မကြောက်ပါနဲ့
----
ဒီ ဒွါရ ခြောက်ပါး ။ အာရုံခြောက်ပါး ။ ဝိညာဏ် ခြောက်ပါး ။ ဝေဒနာ ခြောက်ပါး ။ ဖဿ ခြောက်ပါး ။
#htoohtoolay
myothetzaw23.blogspot.com
-----
မကြောက်ပါနဲ့
----
ဒွါရ ခြောက်ပါး ။ အာရုံခြောက်ပါး ။ ဝိညာဏ် ခြောက်ပါး ။ ဖဿခြောက်ပါး ။ ဝေဒနာ ခြောက်ပါး ။ ဒါပါပဲ ။ ပိဋကတ် သုံးပုံကို အတိုချုပ်လိုက်ရင် ဒါပဲ ဖြစ်ပါတယ် ။
ဒွါရ ခြောက်ပါးကိုရှု ။ ဝေဒနာ ခြောက်ပါးကို ရှု ။ အာရုံခြောက်ပါးကိုရှု ။ ဝိညာဏ်ခြောက်ပါးကိုရှု ။ ဖဿ ခြောက်ပါးကိုရှု ။ တစ်ဒွါရ ဖြစ်တိုင်း တစ်ဒွါရမှာ ငါးခုရှိတယ်။ ငါးခြောက်လီ သုံးဆယ် ။ ဒါပါပဲ ။ အဲ့လိုရှုရင်အရဟတ္တဖိုလ်ကို ရောက်မယ် နိဗ္ဗာန်ပေါက်မယ် ။ အဲဲ့ဒါလောက်ပါပဲ ။ တိုတိုလေးရယ် ။
အဲ့ဒါလေးကို ဟောဖို့ မြတ်စွာဘုရာဟာ အတိုလေးဟောလို့ ဖြစ်ပါတယ် ။ ဒါပေမယ့် အလွန်မျာပြားစွာ သုတ်တွေ အများချည်း ဟောကြားခဲ့တယ် ။ အားလုံးချုပ်လိုက်ရင် ဒါပဲ ရတယ် ။ ဒါဆို ဘာကြောင့် အဲ့လို အကျယ်တွေ ဟောရတာလဲလို့ မေးစရာရှိပါတယ်။ ဒါလဲ သဘာဝကျပါတယ် ။ ဘာကြောင့်တုန်းဆိုတော့ မြတ်စွာဘုရားဟာ သတ္တဝါတွေအပေါ် မေတ္တာတရား အင်မတန် ကြီးမားတဲ့အတွက် အတိုလေးဟောလို့ နိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့ အရိယာတွေ ရှိသလို အကျယ်ဟောမှ သိမြင်နိုင်တဲ့ သတ္တဝါတွေဟာ ပိုမို များပြားနေပါတယ်။
ဒါကြောင့် မြတ်စွာဘုရားဟာ နည်းအမျိုးမျိုးနဲ့ ဒေသနာ တရားတော်တွေကို ဟောကြားခဲ့ပါတယ်။ အားလုံးကို လေ့လာဆင်ခြင် ရှုမှတ်ကြည့်ပါ ။ ဒါပဲ ရပါတယ် ။ အဲ့ဒါလေးဟာ အင်မတန် တိုပြီး အင်မတန် ကျယ်ပြန့်နက်နဲကာ သိမ်မွေ့တဲ့ တရားဖြစ်တယ် ။ ပညာရှိတို့တာ မြင်နိုင်ပါတယ် ။
ဒီ ဒွါရ ခြောက်ပါး ။ အာရုံခြောက်ပါး ။ ဝိညာဏ် ခြောက်ပါး ။ ဝေဒနာ ခြောက်ပါး ။ ဖဿ ခြောက်ပါး ။
အဲ့ဒါလေးကို ရှုရုံလေးပါလားလို့ အထင်လဲ မသေးနဲ့ ။ အလွန်လဲ မကြောက်နဲ့ ။
တရားက ကြောက်စရာမဟုတ်သလို အထင်သေးစရာလဲ အချက်တစ်ခုမှ မရှိဘူး ။ အင်မတန် သိမ်မွေ့ နက်နဲ ပေါ်ထင် ကျယ်ပြန့်တဲ့ တရားပဲဖြစ်ပါတယ် ။ ဒါလောက်ပါပဲ ။
ဒါကြောင့် တရားဆိုတာနဲ့ အရိယာတွေ ကိစ္စပါပဲ ။ ငါတော့ လိုက်လို့ မရပါဘူးလို့ ကြောက်စရာ ရွံ့စရာ မရှိပါဘူး ။ တရားရှုဖို့ မကြောက်ပါနဲ့ ။ မခက်ပါဘူး ။ ဒါလောက်လေးပဲ ဆင်ခြင်ရှုမှတ်ရင် အရဟတ္တဖိုလ် ရောက်ပါတယ် ။ နိဗ္ဗာန် မျက်မှောက်ပြုပါတယ်။ နောက်ဆုံး အဆင့်အနေနဲ့တောင် သောတပန်ဖြစ်ပါတယ် ။ ငါ ကံမကောင်းလို့ ညာဏ်မထက်တာ ။ ငါနဲ့ တရားနဲ့ မအပ်စက်ပါဘူး ။ ငါ့ညာဏ်နဲ့ ငါ့ ပါရမီနဲ့ မဖြစ်နိုင်ပါဘူးလို့ ဒီလိုမထင်နဲ့ ။ သင် သိပ့်ကံကောင်းလို့ ဒီသာသနာမှာ လူဖြစ်လာရတာပါ ။ ဒါလောက်လေးတော့ သင် သိသင့်ပါတယ်မိတ်ဆွေ ။
Comments
Post a Comment