှိတဲ့ စွမ်းအားပြည့်တဲ့ စေတနာ ။ ဖဿရယ် စေတနာရယ် ဝိညာဏ်ရယ် ။ ဒီလိုဆိုလိုတာပါ ။ အဲဒီသုံးမျိုးဟာ ကျန်တဲ့ နာမ်တရားတွေရဲ့ စွမ်းဆောင်မှုထက် သူတို့က လွန်ကဲတဲ့ စွမ်းဆောင်မှုရှိတယ်လို့ ဒီလိုဖေါ်ပြပါတယ် ။ သူက စားရတယ်ဆိုတဲ့ အာဟာရမျိုးနဲ့ မဆိုင်ပါဘူး ။ အာဟာရဆိုတာကိုက စွမ်းဆောင်မှုဆိုတဲ့အဓိပ္ပါယ်ကိုပြတာပါ ။ လွန်လွန်ကဲကဲစွမ်းဆောင်နိုင်တဲ့ အကျိုးတရားလို့ ဒီလိုဆိုလိုတာပါ ။

ဒီတော့ ရုပ်တရားတွေရဲ့ အာဟာရက သြဇာ ။ နာမ်တရားတွေရဲ့ အာဟာရကျတော့ ဖဿရယ် စေတနာရယ် ဝိညာဏ်ရယ် ။ အဲဒီ့ ၃ ခုသည် အကျိုးတရားတွေကို လွန်ကဲစွာ စွမ်းဆောင်ထားနိုင်တယ် ။

ထို့ကြောင့် အာဟာရမှာ နှစ်မျိုးရှိတယ် ။ ရုပ်အာဟာရရယ် နာမ်အာဟာရရယ် ။ အဲဒီ့နှစ်မျိုးကိုလည်း ခွဲခြားသိရှိပြီး ဤစာစုအရ အာဟာရအကြောင်းကို ရှေ့ကထက် သိရှိကာ မိမိခန္ဓာကိုဆင်ခြင်ရှုမှတ်ရင်း အကျိုးကျေးဇူးများ ဖြစ်ပွားနိုင်ကြပါစေခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...