စကြာဝဠာအတွင်းမှ ထူးဆန်းသော တွင်းနက်များ
--------
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်လောက်က နက္ခဗေဒပညာရှင်နဲ့ အတူ မွေးဖွားလာခဲ့တဲ့ နက္ခတ္တပညာဟာ ယခုအခါမှာ စကြာဝဠာသမိုင်းအကြောင်း စကြာဝဠာအနာဂတ် စကြာဝဠာအကြောင်းကို စေ့ငှစွာ လေ့လာတဲ့ ကော်စမိုလော်ဂျီ ပညာရပ်အဖြစ် အထူးတိုးတက်လျက်ရှိပါပြီ ။ ယခုအခါမှာ အလွန်ကောင်းမွန်တဲ့ မှန်ပြောင်းကြီးတွေနဲ့ အလွန်ပင်အစွမ်းထက်လှတဲ့ ရေဒီယိုတယ်လီစကုတ်များ တီထွင်အသုံးပြုလာခဲ့တဲ့အတွက် အာကာသအတွင်းက အလွန်နက်ရှိုင်းတဲ့ အထိတိုင် ထိုးဖေါက်မြင်တွေ့နိုင်စွမ်း ရှိလာပါတယ် ။ အဲ့ဒီ့အပြင် အာကာသအတွင်းကို လေ့လာရေးဂြိုလ်တွေ လွှတ်တင်နိုင်လာခဲ့ပြီဖြစ်တဲ့အတွက် အာကာသကြီးဟာ လူသားတွေနဲ့ မစိမ်းတော့တဲ့ အနေအထားထိတိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ။ ထိုသို့ စကြာဝဠာအတွင်း အလွန်ကြီးမားတဲ့ ကြယ်စုကြီးများ ဓါတ်ငွေ့တိမ်တိုက်ကြီးများ ကြယ်စုံတွဲများ နယူထရွန်ကြယ်များ ကွေဆာများ စတဲ့ များစွာအာကာသ သရုပ် ဝတ္ထုပစ္စည်းတွေ အာကာသဟင်းလင်းပြင်ထဲ ပျံ့နှံ့လျက်ရှိတဲ့အထဲမှ အလွန်စိတ်ဝင်စားစရာကောင်းတာကတော့ ထူးဆန်းစွာ ရှိနေတဲ့ အာကာသအတွင်းမှ တွင်းနက်များဖြစ်ပါတယ် ။
အဲ့ဒီ့ တွင်းနက်ဆိုတာ ဘာလဲလို့ သိဖို့ရာအတွက်က ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အခန်းအတွင်းမှာ ဖုန်စုပ်စက်တစ်ခု ကို ခလုတ်ဖွင့်ပြီးထား ထားမယ်ဆိုရင် အဲ့ဖုန်စုပ်စက်ဟာ အခန်းထဲမှာရှိတဲ့ ဖုန်မှုန့်တွေအားလုံးကိုမဟုတ်တာတောင် သူ့အနားမှာ ရှိတဲ့ ဖုန်တွေအားလုံးကို စုပ်ယူနေမှာဖြစ်ပါတယ် ။ တွင်းနက်ဆိုတာလဲ အဲ့သဘောပါပဲ ။ အခန်းကို စကြာဝဠာလို့ မှတ်လိုက်ပြီး ဖုန်စုပ်စက်ကို တွင်းနက်အဖြစ်မြင်လိုက်မယ်ဆိုရင်တော့ အတော်လေး နားလည်ရလွယ်ကူသွားမှာဖြစ်ပါတယ် ။ ဒါကြောင့် သိပ္ပံပညာရှင်များက အဓိပ္ပါယ်ဖွင့်ဆိုရာမှာ " တွင်းနက်ဆိုသည်မှာ အလင်းရောင်ပင် ထွက်ခွါမသွားနိုင်အောင်မြေဆွဲအား ကြီးမားလှသော အာကာသအတွင်းက နေရာတစ်နေရာ ဖြစ်သည် " လို့ ဆိုတယ် ။ ဒါကြောင့်မြေစွဲအား အလွန့်အလွန်ကြီးမားတဲ့ အာကာသဟင်းလင်းပြင်ကြီးထဲမှာ နေရာ တစ်နေရာဖြစ်တယ်လို့ နားလည်နိုင်မှာဖြစ်တယ် ။
အလင်းရောင်ပင် ထွက်ခွာမနိုင်အောင် မြေစွဲအားပြင်းထန်တယ်လို့ ဆိုတဲ့အတွက် အဲ့ဒါကိုနားလည်အောင် ပြောရရင် မြေစွဲအား လွတ်မြောက်မှု အလျင်ကို သိဖို့လိုပါတယ် ။ လွတ်မြောက်အလျင်ကို နားလည်ဖို့အတွက်မှာ ကမ္ဘာမြေပြင်အထက်အမြင့်တစ်နေရာမှာ အမြှောက်တစ်လက်ရှိတယ်ဆိုပါစို့ ။ အဲ့ဒီ့အမြှောက်မှ အမြှောက်ကျ ည်ဆံတစ်ခုကို ပစ်လွှတ်လိုက်မယ်ဆိုရင် အဲ့ဒီ့ အမြှောက်ကို နယူတန်ရဲ့ အမြှောက်လို့ သိလိုက်ပါ ။ ပထမဦးစွာ အမြောက်ကျ ည်ဆံတစ်ခု ပစ်လွှတ်လိုက်တယ် ။ အဲ့ဒီ့အမြောက်ဟာ ကမ္ဘာမြေပေါ်တစ်နေရာကို ကျပေလိမ့်မယ် ။ တဖန် မူလ အလျင်ထက် ပိုမို မြှင့်ပြီးပစ်လိုက်မယ်ဆိုရင် မူလ အမြောက်ဆံကျသည့်နေရာထက် ပိုမိုဝေးကွာတဲ့ နေရာမှာ ကျပေလိမ့်မယ် ။ အဲ့ဒီ့အတိုင်း တစ်ဆ တစ်ဆ နဲ့ တိုးမြှင့် ပစ်လိုက်မယ်ဆိုရင် အဲ့ဒီ့ အမြောက်ဆံဟာ ကမ္ဘာမြေပေါ်ကို မကျတော့ပဲ ကမ္ဘာကို လှည့်ပတ်နေတော့မှာဖြစ်ပါတယ် ။ အခုခေတ် ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းထဲ ရောက်သွားသလိုပေါ့ ။ အဲ့ဒါကို ဆိုပါတယ် ။ တစ်ဖန် အဲ့ဒီ့ အလျင်ထက် မြင့်မားတဲ့ အလျင်ကို ပစ်လွှတ်လိုက်မယ်ဆိုရင် တစ်နာရီ မိုင်ပေါင်း ၂၅၀၀၀ miles/hr ဆိုပါတော့ ။ အဲ့ဒီ့အခါ ကမ္ဘာ့ဆွဲငင်အားကိုလွန်ဆန်ပြီး မြေကမ္ဘာကို ပတ်မနေတော့ပဲ ဟင်းလင်းပြင်ထဲကို တစ်တစ်မတ်တည်းအလျင်နဲ့ ထွက်ခွာရွေ့လျားသွားတော့မှာဖြစ်ပါတယ် ။ ယင်းသည်ပင် လွတ်မြောက်မှု အလျင်ဖြစ်တယ်။
အဲ့ဒါကို သဘောပေါက်ပြီဆိုရင် တွင်းနက်သဘာဝကို ကိုမိုသဘောပေါက်နိုင်မှာဖြစ်ပါတယ် ။ တွင်းနက်တစ်ခုရဲ့ ဒြပ်ထုမှာ အလွန့်အလွန် ကြီးမားလှသလို အဲ့ဒီ့တွင်းနက်မှ စွဲငင်တဲ့ ဒြပ်အားမှာလဲ အလွန့်အလွန်ကြီးမားပါတယ် ။ ထိုအခါ အရာဝတ္ထုတစ်ခုဟာ ရုန်းထွက်ပြီး အာကာသ ဟင်းလင်းပြင်ထဲကို ထွက်ခွါသွားနိုင်တဲ့ လွတ်မြောက်မှုအလျင်ဟာလဲ အလွန်ပြင်းထန်မှာဖြစ်တယ် ။ အာကာသဟင်းလင်းပြင်အတွင်းမှာ " အလင်းပင်မ " တို့က ထွက်ပေါ်လာတဲ့ အလင်းတန်းတွေဟာ တွင်းနက်တစ်ခုပေါ်ကို ကျရောက်လာတယ်
အဲ့ဒီ့အခါ အလင်းပြန်မှုဖြစ်လာပြီး အလင်းတန်းရဲ့အလျင်ဟာ 186000 miles/s ဖြစ်တယ်ဆိုရင်တောင် တွင်းနက်ရဲ့စွဲငင်အားဟာ ပိုမို များပြားလှပါတယ် ။ အဲ့ဒီ့အခါ ပြန်လင်းတန်းသည်အာကာသအတွင်းသို့ ထွက်မလာတော့ပဲ တွင်းနက်ပေါ်သို့တာ ပြန်လည်ကျရောက်သွားတော့ပါတယ်။ အဲ့ဒါကြောင့် သိပ္ပံပညာရှင်တို့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာက " အလင်းရောင်ပင် ထွက်ခွါမသွားနိုင်အောင် ဆွဲအားကြီးသောနေရာ " လို့ ခေါ်ကြပါတယ် ။
တွင်းနက်တစ်ခု စတင်ဖြစ်ပေါ်လာပုံကတော့ ကြယ်တစ်လုံးရဲ့ နိဂုံးလို့ ဒီလိုဆိုပါတယ် ။ ဒါပေမယ့် ကြယ်တစ်လုံးနိဂုံးတိုင်း တွင်းနက်တစ်ခု ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး
။ ကျွန်တော်တို့ "နေ" ထက် 3 ဆမှ အထက် အလေးချိန်စီးတဲ့ ကြယ်ကြီးများ ပျက်သုဉ်းတဲ့အခါမှ တွင်းနက်တစ်ခု ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ် ။ ကြယ်တစ်လုံးရဲ့ ဘဝ အစဉ်မှာ အားပြိုင်မှုတစ်ခု အမြဲတမ်း ဖြစ်ပေါ်နေပါတယ် ။ အဲ့ဒါဟာ ကြယ်တစ်လုံးသည် ဟိုက်ဒရိုဂျင် လောင်ဆာများကို နယူကလိယပ် ပေါင်းစီးခြင်းစနစ်နဲ့ လောင်ကျွမ်းပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်အတွင်းကို အလင်းရောင်နှင့် စွမ်းအင်များ တွန်းထုတ်နေတာပဲ ဖြစ်ပါတယ် ။ တစ်ချိန်တည်းမှာပဲ ကြယ်မှာတည်ရှိနေတဲ့ ဒြပ်ဆွဲအားဟာ ယင်းကြယ်ကို အတွင်းဘက်ကို ကျုံ့ဝင်အောင် အားသက်ရောက်လျက်ရှိနေပါတယ် ။ အဲ့ဒီ့အားနှစ်ခု မျှခြေရှိမှသာ ကြယ်တစ်လုံးဟာ တည်ငြိမ်စွာ တောက်လောင်နေမှာဖြစ်ပါတယ် ။
ဒါပေမယ့် ကြယ်တစ်လုံး အိုမင်းလာတဲ့အခါ လောင်ဆာ ပမာဏ မှာလဲ လျှော့ကျလာတယ် ။ အဲ့ဒီ့အခါ အပြင်ဘက်ကို တွန်းထုတ်နေတဲ့အားတွေက တစ်စ တစ်စ လျော့ကျလာပြီး ဒြပ်ဆွဲအားသည်သာ ပိုမို အားကြီးလာပါတယ် ။ နောက်ဆုံးတော့ ဒြပ်ဆွဲအားကြောင့် ကြယ်ရဲ့ ဒြပ်ထုဟာ တဖြေးဖြေး သေးငယ်လာရပြီး သိပ့်သည်းမှုတိုင်းတာလို့မရတဲ့အထိရှိလာကာ တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ရပါတော့တယ် ။ အဲ့ဒါကြောင့် နေထက် သုံးဆမှအထက် ကြီးသော ကြယ်ဘီလူးကြီးများ နိဂုံးချုပ်ပုံဟာ တွင်းနက်တစ်ခု ဖြစ်လာရပါတော့တယ်။ တစ်ချို့တွေကတော့ ၄င်းတွင်းနက်ဟာ အရာဝတ္ထုအားလုံးကို စုပ်ယူနိုင်တာပင်မကပဲအလွန်ပဟေဠိဆန်တဲ့ အချိန်ယန္တရားကို ရပ်တန့်နိုင်တယ်လို့လဲ ယူဆနေကြသူများရှိပါတယ် ။ ဒါ့အပြင် စကြာဝဠာ တစ်ခုမှ တစ်ခုကို သွားတဲ့ လမ်းကြောင်းလို့လဲ ယူဆသူတွေ များစွာရှိကြပြီး အာကာသအတွင်းမှာ ရှိနေကြတဲ့ တွင်းနက်ကြီးများအပြင် တွင်းဖြူကြီးများလဲ တည်ရှိကြကာ အဲ့ဒီ့ တွင်းဖြူကြီးနဲ့ တွင်းနက်တို့ ဆက်စပ်ကာ အာကာသ ရုပ်ဝတ္ထုအသစ်များ မွေးဖွားပေးလျက်ရှိကြပါတယ်လို့လဲ ယူဆနေကြသူတွေဟာ များစွာပဲ ရှိနေကြပါတယ် ။ သို့သော် ယခုအခါထိတိုင်အောင် မည်သည့်အရာကိုမှ အတိအကျ မဖေါ်ထုတ်နိုင်သေးပါ ။
#htoohtoolay

Comments
Post a Comment